Sunday, June 9, 2019

လေထဲက လူသတ်သမား

ယနေ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်သည်။ ယခုနှစ်  ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့သည် ထူးခြားသလို  အားလုံးနှင့်လည်း သက်ဆိုင်ပါ သည်။ ကမ္ဘာတစ်ဝန်းကြုံတွေ့ရင် ဆိုင်နေရသည့် သဘာဝပတ်ဝန်း ကျင် ထိခိုက်ယိုယွင်းနေမှုများကို  လူအများ အာရုံစိုက်လာစေရန်  လှုံ့ဆော်သည့် လှုပ်ရှားမှုများကို  ယနေ့လိုဇွန်လ ၅ ရက်နေ့ရောက် တိုင်း နိုင်ငံပေါင်းတစ်ရာကျော် တွင် ပြုလုပ်လေ့ရှိသည်။  ဖွံ့ဖြိုးတိုးတက်လာမှုနှင့် လူ ဦးရေထူထပ်မှုများကြောင့် ယ နေ့ခေတ် ကမ္ဘာ့မြို့ကြီးများတွင်  ရင်ဆိုင်ကြုံတွေ့လာရသည့် လေ ထုညစ်ညမ်းမှုပြဿနာကို မီး မောင်းထိုးပြသည့်အနေနှင့် ယခု နှစ်အတွက် ရွေးချယ်ထားသည့် အကြောင်းအရာမှာ လေထုညစ် ညမ်းမှုကို တိုက်ဖျက်ကြရန်ဖြစ် သည်။



ယခုအချိန်သည် ရန်ကုန်မြို့ ၏ လေထုအရည်အသွေးအ ကြောင်းပြောရန် အသင့်တော်ဆုံး အချိန် ဖြစ်မည်ထင်ပါသည်။

မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ တွဲ ကပ်ပါလာခဲ့သော လေထုညစ် ညမ်းမှုက ရန်ကုန်မြို့တွင်တစ်နှစ် ထက်တစ်နှစ် ပိုမိုဆိုးရွားလာနေ သည်။  လေထုတိုင်းတာရေးစက် များကနေထုတ်ပေးသော လေထု ညစ်ညမ်းမှု ညွှန်းကိန်းများအရ  ရန်ကုန်သည် ကမ္ဘာ့လေထုညစ် ညမ်းမှု အဆိုးရွားဆုံးမြို့တော်များ စာရင်းတွင် ပါဝင်လာသည်။ ရန် ကုန်သည် အိမ်နီးချင်းထိုင်းနိုင်ငံ က ဘန်ကောက်မြို့တော်ကို အမီ လိုက်နေပါသည်။ ဖွံ့ဖြိုးတိုးတက် မှုစံနှုန်းများတွင်တော့ မဟုတ်ပါ။  မြို့တော်၏ လေထုညစ်ညမ်းမှု  ညွှန်းကိန်းများတွင် အမီလိုက်နေ ခြင်းသာ။ ရံဖန်ရံခါတွင်တော့ ရန် ကုန်က  အဆင့်ပင်ကျော်တက်ခဲ့ပါ သေးသည်။

 Numbeo ဟုခေါ်သည့် ကမ္ဘာ့မြို့များနှင့် နိုင်ငံများ၏ လူ နေမှုအဆင့်အတန်း၊ ပတ်ဝန်း ကျင်အခြေအနေအချက်အလက် များကို  သုံးစွဲသူများ၏အဖြေကို အခြေခံကာ ပံ့ပိုးပေးသည့်ဝက်ဘ် ဆိုက်၏ နှိုင်းယှဉ်မှုအရဆိုလျှင် တော့ လေထုညစ်ညမ်းမှုမှာ ရန် ကုန်ကပင် နှာတစ်ဖျားသာပါသေး သည်။

ယခုအခါ  ရန်ကုန်မြို့တွင်း နေရာများတွင် နေရာရှစ်နေရာ ထက်မနည်းတွင် လေထုတိုင်း တာရေးစက်များနှင့် လေထုအ ရည်အသွေးကို တိုင်းတာနေပြီး ညွှန်းကိန်းများကို ထုတ်ပြန်ပေး နေရာ ထိုညွှန်းကိန်းများကိုမိုဘိုင်း ဖုန်းများမှတစ်ဆင့် စောင့်ကြည့် နေနိုင်ပြီဖြစ်သည်။

ပြီးခဲ့သောလက  တောက် လျှောက်စောင့်ကြည့်ခဲ့ရာ အမြဲ ပင် ‘ကျန်းမာရေးနှင့်မညီညွတ်’  ဟူသည့် ကိန်းဂဏန်းကိုသာညွှန် ပြနေသည်။ လေထုအရည်အ သွေးညွှန်းကိန်းများနှင့် အကျွမ်း တဝင်မရှိသူများအတွက် သည် နေရာတွင် အနည်းငယ်ရှင်းပြပါ မည်။

လေထုအရည်အသွေးညွှန်း ကိန်း (Air Quality Index-AIQ) ကို အဆင့်အလိုက်သတ်မှတ်ပြီး  သုညမှသည် ၅၀ အထိဆိုလျှင်  အစိမ်းရောင်အဆင့်ဖြင့် အ ရည်အသွေးကောင်းမွန်သည့် အ ခြေအနေ၊ ၅၁ မှသည် ၁၀၀ အ ထိဆိုလျှင် အဝါရောင်သင်္ကေတ ပြပြီး   အသင့်အတင့်အဆင့်ဖြစ် သည့်  အခြေအနေ၊ ၁၀၁ မှသည် ၁၅၀  အထိဆိုလျှင်တော့ သက် ကြီးရွယ်အိုများ၊ ကလေးများ ကျန်းမာရေး မကောင်းသူများကဲ့ သို့ ထိရှလွယ်သူတို့အတွက်သတိ ထားရမည့် အဆင့်အဖြစ် သတ် မှတ်ကာ လိမ္မော်ရောင်ဖြင့်သင်္ကေ တပြသသည်။ ညွှန်းကိန်း ၁၅၁ မှ  ၂၀၀ အထိ ရောက်ပြီဆိုလျှင်တော့  ကျန်းမာရေးနှင့် မညီညွတ်တော့ သည့်အခြေအနေကို ညွှန်ပြသည့်  အနီရောင်အဆင့်အဖြစ် သတ် မှတ်သည်။ ၂၀၁ မှ ၃၀၀ အထိ ဆိုလျှင်မူ အလွန်ဆိုးရွာသည့်အ ဆင့်သို့ ရောက်ရှိပြီး ခရမ်းရောင် ဖြင့် သင်္ကေတပြပြီး အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေ ထိကျရောက်ပြီဆိုလျှင် ညွှန်း ကိန်းမှာ ၃၀၁ မှသည် ၅၀၀ အထိ ပြပြီး နီညိုရောင်အဖြစ် သင်္ကေတ  သတ်မှတ်ထားကြသည်။

ထိုသည်ကတော့ အချက်အ လက်အခြေခံတိုင်းတာခြင်းဖြစ် ပြီး ယေဘုယျအားဖြင့် ကြည့်မည် ဆိုလျှင်တော့ ရန်ကုန်မြို့ကောင်း ကင်ယံမှာ အမြဲလိုလို မှုန်မှိုင်းနေ တတ်ပြီး တိမ်စိုင်တိမ်သားဟူ၍ မမြင်ရအောင်ပင် ညစ်ညမ်းမှုကို  သိသာစွာ သတိပြုမိနိုင်သည်။

 လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာသည့် Air Visual ဝက်ဘ်ဆိုက်၏အဆိုအရ ဆိုလျှင် ရန်ကုန်လေထုညစ်ညမ်း မှုသည် သိသာစွာဆိုးရွားလာပြီး  မေလအတွင်းကဆိုလျှင် ကမ္ဘာ့ လေထုအညစ်ညမ်းဆုံးမြို့တော် များစာရင်းတွင် အမြဲထိပ်ကပြေး နေခဲ့သည်။

ကုန်လွန်ခဲ့သော ပူပြင်း ခြောက်သွေ့သည့် မတ်လ၊ ဧပြီ လများအတွင်းက ရန်ကုန်၏ လေ ထုအခြေအနေကို သတိပြုမိခဲ့ကြ ပါသလား။ ကလေးငယ်နှင့် အ သက်ရွယ်ကြီးရင့်သူအချို့ချောင်း ဆိုးခြင်းများဖြစ်ခဲ့သလို မြို့တွင်း  လူထူထပ်ရာ၊ ကားသွားလာမှုများ ရာနေရာများသွားလာစဉ် မျက်စိ များ ကျိန်းစပ်လာသည်များ ကြုံခဲ့ ရပါသည်။ ရန်ကုန်လေထုအရည် အသွေးညွှန်းကိန်းများ စောင့် ကြည့်ခဲ့ရာ အမြဲလိုပင် လိမ္မော် ရောင်အဆင့်တွင် ရှိနေခဲ့ပြီး  ယာဉ်သွားလာမှု အများဆုံးဖြစ် သည့် နံနက်ပိုင်းနှင့် ညနေပိုင်းအ ချိန်များတွင်တော့ အနီရောင်အ ဆင့်အထိပင် မြင့်တက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

 ရန်ကုန်မြို့၏ လေထုညစ် ညမ်းမှုကို သုံးနှစ်ကြာစောင့်ကြည့် လေ့လာခဲ့သည့် ဂျာမနီအဖွဲ့အ စည်း ( Heinrich Boll Stiftung )၏အဆိုအရမူ ရန်ကုန်လေထု ညစ်ညမ်းမှုသည် ဘန်ကောက်နှင့်  ချင်းမိုင်မြို့များကဲ့သို့ ဆိုးရွားလာ နေပြီး တစ်ခါတစ်ရံ ဘန်ကောက် ထက်ပင် ဆိုးရွားသည့်အချိန်များ ပင်ရှိခဲ့ကြောင်း ဆိုထားသည်။

 စီးပွားရေးဖွံ့ဖြိုးမှု၊ မြို့ပြဖွံ့ ဖြိုးလာသည်နှင့် အလျောက် တိုက်တာအဆောက်အအုံများ  တိုးချဲ့ဆောက်လုပ်လာခြင်း၊ မြို့ ဧရိယာအတွင်း သစ်ပင်များ တစ် စတစ်စလျှော့နည်းလာနေခြင်း၊ ယာဉ်အစီးရေများ သိသာစွာ တိုးတက်လာနေခြင်းတို့ကြောင့်  ရန်ကုန်တွင် လာမည့်နှစ်များတွင်  လေထုညစ်ညမ်းမှု ပို၍ပို၍သာ  ဆိုးရွာလာနိုင်ကြောင်း  လေထု တိုင်းတာရေးအဖွဲ့အစည်းများ က သတိပေးထားသည်။

 လေထုညစ်ညမ်းမှုကို မကာကွယ်၊ မလျှော့ချနိုင်ပါလျှင်  ဘန်ကောက်ကဲ့သို့ အပြင်ထွက် လျှင် နှာခေါင်းစည်းတပ်မှသာ လျှင် ကာကွယ်နိုင်သည့်အနေအ ထားမျိုးရောက်နိုင်ပြီး အခြေအ နေမှာ ထို့ထက်ပင် ပိုဆိုးနိုင်သေး ကြောင်း ထိုဂျာမနီအဖွဲ့ကပင် ဟောကိန်းထုတ်ထားပါသည်။ ရန်ကုန်သည် အခြားသောလေထု မကျန်းမာသည့်မြို့များတွင် မြင် ရသည့် မြင်ကွင်းများလို နှာခေါင်း စည်းတပ်သွားလာမှ ကျန်းမာရှင် သန်နိုင်မည့် မြို့ဖြစ်လာပေလိမ့် မည်ဟု ဆိုထားသည်။

 ပြီးခဲ့သော ဖေဖော်ဝါရီက ဘန်ကောက်တွင် လေထုညစ် ညမ်းမှုဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သဖြင့် ကျောင်းပေါင်း လေးရာကျော်ကို  ယာယီပိတ်ထားခဲ့ရသလို၊ မြို့ တွင်းသွားလာသူများ နှာခေါင်း စည်းအကာအကွယ်ဖြင့် သွားလာ ကြရန် အစိုးရအနေနှင့် သတိပေး ခဲ့သလို ထိုင်းနိုင်ငံကလာသော သတင်းခေါင်းကြီးများတွင်လည်း  လေထုညစ်ညမ်းမှုသတင်းများ သာနေရာယူခဲ့သည်။

တစ်ချိန်တည်းမှာပင်လေထု ညစ်ညမ်းမှုညွှန်းကိန်းချင်း သိပ် မကွာသည့် ရန်ကုန်တွင်မူ မြို့ တွင်းသွားလာသူများတွင် တစ် ယောက်စ၊ နှစ်ယောက်စသာ နှာခေါင်းစည်းများဖြင့် သွားလာ သည်ကို ရံဖန်ရံခါမှသာတွေ့ရ သည်။ ကျောင်းများလည်း ပုံမှန် ဖွင့်လှစ်ထားခဲ့ပြီး ကျောင်းပရ ဝဏ်များအတွင်း ကလေးများ ဆော့ကစားမြဲ ဆော့ကစားသည့်  မြင်ကွင်းကို မြင်ခဲ့ရသည်။

ရန်ကုန်မြို့၏ လေထုသည်  သန့်ရှင်းခြင်းမရှိတော့ဘဲ ညစ် ညမ်းလာနေပြီကို တိုင်းအစိုးရက  ပြဿနာတစ်ရပ်အဖြစ် ရှုမြင် ခြင်းမရှိသေးသလို လမ်းမများ ပေါ်  သာမန်သွားလာနေကြသော မြို့ခံလူထုကလည်း သတိမမူမိ ကြသေးပါချေ။

ရန်ကုန်အတွက်  အနည်း ငယ် စိတ်သက်သာရရနေသေး သည်က မိုးရွာနေချိန်တွင်တော့  လေအရည်အသွေး ပြန်လည် ကောင်းမွန်လာတတ်ပြီး ယခုလို  မိုးတွင်းကာလများတွင် သင်တို့ အိမ်တံခါးများကို စိတ်ချစွာ ဖွင့် ထားလို့ရပါသည်ဟု လေထုအ ရည်အသွေး ညွှန်းကိန်းများက ပြဆိုနေသည်။ သို့သော်လည်း ထိုသည်မှာ အခိုက်အတန့်ကာလ သာဖြစ်ပါသည်။ မိုးတိတ်သည် နှင့် ညွှန်းကိန်းများ ပြန်လည်မြင့် တက်လာမည်ဟု ဆိုပါသည်။  လေထုညစ်ညမ်းမှုပြဿနာသည်  ရေရှည်ကုစားရမည့် အားလုံးနှင့်  ဆိုင်သောပြဿနာဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏အဆိုအရ ကမ္ဘာပေါ်တွင် လေ ထုညစ်ညမ်းမှုကြောင့် လူဦးရေ ခုနစ်သန်းအသက်ဆုံးရှုံးနေရပြီး  ထိုအထဲကမှ လေးသန်းကျော် သည် အာရှပစိဖိတ်ဒေသမှဖြစ် သည်။ မြန်မာနိုင်ငံတွင်လည်း လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်  လူနှစ်သောင်းနှစ်ထောင်ကျော်  အသက်ဆုံးရှုံးနေကြရကြောင်း  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ၂၀၁၆ ခုနှစ်က ထုတ် ဖော်ပြောဆိုထားသည်။ မြန်မာ နိုင်ငံတွင် လေထုညစ်ညမ်းမှုသည် အသက်ဆုံးရှုံးနိုင်သည့် အဓိက ဖြစ်စဉ်တစ်ခုအဖြစ် ဖြစ်လာပြီဖြစ် ကြောင်း WHO က ၂၀၁၆ တွင်  ထုတ်ပြန်သတိပေးလာသည်။

မိခင်တစ်ယောက်အနေနှင့် ရန်ကုန်လေထု မကျန်းမာမှုကို စိုး ရိမ်မိပါသည်။ ရှောင်လွဲ၍ မရဘဲ နိစ္စဓူဝ ရှူရှိုက်နေရသည့် လေထု အတွင်းမှ အမှုန်အမွှားများ၊မသန့် ရှင်းသောလေများကို ကလေး ငယ်များ ရှူနေကြရသည်။

ပြီးခဲ့သောနှစ်ကဆိုလျှင် လ သားကလေးငယ်နှင့် ဆေးခန်းသို့  အကြိမ်ပေါင်းများစွာ သွားခဲ့ရ သည်။ အများဆုံးဖြစ်သည်က ဖျားနာခြင်းမဟုတ်၊ အသက်ရှူ လမ်းကြောင်းနှင့်ဆိုင်သည့် ရင် ကျပ်ဝေဒနာ ခံစားရခြင်းဖြစ် သည်။  ကိုယ့်ကလေးငယ်တွင်မှ သာမဟုတ်၊ ထိုကာလကဆိုလျှင်  ဆေးခန်းသို့ ရောက်ရှိလာသည့်  ကလေးငယ်အများစုမှာ  ရင်ကျပ် သဖြင့် ရောက်လာသည်ဟု ကလေးအထူးကုဆရာဝန်ကြီး များကဆိုပါသည်။ ကလေးဆေး ခန်းပြရင်း ဆရာဝန်ကြီးများနှင့်  စကားစမြည်ပြောကြည့်သည့်အ ခါ ပတ်ဝန်းကျင်အနေအထားနှင့်  ရှူရှိုက်သည့်လေများကြောင့် ထို သို့ ရင်ကျပ်ဝေဒနာများခံစားရ ခြင်းဖြစ်သည်ဟု မှတ်ချက်ပေးကြ သည်။

 ရန်ကုန်လေထုကို ပြန်သန့် စင်အောင် ဘာလုပ်ပေးနိုင်ပါမ လဲ။ ရန်ကုန်တိုင်းအစိုးရအနေနှင့်  လေထုညစ်ညမ်းမှုကို အရေးကြီး ကိစ္စအဖြစ် အမြန်ရှုမြင်ကာ ဖြေ ရှင်းသည့် နည်းလမ်းများ၊ ကာ ကွယ်ပေးသည့် နည်းလမ်းများ  ယခုပင် လုပ်ဆောင်သင့်ပြီဖြစ် သလို  တစ်ဦးတစ်ယောက်ချင်းအ နေနှင့်လည်း လုပ်ဆောင်ချက်  သေးသေးလေးများကတစ်ဆင့်  ပတ်ဝန်းကျင်ကို  ပြန်လည်အ ထောက်အကူပြုခြင်းများ ပြုလုပ် နိုင်ပါသည်။

မလိုအပ်ဘဲ ကိုယ်ပိုင်ကား ဖြင့် စီးသွားမည့်အစားအများပြည် သူသုံးယာဉ်များဖြင့် သွားလာခြင်း များကဲ့သို့ မျှဝေစီးခြင်းတို့ကို လုပ် ဆောင်နိုင်သလို တစ်နိုင်တစ်ပိုင်  သစ်ပင် စိုက်ပျိုးခြင်းများဖြင့် လည်း လေထုပြန်လည်ကျန်းမာ လာအောင် လုပ်ဆောင်ရာတွင် ပါဝင်နိုင်ပါသည်။ အမှိုက်မီးရှို့ ခြင်းများကနေ တစ်ဆင့်လည်း  လေထုညစ်ညမ်းသဖြင့် နေ့စဉ် အမှိုက်သုံးစွဲမှု လျှော့ချခြင်းဖြင့် လည်း ကိုယ်တိုင်ပါဝင်ပြီး ပတ် ဝန်းကျင်ကို အကျိုးပြုနိုင်ပါသည်။

ကမ္ဘာပေါ်ရှိ ကလေးအား လုံး၏ ၉၃ ရာခိုင်နှုန်းသည် မသန့် ရှင်းသောလေများကို ရှူရှိုက်နေရ ပြီး ကလေးငယ်ခြောက်သိန်း ကျော်သည် လေထုညစ်ညမ်းမှု ကြောင့် မသေဆုံးသင့်ဘဲ နှစ်စဉ် သေဆုံးနေရပါသည်။

ကမ္ဘာကြီးက လေထုညစ် ညမ်းမှုကို အရေးပေါ်ပြဿနာ တစ်ခုအဖြစ် ရှုမြင်နေချိန်တွင်မြန် မာနိုင်ငံက ပြည်ထောင်စုအစိုးရ အနေနှင့်ရော ရန်ကုန်တိုင်းဒေ သကြီးအစိုးရအနေနှင့်ပါ လေထု ညစ်ညမ်းမှုကို အမြန်ဖြေရှင်းရ မည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှု မြင်ပါပြီလား။

လူထုက  ရွေးကောက်တင် မြှောက်ထားသည့် လွှတ်တော်  ကိုယ်စားလှယ်များအနေဖြင့်ရော  လွှတ်တော်များအတွင်းမှာ လေ ထုညစ်ညမ်းမှုကို အရေးတယူ  မေးမြန်းဆွေးနွေးမှုများ ရှိနေပါပြီလား။

ယခုနှစ်အတွက် ဆောင်ပုဒ် မှာ ‘လေထုညစ်ညမ်းမှုကို တိုက် ဖျက်ကြ’ ဖြစ်သည်။

No comments:

Post a Comment