Sunday, June 9, 2019

ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် လေးဦးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းအပါအဝင် လေး ဦးကို အဂတိလိုက်စားမှုဖြင့် အမှု ဖွင့်အရေးယူထားကြောင်း အဂ တိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဇွန်လ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။ ဦးကျော်စွာအုန်းနှင့်အတူ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ၊ သရက်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော် မင်းဦး၊ ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့ မှ ရဲအုပ်သန်းဇော်တို့ကို အဂတိ လိုက်စားမှုဖြင့် ဖမ်းဆီးအရေးယူ ခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းဝင်းက ပြောသည်။

ပေါက်မြို့နယ်အတွင်း ရေနံ လက်ယက်တွင်းမှ ရရှိသည့်ရေနံ များကို ပုဂ္ဂလိကရေနံချက်ဖိုများ ရှိရာသို့ သယ်ဆောင်ရာတွင် ကျေးရွာများကို ဖြတ်သန်းရသဖြင့် ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် သရက်ကန်ကျေးရွာမှ ငွေကြေး ကောက်ခံခဲ့သည်။

ယင်းရန်ပုံငွေကောက်ခံရာ ၂၀၁၆ မှ ၂၀၁၇ အထိ ၂ နှစ်တာ စာရင်းများအရ ငွေကျပ်သိန်း ၉,၀၀၀ ကျော် ရရှိသော်လည်း ကျေးရွာဖွံ့ဖြိုးရေးအတွက် အသုံး ပြုမှုမရှိသဖြင့် ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေကောက်ခံရေး ကော်မတီ က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦးကို မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်သို့ တိုင်ကြားကာ နေ ပြည်တော် အဂတိတိုက်ဖျက်ရေး ကော်မရှင်သို့လည်း ၂၀၁၈ သြ ဂုတ် ၂၉ ရက်တွင် တိုင်တန်းခဲ့ ကြောင်း ဦးရဲထွန်းဝင်းက ပြော သည်။

အဂတိတိုက်ဖျက်ရေးကော် မရှင် ထုတ်ပြန်ချက်အရပေါက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင်သ ရက်ကန်၊ လယ်အို၊ လက်ပံတို ဒေသများရှိ တရားမဝင် ရေနံ ချက်ဖိုများမှ ငွေကြေးကောက်ခံ ရန် တရားမဝင်ညှိနှိုင်းဆွေးနွေး ခြင်း၊ သရက်ကန်ကျေးရွာရှိကျေး ရွာဖွံ့ဖြိုးရေး ရန်ပုံငွေမှ ဦးကျော် စွာအုန်းသည် ကျပ်သိန်း ၈၀ ကျော်ကိုလည်းကောင်း၊ ရဲမှူး ဇော်ဝင်းရွှေသည် ကျပ် ၁၇ သိန်း ကျော်ကိုလည်းကောင်း၊ ဦးဇော် မင်းဦးသည် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်စဉ် ကျပ်သိန်း ၇၀၀ ကျော်ကိုလည်း ကောင်း၊ ရဲအုပ်သန်းဇော်သည် ကျပ်လေးသိန်းကျော်ကိုလည်း ကောင်း အကြိမ်ကြိမ်ခွဲ၍ ရယူခဲ့ ကြောင်း ဖော်ပြထားသည်။

‘‘ကျေးရွာအုပ်ချုပ်ရေးမှူးက စာရင်းရှင်းပေးတဲ့အခါမှာ ရရှိတဲ့ ပိုက်ဆံတွေကို ခရိုင်အဆင့်က ဘယ်သူတွေကို ဘယ်နေ့ဘယ် ရက်က ဘယ်လောက်ပေးရ တယ်၊ ဘယ်သူ့ဆီကိုဘယ် လောက်ပေးရတယ်၊ မြို့နယ်အ ဆင့်ကို ကျတော့လည်း ဘယ် လောက်ပေးရပါတယ်။ အဲဒီလို စာရင်းရှင်းလိုက်တာ။ သရက်ကန် ကျေးရွာအုပ်ချုပ်ရေးမှူးကို အဂ တိတိုက်ဖျက်ရေးအဖွဲ့က ပြီးခဲ့တဲ့ လ ၁၅ ရက်က ဖမ်းဆီးစစ်ဆေး တယ်။ ပေါ်ပေါက်ချက်တွေအရ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးကို မနေ့က ဇွန်လ ၇ ရက်ညနေ ၅ နာရီခွဲလောက်မှာ ဖမ်းဆီးခဲ့တယ် ပေါ့’’ ဟု ဦးရဲထွန်းဝင်းက ပြော သည်။

ယင်းကိစ္စကို နေပြည်တော် အဂတိတိုက်ဖျက်ရေးကော်မရှင် အဖွဲ့တစ်ဖွဲ့က တိုက်ရိုက်လာ ရောက်ဆောင်ရွက်နေပြီး တိုင် ကြားစာထဲတွင် ခရိုင်အတွင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူ သုံးဦး၊ မြို့နယ်အဆင့်မှ ခုနစ်ဦးပါဝင် ကြောင်း ၎င်းကပြောသည်။

 
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့လေးဦးကို အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် ပေါက်မြို့မရဲစခန်းတွင် တိုင် ကြားဖွင့်လှစ်၍ တရားစွဲဆိုအရေး ယူဆောင်ရွက်နိုင်ရေးလုပ်ဆောင် နေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကထုတ် ပြန်ထားသည်။

No comments:

Post a Comment