Sunday, June 9, 2019

တစ်ကျော့ပြန်ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်အထိမ်းအမှတ် ရန်ကုန်တွင် ဆန္ဒပြ

ကချင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု  ရှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြမှုကို ငြိမ်းချမ်းရေး လှုပ်ရှားသူလူငယ် ၅၀ ခန့်က ယမန်နေ့တွင် ရန်ကုန်မြို့၌ ပြု လုပ်ခဲ့သည်။ ကချင်စစ်ပွဲရှစ်နှစ်ပြည့်အ ထိမ်းအမှတ်ချီတက်ဆန္ဒပြမှုကို  ပန်ဘဲတန်းမြို့နယ် ဗိုလ်ချုပ်ဈေး ရှေ့ကစတင်ပြီး ဆူးလေစေတီအ   နီးရှိ ခုံးကျော်တံတားပေါ်တွင် အ ဆုံးသတ်ခဲ့သည်။ ကချင်စစ်ပွဲနှင့် ပတ်သက် ပြီးချီတက်ဆန္ဒပြသော လူငယ် များကို ပန်ဘဲတန်းမြို့နယ်ရဲတပ် ဖွဲ့က ငြိမ်းစုစီဥပဒေပုဒ်မဖြင့် အ ရေးယူရန် စီစဉ်နေကြောင်းအ နောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှတာ  ၀န်ရှိသူတစ်ဦးကပြောသည်။

ချီတက်ဆန္ဒပြသော လူငယ်  များကိုပန်ဘဲတန်းမြို့နယ်အာဏာ ပိုင်များက တားဆီးခဲ့ပြီး ခွင့်ပြုမိန့် ဖြင့်သာပြုလုပ်ရန်ဆန္ဒပြသူများ  ကိုပြောသည်။ ယခင်နှစ်များ ကလည်းခွင့်ပြုပေးရန် ဆန္ဒပြ သူများက စာတင်အကြောင်း ကြားသော်လည်း အာဏာပိုင် များကခွင့်ပြုခြင်းမရှိခြင်းကြောင့် ယခုနှစ်တွင်လည်း ခွင့်ပြုမိန့် မတောင်းခံခြင်း ဖြစ်ကြောင်း ပြန်လည်ပြောဆိုသည်။

ကချင်ပြည်နယ်တွင် တစ် ကျော့ပြန်စစ်ပွဲဖြစ်ပွားမှုမှာ ယ နေ့ (ဇွန်လ ၉ ရက်) တွင် ရှစ်နှစ် ပြည့်ပြီဖြစ်ကြောင်း ငြိမ်းချမ်းရေး ဆန္ဒပြလူငယ်များကပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးဆွေး  နွေးပွဲများပြုလုပ်ပေးရန် တောင်း ဆိုခြင်းဖြစ်ပြီး လက်ရှိအစိုးရကို ပုတ်ခတ်ပြောဆိုနေခြင်းမဟုတ် ကြောင်း ငြိမ်းချမ်းရေးဆန္ဒပြလူ ငယ်များကဆိုသည်။

‘‘လတ်တလောမှာဆိုရင် ငြိမ်းချမ်းရေးကိစ္စက ရပ်သွားပြီ။  ငြိမ်းချမ်းရေးစကားဝိုင်းတွေက လည်း ရပ်သလောက်ဖြစ်သွားပြီ။  ကချင်စစ်ပွဲ တစ်ကျော့ပြန်ဖြစ် တာက ရှစ်နှစ်ပြည့်ဖြစ်သွားပြီ။  ပြည်တွင်းငြိမ်းချမ်းရေးအကောင်  အထည်ဖော်သင့်တယ်ဆိုတာကို ပြောတဲ့အနေနဲ့ ကျွန်မတို့ဒီလှုပ် ရှားမှုကို လုပ်တာပါ’’ ဟု ယမန် နေ့က ရန်ကုန်မြို့၌ ငြိမ်းချမ်းရေး ချီတက်ဆန္ဒပြမှု ဦးဆောင်သူ မ အိသဉ္ဇာမောင်ကပြောသည်။ တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့ (KIA) တို့သည် ၂၀၁၁ ဇွန်လ ၉ ရက်ကစ၍  တစ် ကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့ ခြင်းကြောင့်ရှစ်နှစ်အတွင်း ကချင်  ဒေသခံပြည်သူများစွာစစ်ဘေး ဒုက္ခကြုံခဲ့ရပြီး လူဦးရေတစ်သိန်း ကျော် စစ်ရှောင်စခန်းများ၌ ခက် ခဲစွာနေထိုင်နေရဆဲဖြစ်သည်။   ၂၀၁၈ ဇွန်လနောက်ပိုင်းကစ၍  တပ်မတော်နှင့် KIA တို့အကြား  တိုက်ပွဲဖြစ်ပွားမှုများ ယခင်ထက် သိသာစွာလျော့နည်းခဲ့ပြီး လက်ရှိ အချိန်တွင် အပစ်ရပ်စဲရေးဆောင် ရွက်ရန် ညှိနှိုင်းဆွေးနွေးနေသည်။

No comments:

Post a Comment