Sunday, June 9, 2019

မယ်ခွေရဲ့ နောက်ဆက်တွဲများ

ခုမယ်ခွေ အလှည့်ရောက် လာပါပြီ။ မယ်ခွေရဲ့ ‘ လက် ဆောင်’ ကဗျာကိစ္စ ဆွေးနွေးကြ တော့ ကိုယ့်မှာလည်း အများနည်း တူ ပြောချင်တာတွေ၊  ခံစားမိ တာလေးတွေကို ရင်ဖွင့်ချင်လာ တယ်။ ပထမဦးဆုံး ဆိုရှယ်မီဒီ ယာပေါ်မှာ သတိထားမိလိုက်တာ  ဆရာသစ္စာနီရဲ့ ရင်ဖွင့်စကား။ ကိုယ်က အမှုမဲ့၊အမှတ်မဲ့နေတတ် တော့ ဒီကဗျာကိစ္စ ဘာဖြစ်ပါလိမ့် ပေါ့။ သေချာမသိဘူး။ ဖေ့စ် ဘွတ်ခ်စာတွေက သူတို့နောက် တကောက်ကောက်လိုက်ရင် အ ချိန်တွေကုန်လွန်းလို့ run through  ခပ်မြန်မြန်လေးပဲ ဖတ် ဖြစ်တယ်။ ဆရာသစ္စာနီ ပို့စ်ရောက်တော့ မနေနိုင်တော့ဘူး။
  ဆက်စပ် ဖတ်ကြည့်လိုက်တော့ ရှေးမြန်မာကဗျာတစ်ပုဒ်ဖြစ်တဲ့  မယ်ခွေရဲ့ ‘လက်ဆောင်’ကဗျာကို အဋ္ဌမတန်းပြဋ္ဌာန်းစာအုပ်ထဲက  ဖြုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ဖြစ်နေတယ်။ ဒီကိစ္စထောက်ခံတဲ့ဆရာဝန်တစ်ဦးက ကလေးသူငယ်တွေ အကျင့်ပျက်မှာစိုးလို့ ဒီကဗျာလေး ဖယ်ရှားပေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာ  ခုတော့ အောင်မြင်ပြီဖြစ်ကြောင်း  ဝမ်းသာအားရ  ဂုဏ်ယူရေးထား တာတွေ့ရတယ်။
 အကြောင်းအရာကတော့ အဲဒါပါပဲ။ မြန်မာကဗျာကိုချစ်တဲ့ သူ၊ မြန်မာကဗျာကိုရင်ဘတ်နဲ့ ခံစားသူ၊ မြန်မာစာပေအနုပညာ ကို ချစ်မြတ်နိုးကြသူတွေအနေနဲ့ ဒီကိစ္စဟာ အင်မတန်မှားယွင်းတဲ့ ဆုံးဖြတ်ချက်၊ အလွန်ဝမ်းနည်းစ ရာကောင်းတဲ့လုပ်ရပ်၊တစ်ဆက် တည်း မြန်မာ့ပညာရေးစနစ်ကို ပါမေးခွန်းထုတ်လာကြတယ်။ဒီ ကဗျာကို ပြဋ္ဌာန်းစာအုပ်ကပယ် ဖျက်ဖို့ ဘယ်သူတွေက လုပ် ဆောင်ခဲ့ကြတာလဲ။ ဘယ်လိုအ တွေးအခေါ်၊ ဦးနှောက်တွေနဲ့စဉ်း စားခဲ့ကြတာလဲ။ ဒီဖြစ်စဉ်မှာ ဖြုတ်ပယ်ရခြင်း အကြောင်းက ‘ဆေးလိပ်’ အန္တရာယ်ကို ကျောင်းေ နရွယ် ကလေးသူငယ်တွေ အ တုခိုးမှားစေနိုင်တဲ့ ရည်ရွယ်ချက် လို့ သိရတယ်။ ဒီနေရာမှာ မေး စရာမေးခွန်းတွေ ရှိလာတယ်။ ခင်ဗျားတို့ ဆေးရွက်ကြီးဥပဒေ ကို အတည်ပြုပြဋ္ဌာန်းခဲ့တာ ငါး နှစ်ကျော်ပြီ။ အဲဒီ ဥပဒေအတိုင်း လိုက်နာမှုကော ရှိကြရဲ့လား။ ကျောင်းအနီးဝန်းကျင်မှာ ဆေး လိပ်မရောင်းရ၊ အသက်(၁၈) နှစ်အောက်ကိုဆေးလိပ်မရောင်း ရ၊ ဆေးလိပ်၊ ဆေးရွက်ကြီးကို မကြော်ငြာရ..စသည်ဖြင့်ပြဋ္ဌာန်း ခဲ့တဲ့ ဆေးရွက်ကြီးဥပဒေကိုအခု  ဘယ်သူတွေ လိုက်နာနေကြလို့ လဲ။ မြန်မာပြည် ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့အရပ် လက်ညှိုးထိုး မလွဲ ဆေးလိပ်ဆိုင်တွေရှိတယ်။  အလွယ်တကူ ဝယ်လို့ရတယ်။  ဘာအကန့်အသတ်မှ မရှိဘူး။ ဘယ်သူကို မရောင်းဘူးဆိုတာ မရှိဘူး။ g&gတို့၊ City Express တို့၊ 1Stop Mart  တို့သွား ကြည့်လိုက်။ ကောင်တာရှေ့မှာ ဆေးလိပ်နဲ့ အရက်မျိုးစုံ ပြူးခနဲ တွေ့ရမယ်။ သူများနိုင်ငံတွေက Seven Eleven ဆိုင်တွေမှာဆို ဆေးလိပ်တို့၊ အရက်တို့ဆိုချောင် ထဲမှာ လူမမြင်အောင်ထားပြီး ရောင်းကြရတာ၊ အခွန်တွေတိုး ထားလို့၊ သူတို့ဆီမှာဆေးလိပ်တို့၊ အရက်တို့က အင်မတန်ဈေးကြီး တယ်။ မြန်မာပြည်မှာလိုဖောခြင်း သောခြင်း ဖြန့်ခင်းရောင်းလို့လည်း မရဘူး။ သူတို့ဥပဒေက တင်း ကျပ်သလို လိုက်နာမှုရှိတယ်။ Rule of Law ပေါ့။ ခု မြန်မာ ပြည်မှာက ဆရာသစ္စာနီပြောသ လို ကျောင်းထဲမှာတောင်ဆေးပြား တွေရနေတဲ့ အခြေအနေ။ ဥပဒေ တွေရှိပေမယ့် တားဆီးမယ့်သူ မရှိ၊ လိုက်နာမယ့်သူမရှိ။ ဆေး လိပ်အကြောင်းဆက်ရရင်ပြဋ္ဌာန်း စာအုပ်မှာပါတဲ့ ဆေးလိပ်အ ကြောင်းကဗျာဟာ ကလေးသူ ငယ်တွေ အတုယူမှားစေနိုင်တဲ့အ တွက်လို့ဆိုတယ်။ ရုတ်တရက် ကြည့်ရင် မှန်တယ်လို့ ထင်ရပေ မယ့် ဒီကဗျာကြောင့် ကလေးသူ ငယ်တွေကို လမ်းလွဲရောက်စရာ အကြောင်းဘာမှမရှိဘူး။ ခုတ်ရာ တခြား၊ ရှရာတလွဲဖြစ်နေတယ်။

 ပညာရေးရှုထောင့်၊ စာပေအနုပညာရှုထောင့်၊ ခံစား မှုအနုပညာနဲ့ ယဉ်ကျေးမှုရှု ထောင့်ကကြည့်ရင် အင်မတန် သိမ်မွေ့လှပတဲ့ရှေးမြန်မာကဗျာ တစ်ပုဒ်ကို ပြဋ္ဌာန်းထဲက ထုတ် ပယ်ပစ်လိုက်တာကတော့ အင်မ တန် နှမြောစရာကောင်းလှသလို  မြန်မာ့ပညာရေးစနစ်ရဲ့ အနေ အထားကိုလည်း မေးခွန်းထုတ် စရာဖြစ်လာတယ်။ ဒီတန်ဖိုးကို  ကျောင်းသုံးစာအုပ်ပြဋ္ဌာန်းကြသူ တွေ မသိတာလား၊ နားမလည် တာလား။

*****

မနေနိုင်လို့ ရေးတဲ့စာ

*****

လက်ဆောင်

မဝယ်ဘူး

မယ်ခူးတဲ့ ဖက်စို။

မီးမကူ နေပူမှာ မကင်အားလို့

ထားရတယ် အိပ်ရာအောက်မှာ

မင်းသောက်ဖို့ကို။

ညှာအနား

ရှေ့သွားနဲ့ ကိုက်လို့တို

မချိုတောင့် လိပ်ဆေး။

ပိုးမကူ ဝါချည်ဖြူ

တစ်ပင်ရစ်ကယ်နှင့်

ငယ်ချစ်မောင် ရွှေဝသွားကို

ပါးလိုက်ကဲ့လေး။

(မယ်ခွေ)

ဒီကဗျာကို ကျောင်း သားလေးတွေ ဆေးလိပ်သောက် ဖို့အားပေးလမ်းညွှန်သလိုဖြစ်နေလို့ ပြဋ္ဌာန်းစာအုပ်ကနေဖြုတ် တယ်လို့ဆိုတယ်။ အရက်မူးနေ တာ၊ ဆေးပြားစွဲနေတာတွေစ သည်မပြောတော့ပါ။ ရွှေဉာဏ် တော်စူးရောက်သူ လူကြီးမင်း များကိုသာ လေးစားမိပါရဲ့။

ဒီကဗျာကို ကျွန်တော်တို့အရွယ်တွေလည်း သင်ကြား နာယူခဲ့ပါတယ်။ ကဗျာအမည်-လက်ဆောင်၊ ကဗျာရေးသူ-မယ် ခွေ။ ငယ်ရွယ်စဉ်ကျောင်းသား ဘဝမှာ ကဗျာရော၊ ခက်ဆစ် ရော၊ ကဗျာစကားပြေရောသင် ကြရတာပါပဲ။ ဘယ်မိန်းကလေးမှ ဒီကဗျာသင်ရလို့  ဆေးလိပ် သောက်တတ်သွားကြတယ် မကြားဖူးပါ၊ သူတို့ချစ်သူကို ဆေး လိပ်လက်ဆောင်ပေးကြတယ်လို့ မကြားဖူးပါ။

မယ်ခွေဟာ ဒုတိယ ကုန်းဘောင်ခတ်မှာပေါ်ပေါက်ခဲ့တဲ့ အမျိုးသမီးစာဆိုဖြစ်ပါတယ်။ ရတနာသိင်္ဃမြို့နေ စစ်တောင်း ဝန်ကြီးရဲ့သမီး၊ အမွေဝန်မောင် စွက်ရဲ့မယားဖြစ်တယ်။ အမွေဝန်ကတော်လို့လည်း ခေါ်ကြပါတယ်။ မယ်ကေ၊ မယ်ခွေ ညီအစ်မနှစ်ယောက်ဟာ ဘိုးတော်ဘုရားလက်ထက်မှာ  အလွန်ကျော်စော ပါတယ်။ မယ်ခွေက ညီမပါ။ မယ်ခွေဟာ အဲချင်းအဖွဲ့ထင်ရှားသလို ငိုချင်းအဖွဲ့တွေလည်း အ များအပြား ကျော်စောပါတယ်။

 လက်ဆောင်ကဗျာ မှာ ရှေးမြန်မာတို့ရဲ့ ချစ်ခြင်းပုံ ရိပ်နဲ့ ဘဝပုံရိပ်ဆိုပြီးနှစ်မျိုးပါဝင်ပါတယ်။ ပြီးတော့ ခေတ်ရဲ့လူမှု နေထိုင်မှုပုံစံကို ပြဆိုပါတယ်။ မိန်းမပျိုလေး တစ်ယောက်က တော်တန်ရုံ ချစ်ခြင်းမေတ္တာနဲ့  ဆေးလိပ်လိပ်ဖို့လုပ်ငန်းစဉ် အစ၊အဆုံးလုပ်ပြီး လက်ဆောင်ပေး မည် မထင်ပါ။ ခက်ခဲပြီးစိတ်ရှည် ရတဲ့ သနပ်ဖက်ဆေးလိပ်ကောင်း တစ်လိပ်ရဖို့ အချိန်ယူရသလို စိတ်ရှည်ရပါတယ်။

 အသက်(၉၆)နှစ်မှာ ကွယ်လွန်သွားတဲ့ ကျွန်တော့်အ ဘွားဟာ ဆေးလိပ်ကိုကိုယ်တိုင် လိပ်ပြီးမှ သောက်ပါတယ်။သနပ် ပင်က သနပ်ဖက်ကိုခူးပြီး ပွက် ပွက်ဆူနေတဲ့ ရေနွေးဒန်အိုးဖုံးပေါ် သနပ်ဖက်အစိမ်းကို တင်ပါ တယ်။ ညှိုးသွားချိန်မှာ မီးကင်ပါ တယ်။ ဒါမှမဟုတ် နေလှန်းပါ တယ်။ အနေတော်ခြောက်သွေ့ တဲ့ သနပ်ဖက်ကိုမှ ဆေးလိပ်လိပ် ရာမှာသုံးပါတယ်။ တချို့သနပ် ဖက်အစိမ်းတွေကိုတော့ အိပ်ရာ ဖျာအောက်မှာခင်းပြီး အခြောက် ခံတာ မြင်ဖူးပါတယ်။ ဥနှဲသား ကိုတောက်တောက်စင်း၊ နေ လှန်း၊ ခြောက်သွေ့ပြီဆိုမှ ဆေး ရွက်ကြီးအချို့ကို နယ်ခြေပြီး ရော နှောပါတယ်။ ဘာမှထပ်ထည့် စရာ မလိုဘဲ ချိုပါသတဲ့။ ဆေး လိပ်လိပ်တိုင်း အဘွားပြောနေကျ စကားတစ်ခွန်းကတော့ နင်တို့ အဘိုးက ငါလိပ်ပေးတဲ့ဆေးလိပ် မှ သဘောကျတာတဲ့။ အဲဒီအချိန် မှာ အဘိုးက ကွယ်လွန်ခဲ့တာကြာ ပါပြီ။ ဆေးလိပ်နဲ့ပတ်သက်တဲ့ ချစ်ခြင်းမေတ္တာကိုတော့ ချန်ထား ခဲ့ပါတယ်။

ရှေးခေတ်က မြန်မာ တို့ရဲ့ ဘဝရပ်တည်ဖို့ရုန်းကန်ရမှုဟာခက်ခဲပါတယ်။ ရွှေမြို့တော် နေ လူတန်းစားမဟုတ်ရင် ဆင်းရဲ တာများတာပါပဲ။ တောင်သူလယ် လုပ်ဓားမခုတ်အနေနဲ့ ထမင်း တစ်နပ်စားရဖို့တောင် ခက်ခက် ခဲခဲ ရုန်းကန်ကြရတာပါ။ ကဗျာ ထဲက ‘မီးမကူ နေပူမှာ မကင်အား လို့’ ဆိုတဲ့အဖွဲ့အနွဲ့ဟာ မယ်ခွေ အားလို့ ထည့်စပ်ထားတာမဟုတ် ပါ။ ဘဝရပ်တည်မှုအတွက်မအား လပ်နိုင်အောင် အလုပ်လုပ်ကြ ရတယ် ဆိုတာကို  ပြနေတာဖြစ်ပါ တယ်။ မကင်အားကို မကင်ရက်၊ မလုပ်ရက်လို့လည်း ဆရာတွေက အဓိပ္ပာယ်ဖွင့်ဆိုကြတာလည်း မှတ်သားဖူးပါတယ်။ ထားကြ ပါစို့။

  နှစ်ပေါင်းရာချီအောင် ချစ်စဖွယ်တည်ရှိခဲ့တဲ့ အနုပညာ လက်ရာ ကဗျာတစ်ပုဒ်ကို ဆေး လိပ်တွန်းအားပေးကဗျာလို့ သတ် မှတ်လိုက်တာကိုတော့ ဘယ်လိုမှ နားမလည်နိုင်ပါ။ ‘တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး၊ ကွမ်းသီး တောင်ငူနဲ့၊ ကိုင်းထုံးဖြူပြည်ရှား၊ သာဝါးလို့ထွေး’ဆိုတဲ့ ဦးမင်း လည်း အိမ်ပြန်အိပ်နေရတော့ မလို ဖြစ်နေပါတယ်။

ဆေးတံတိုတညှို​လောက်

ရော့​သောက်​​တော့​ပေး။

မယူလိုက်​က မိုက်​လို့ထင်

ယူလိုက်​ပြန်​က ကြိုက်​လို့ထင်

သောက်​​စေချင်

ခုတင်​တွင်​ ​ထောင်​ခဲ့ကွဲ့

ညိုနွဲ့ရဲ့​လေး။

ဆေးတံတို/မယ်​​ခွေ

 ဒီကဗျာဆိုလည်းဆေးလိပ် အားပေးကဗျာလို့ ရွှေဉာဏ် တော် စူးရောက်ကြဦးမလား မပြောနိုင်ပါ။

  ကဗျာဟာအဆင့်မြင့်အနု ပညာပစ္စည်းပါ။ နှစ်ပေါင်းရာချီ ဖြတ်ကျော်ခဲ့ပြီးတဲ့ ကဗျာတွေ ဟာ အနုပညာအရည်အသွေးအ

ပြည့်ရှိနေလို့ပဲ ဖြစ်ပါတယ်။ ကဗျာထဲက ရသအမြင်၊ ဘဝအ

မြင်ကို ရအာင်မစုပ်ယူနိုင်ဘဲ၊ပြန်

လည်မမျှဝေနိုင်ဘဲ ကိုယ်လိုရာ ကိုသာ ဆွဲတွေးပြီး ဖြုတ်ထုတ် သတ် လုပ်နေကြမယ်ဆိုရင် တော့ရသမပါတဲ့ ပြဋ္ဌာန်းစာအုပ် တွေပဲ ဖြစ်လာပါလိမ့်မယ်။ ရသ ခံစားမှုနဲ့ ဝေးကွာစေခြင်းဟာ စိတ်ယဉ်ကျေးမှုကို ဆွဲချခြင်းသာ

ဖြစ်ပြီး ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးရဲ့ စာပေအမွေအနှစ်ကို အဓိပ္ပာယ် တလွဲလုပ်ဆောင်ခြင်းဟာလည်း ရှေးစာဆိုတွေကို သေးငေါ့ပန်းသလိုပဲလို့ခံစားရပါတယ်။ မြန်မာ စာ၊ မြန်မာကဗျာအန္တရာယ်ကင်း ပါစေ။    ။

လေးစားစွာ

မောင်နိုင်လင်း(ကောလင်း)

၆ မေ ၂၀၁၉

******

‘လက်ဆောင်’ကဗျာ ပြဋ္ဌာန်းစာအုပ်ထဲက ဖြုတ်ပယ်မှု နဲ့ပတ်သက်ပြီး ကဗျာဆရာတစ် ဦးရဲ့ခံစားချက်ပါ။ ဒီ ခံစားမှုမျိုး စာပေအနုပညာနဲ့ ယဉ်ကျေးမှုကို တန်ဖိုးထားသူတိုင်း ခံစားမိကြမှာ ပါ။ ဆေးလိပ်ကို ကျန်းမာရေး ရှုထောင့်အရ ပြဋ္ဌာန်းစာအုပ်ထဲ က ဖြုတ်ပယ်တယ်ဆိုတဲ့ ခပ်ပါး ပါးအတွေးအမြင်ထက် စာပေ တန်ဖိုး၊ အနုပညာတန်ဖိုး၊ ယဉ် ကျေးမှုတန်ဖိုးက ပိုပြီးအရေးကြီး တယ်ဆိုတာ သတိမူမိစေဖို့ပါ။

ကုန်းဘောင်ခေတ်မှာ ပေါ်လာတဲ့ ဒီကဗျာမှာချစ်စရာ ကောင်းတဲ့ လေးချိုးအသံတွေ ပါနေတယ်။ ဒီခေတ်ကလေးတွေ ဒါကို မသိနိုင်ဘူး။ သိတဲ့ ဆရာ တွေက သံနေသံထားအမှန်နဲ့ရွတ် ဆိုရင် အင်မတန်နာပျော်ဖွယ် ကောင်းပါတယ်။ ဒီကဗျာမှာ မြန် မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ပါနေတယ်။ ရှေး(ကုန်းဘောင် ခေတ်) မြန်မာလူမျိုးတွေရဲ့ဓလေ့၊ လူနေမှုဘဝ၊ အသုံးအဆောင်၊ အပြုအမူတွေကို မြင်နိုင်တယ်။ သာမန်အားဖြင့် ဆေးလိပ်အ ကြောင်း ဖွဲ့တယ်ဆိုပေမယ့် ဒီ ကဗျာရဲ့ သိမ်မွေ့မှုမှာ ချစ်ခြင်း မေတ္တာ၊ သစ္စာတရားနဲ့ ရိုးသားမှု တွေ တွေ့ရမယ်။

ဆေးလိပ်အကြောင်း ပြောတော့ လွန်ခဲ့တဲ့ ရာစုနှစ်တစ် ခုလုံး၊ (၂၀)ရာစု နှောင်းပိုင်းအထိ တစ်ကမ္ဘာလုံးက ဆေးလိပ်ကို  နေ့စဉ် အသုံးအဆောင်တစ်ခုအ ဖြစ် သုံးစွဲခဲ့ကြတာ၊ ယဉ်ကျေးမှု တစ်ခုဖြစ်ခဲ့တာကိုလည်း မေ့ထား လို့ မရပါဘူး။ ရှေးကုန်းဘောင် ခေတ်နှောင်း ဓာတ်ပုံအဟောင်း တွေ ကြည့်လိုက်ပါ။ မြန်မာအ မျိုးသမီး၊ အမျိုးသားတွေနဲ့ ဆေး လိပ်ဟာ ခွဲလို့မရအောင် တွေ့ရ မယ်။ ပြောင်းဖူးဖက်ဆေးလိပ်ကြီး ကို ဟန်ပါပါခဲထားတဲ့၊ ကိုင်ထား တဲ့ ရှေးမြန်မာအမျိုးသမီး၊ အမျိုး သားတွေရဲ့ ဓာတ်ပုံတွေကမြန်မာ့ ယဉ်ကျေးမှု သင်္ကေတတွေပဲ။ ဗြိတိသျှကိုလိုနီခေတ်ဦးပိုင်းက မြန်မာပြည်ရောက်လာခဲ့တဲ့ အင်္ဂ လိပ်ကဗျာဆရာကြီး ကစ်ပလင်း ကလည်း ဆေးလိပ်သောက်တဲ့ မြန်မာမလေးအကြောင်းကို တ ခုတ်တရဖွဲ့ဆိုခဲ့တာပဲ။ ဗိုလ်ချုပ် အောင်ဆန်းတို့၊ ဦးနုတို့ လက်ထဲ မှာလည်း ဆေးလိပ်တိုတွေနဲ့ပဲ။ နေရူးတို့၊ ရုစဗဲ့လ်တို့လည်း လက် မှာ ဆေးလိပ်နဲ့။ ချေဂွေဗားရားနဲ့ ကတ်စထရို၊ မော်စီတုံးလည်း လက်ထဲမှာ ဆေးလိပ်နဲ့။ ဒုတိယ ကမ္ဘာစစ်အကြောင်း ရိုက်တဲ့ ဇာတ်ကားတွေမှာ စစ်နားတုန်း ခဏဆေးလိပ်ကို တရှိုက်မက် မက် ဝေမျှရှိုက်ဖွာခဲ့တဲ့ စစ်သား တွေ၊ ဂရီဂိုရီပက်၊ မွန်ရိုး၊ ကော လိပ်ဂျင်နေဝင်း၊ မြတ်လေး စီး ကရက်ကို စတိုင်နဲ့ ခဲခဲ့ကြတယ်။ ၂၀ ရာစုတစ်ခုလုံး ဆေးလိပ်က ယဉ်ကျေးမှုဖြစ်ခဲ့တယ်။

ခုလို ကျန်းမာရေးအသိ ပညာမြင့်မားလာတော့လည်း ကမ္ဘာကြီးမှာ အားလုံးကဆေးလိပ် သောက်သုံးသုံးခြင်းဟာမကောင်း တဲ့အမူအကျင့်၊ ရှောင်ရှားအပ်တဲ့ အပြုအမူလို့ နားလည်လာပြီးတစ် ကမ္ဘာလုံး လိုက်နာလာနေကြပြီပဲ မဟုတ်လား။

   ကျန်းမာရေးအကြောင်း ပြချက်နဲ့ ရှေးကဗျာ‘လက်ဆောင်’ ကို ပြဋ္ဌာန်းစာအုပ်က ဖြုတ်ပယ် လိုက်ခြင်းဟာ ကလေးသူငယ် တွေ သင်ယူရမယ့် ရှေးမြန်မာ့ ကဗျာဖွဲ့စည်းပုံ၊ မြန်မာ့လူနေမှု ဘဝ၊ ချစ်ခြင်းမေတ္တာ၊ သိမ်မွေ့တဲ့ စိတ်နေသဘောထားနဲ့ မြန်မာ့ ယဉ်ကျေးမှုကို ပစ်ပယ်ချောင်ထိုး လိုက်ခြင်းပဲလို့ ဆိုပါရစေ..။

No comments:

Post a Comment