Sunday, June 9, 2019

အရိပ်မဲ့သစ်ပင်များ

(၁) ‘ဆိုင်ကယ်မမောင်းရ’ ဟု ဆိုင်းဘုတ်တွေ ထောင်ထားသော အဝေးပြေးလမ်းမကြီးပေါ် ကျွန်  တော်တို့ဆိုင်ကယ်လေးက ပြေး နေသည်။ စည်းကမ်းတစ်ခုကို ဖောက်ဖျက်နေမိပါလားဟူသော   အတွေးက ကျွန်တော့်ကိုယ်ကျွန် တော်မလုံမလဲဖြစ်စေသည့်တိုင် ဆိုင်ကယ်မောင်းနေသူမိတ်ဆွေ ကတော့ သာမန်လမ်းတစ်ခုပေါ် မောင်းနေသလိုမျိုးအေးအေး ဆေးဆေးပင်။ ဆိုင်ကယ်မှာ နောက်ကြည့်မှန်ပင်တပ်မထား သောကြောင့် နောက်မှာထိုင် လိုက်လာသည့် ကျွန်တော်ကပင် နောက်ကြည့်မှန်အလုပ်ကိုလုပ် ပေးနေရသေး၏။



လမ်းကပုံမှန်မြေအနေအ ထားမဟုတ်။ လမ်းတစ်လျှောက် လုံးက လှိုင်းထသလို တွန့်ခေါက် နေသည်။ ကားတွေ၏အနီးအဝေး  ခန့်မှန်းရသည်က ပုံမှန်မဟုတ်။ ပြီးတော့ဒီအဝေးပြေး လမ်းသစ် ကြီးက သေမင်းတမန်လမ်းဟု နာမည်ကျော်နေသောလမ်း။ လွန် ခဲ့သော ဆယ်စုနှစ် နှစ်ခုဝန်းကျင်  ကဆိုလျှင်တော့ သစ်ကြီးဝါးကြီး  တွေကြီးစိုးပြီး သားရဲတိရစ္ဆာန် တွေကျက်စားခဲ့သည့် ရိုးမကြီး။ အခုတော့ ဓားခုတ်ရာကြီးနှင့်တူ သည့် ရှည်မျောမျောအမာရွတ် တစ်ခုသည် ရေစီးသန်အန္တရာယ် မြစ်ကြမ်းကြီးတစ်စင်းလိုဖြတ် သန်းသွားရာတစ်လျှောက်ရိုးမ၏   သဘာဝရောအလှကိုပါတိုက်စား  ဖြိုချပျက်သုဉ်းစေခဲ့လေပြီ။

‘‘သစ်ပင်အုပ်အုပ်လေးတွေ နဲ့ကွာ။ အေးနေတာပဲ၊ မင်းသ ဘောကျမှာပါ...’’

ဆိုင်ကယ်မောင်းနေရင်း ကျွန်တော့်မိတ်ဆွေက လှည့်ပြော လာသည်။ ကျွန်တော်က ‘‘သြော်...’’ ဟု ရေရွတ်ရင်းလမ်း ဘေးဝဲယာကိုပါ မျက်စိကစား ကြည့်လာခဲ့သည်။ ညကသင်္ကြန် မိုးကလေးအနည်းငယ်စွတ်ထား သောကြောင့် လမ်းဘေးမြေသား တွေက ခပ်သိပ်သိပ်ဖြစ်နေ၏။ ရိုးမကြီးတစ်ခုဆိုသော်လည်း သစ်ပင်ကြီးကြီးမားမားတွေ့ရန် သိပ်မလွယ်တော့။ ချုံပင်တွေဖြင့် အစိမ်းရောင်ပါးပါးလေးကို ဟန် လုပ်နေရသည့်ရိုးမ။ ကျွန်တော် တို့ငယ်စဉ် ပထ၀ီထဲသင်ခဲ့ရသည့် ရိုးမနှင့် ကွာချင်တိုင်းကွာခြားခဲ့ လေပြီ။ တောင်အချို့ကအသား တစ်ကြီးတွေဖဲ့လှီးခံထားရသ လို...။ ကျွန်းစိုက်ခင်းတွေအတော် များများဖြတ်သန်းလာရသော်  လည်း အနာဂတ်အတွက် သေ ချာသောအခြေအနေဟု အာမမခံ  နိုင်။ တောင်ကုန်းအပဲ့လေးတွေ  ပေါ်၊ သစ်ပင်အုပ်အုပ်လေးတွေ ကြားနှင့် မြေပြန့်ပြန့်အချို့ပေါ်မှာ တော့ ဘန်ဂလိုပုံစံအဆောက်အ  အုံလှလှလေးတွေပေါက်ရောက် နေကြပြန်သည်။ ဒီအဆောက်အ အအုံလေးတွေထဲဘယ်လိုလူတွေ  လာနေကြပြီး ဒီစိုက်ခင်းတွေကို ဘယ်လိုပုဂ္ဂိုလ်တွေပိုင်ဆိုင်ကြသ လဲဆိုသည်ကတော့ ကျွန်တော်  ရေရေရာရာမသိ။

တကယ်တော့ဒီလမ်းဒီခရီး ကို တမင်စီစဉ်ပြီးထွက်လာကြ သည်တော့မဟုတ်ပြန်။ လမ်းမ ကြီး အနောက်ဘက်အခြမ်းမှ တောင်ခြေကရင်ရွာကလေးတစ် ရွာသို့သွားခဲ့ကြခြင်းဖြစ်သည်။ ထိုကရင်ရွာလေးမှ ပြန်အထွက် ကျွန်တော့်မိတ်ဆွေက ကျွန်းစိုက် ခင်းတစ်ခုမှ သူ့အသိမိတ်ဆွေတစ် ဦးထံအလည်သွားဖို့စိတ်ကူးရခဲ့ ပြီး ဒီလမ်းမကြီးအတိုင်းဆိုင်ကယ် မောင်းနှင်လာခဲ့ကြခြင်းပင်။

‘‘အဲဒီမှာ ဘန်ဂလိုလေးနဲ့ ကွ။ မင်းနဲ့ဆိုတော်တော်ကိုက်မှာ ပါ...’’

ကျွန်တော့်မိတ်ဆွေက ဆိုင် ကယ်စက်သံနှင့် လေတိုးသံကို ဖောက်ထွင်းပြီး ကျွန်တော်ကြား အောင် အသံမြှင့်ပြောနေပြန် သည်။ သူထိုနေရာလေးကိုမကြာ ခဏရောက်ဖူးကြောင်း၊ ရောက် တိုင်းလည်းအေးအေးဆေးဆေး  နေကြကြောင်း၊ ထိုနေရာလေးမှ လူတွေကလည်း မြို့ထဲအထိ ဆင်းဆင်းလာပြီးလက်ဖက်ရည် ဆိုင်လာထိုင်တတ်ကြကြောင်း... စသည်စသည်...။

(၂) ‘‘ဒီနေရာလေကွာ...’’

သစ်ပင်အုပ်အုပ်လေးတစ် အုပ်ရှေ့အရောက် ကျွန်တော့် မိတ်ဆွေကလမ်းပခုံးသားပေါ် ဆိုင်ကယ်ထိုးရပ်လိုက်သည်။ ထို နေရာမှာပင်ရပ်ထားသောအခြား ဆိုင်ကယ်တစ်စီး ရှိနေသော ကြောင့်  သူ့မိတ်ဆွေရှိနေလိမ့် မည်ဟုလည်းပြောသည်။

လမ်းပေါ်မှ လှမ်းကြည့်ရုံ ဖြင့်ပင် ရော်ဘာပင်အုပ်အုပ် ကလေးကြားရှိတောင်ကုန်းလေး ပေါ်ကို မြင်နေရ၏။ လမ်းပေါ်မှာ နွေနေရောင်ပြင်းထန်စပြုနေပြီ ဖြစ်သော်လည်း တောင်ကုန်းပေါ် မှာတော့   ရော်ဘာပင်ရိပ်တွေက ခပ်ခပ်စိပ်စိပ်ညို့နေသည်။

တောင်ကုန်းလေးပေါ်မှာ အ ဆောက်အအုံအသေးစားလေးနှစ် လုံးရှိနေပြီး ခေတ်ပေါ်ဂီတသံခပ် ကြမ်းကြမ်းကလမ်းပေါ်အထိ  ရောက်လာနေသည်။

နာမည်တကြော်ကြော်ခေါ် ၍ အသံပြုရင်းကျွန်တော်တို့ တောင်ကုန်းလေးပေါ်တက်သွား ကြသည်။ ရော်ဘာပင်ပျိုအုပ် အုပ်၊ ညကသင်္ကြန်မိုးလေး ကြောင့် ခပ်စိုစိုဖြစ်နေသော တောင်ကုန်းငယ်၊ ချစ်စရာအိမ်က လေးနှစ်လုံး...။ ရိုးမတောင်ကြော ကြီး၏ တစ်စိတ်တစ်ပိုင်းမှာ ဒီနေ ရာလေးရှိနေသည်က ထူးဆန်း သောခံစားမှုဖြစ်စေ၏။ ကျွန် တော်တို့ခေါ်သံကြောင့် ခပ်ရွယ် ရွယ်အမျိုးသမီးတစ်ဦးထွက်လာ သည်။ ပြီးတော့အိမ်ထဲကို တစ်ခွန်း၊ နှစ်ခွန်းလှည့်အော် လိုက်ရာခပ်ကြမ်းကြမ်းဂီတသံ လည်း တိတ်သွားသည်။ တစ် ဆက်တည်းအသက် (၅၀) ကျော် အရွယ်လူတစ်ယောက်ထွက်လာ ၏။ ကျွန်တော်တို့အဓိက ဦးတည်  လာသည့် မိတ်ဆွေကမရှိ၊ ခရီး လွန်နေသည်။ သို့သော်ဒီလူက လည်း ကျွန်တော့်မိတ်ဆွေနှင့် မျက်မှန်းတန်းမိပြီးသားမို့စကား ဆက်ပြောဖြစ်နေကြ၏။

‘‘ညကတစ်ညလုံးမအိပ်ရ ပါဘူးဗျာ...တော်သေးတယ်။ သင်္ကြန်မိုးလေး ရွာချလိုက်လို့’’။ထို လူက စကားစစချင်းတောင်ကုန်း  လေးဝဲယာမှ ကျွန်းစိုက်ခင်းတွေ ကို ညွှန်ပြပြီး ညည်းသည်။ ထိုလူ ပြသမှ ထိုစိုက်ခင်းတပြန့်တ ပြောကြီးတွေမှာ မီးခိုးအရိပ်ပါးပါး  လေးတွေ တအူအူထွက်နေသည်  ကို သတိထားမိသွား၏။ ကျွန်းပင် ပေါက်ကလေးတွေမှာ အရွက် တွေပင် ဖားဖားဝေေ၀မရှိတတ် သေး။ မီးခိုးငွေ့ပါးပါးကကျွန်းခင်း တပြန့်တပြောကြီးကြားမှာ တ ရွေ့ရွေ့။ သူကဆက်လက်ပြီး စိုက်ခင်းတွေကို တောမီးလောင်    နေသည်မှာ ၂ ရက်ရှိပြီဖြစ် ကြောင်း၊ မီးမကြီးသော်လည်း တကြောင့်ကြကြနှင့် မအိပ်ရ ကြောင်း၊ ညကသင်္ကြန်မိုးလေး ကြောင့် တောမီးလောင်နေမှုတန့် သွားကြောင်း ရှင်းပြနေသည်။

ကျွန်တော်က သူရှင်းပြနေ သည့် အကြောင်းအရာထက် တောင်ကုန်းလေး၏ ၀ဲဘက်အ ခြမ်းမှ ဘန်ဂလိုလေးကိုပဲသဘော ကျနေမိသည်။ တောင်ကုန်းလေး ၏ အနားတစ်ဖက်အမြင့်ဆုံးနေ ရာတွင်တည်ဆောက်ထားပြီးအ ခြားအဆောက်အအုံထက်ပိုသေ သပ်သည်။ ၁၀ ပေပတ်လည်တစ် ထပ်အုတ်တိုက်ကလေးမှာ အ ရွယ်အစားသေးငယ်သလောက် ရှေ့တွင် ၀ရန်တာလေးတစ်ခုပါ ထည့်သွင်းထားသည်အထိ အနု စိတ်ထား၏။

ကျွန်တော်က အဆောက် အအုံလေးတည်ထားရာ ကုန်းမြင့် လေးပေါ်ထပ်တက်လိုက်သည်။   နောက်ကကြည့်သည်။ ဘေးက ကြည့်သည်။ ရှေ့ကပြန်ကြည့် သည်။ အောက်ဘက်ကို ပြန်ငုံ့ ကြည့်သည်။  ရော်ဘာပင်အုပ်အ စွန်မှာ တုံကင်ရေတွင်းနှင့် ရေချိုး   အုတ်ရေကန်လေးတစ်ခု။ စံပယ် ပင်စုစုလေးမှာ အဖြူရောင်အချို့ ကရက်ဖောက်လျက်။ ထိုအနီးမှာ  မှအစာရှာနေသောကြက်သားမိ တစ်အုပ်။ အဝေးပြေးလမ်းမကြီး သာ ကျူးကျူးကျော်ကျော်ရောက် မလာဘူးဆိုပါက ဒီတောင်ကုန်း လေးမှာ၊ ဒီရော်ဘာပင်အုပ်အုပ် လေးတွေကြားမှာ ဒီတစ်ထပ် တိုက်ပြားလေးသည် ပူလောင် ဆူညံသောလောကကြီးထဲမှာ ခို လှုံပုန်းအောင်းရန် အကောင်းဆုံး နေရာဖြစ်လိမ့်မည်။

‘‘လာလေဗျာ၊ ရပါတယ် အထဲဝင်ကြည့်ချင်ကြည့်လေ’’ ကျွန်တော်စိတ်ဝင်တစားကြည့် နေသည်ကို သတိထားမိသွားပုံရ သည်။ ကျွန်တော့်မိတ်ဆွေနှင့် စ ကားလက်ဆုံကျနေသည့် ထိုလူ ကဦးဆောင်ပြီး ဘန်ဂလိုလေးဆီ  လျှောက်သွားသည်။ စေ့ရုံစေ့ ထားသည့်ကျွန်းတံခါးချပ်ကြီးကို တွန်းဖွင့်ဝင်သွားသောကြောင့် ကျွန်တော်တို့ပါ နောက်ကလိုက် ၀င်သွားကြသည်။ ၁၀ ပေပတ် လည်အဆောက်အအုံလေး၏ အ တွင်းခန်းသည် ကျဉ်းမြောင်းသော် လည်း သေသပ်သည်။ ဖွဲ့စည်းပုံ စနစ်ကျသည်။ အတွင်းနံရံတွေ ကို ဆေးသုတ်ထားပြီး အခင်းကို ကြွေပြားသုံးထား၏။ ကျွန်တော်  တို့ဦးတည်လာခဲ့ပြီး ခရီးထွက် နေသောကြောင့် မတွေ့ဖြစ်လိုက် သော လူကဒီနေရာမှာနေထိုင် ကြောင်းသူကရှင်းပြ၏။ ထိုလူက ပင်အခန်းထဲမှာ နောက်ထပ် တံ ခါးတစ်ချပ်ကို ထပ်ဖွင့်ပြလိုက်ပြန်  သည်။

‘‘ဒါကအိမ်သာ၊ ရေချိုးခန်း လေ...’’။ကြွေပြားခင်း၊ ကြွေပြား ကာအခန်း။ ရေပူရေအေးစနစ် တပ်ဆင်ထားသည်။ ကျွန်တော့် မိတ်ဆွေက ‘‘မိုက်တယ်ကွာ၊ တကယ့်ကျကျနနပဲ’’ ဟု မကြာ ခဏရေရွတ်နေတတ်သည်။ ကျွန် တော်က ထိုလူပြသသောအရာ တွေထက်ထိုလူမပြသသော နံရံ တွေကိုသာ စိတ်ဝင်တစားစူးစိုက် ကြည့်နေမိသည်။

ထိုနံရံမှာ ဒီကျွန်းစိုက်ခင်း  ပိုင်ရှင်အမည်၊ ပိုင်ဆိုင်မှုဧရိယာ နှင့် စတင်လုပ်ကိုင်သည့်အချိန်  ကာလကို ရေးထိုးထားသောဆိုင်း ဘုတ်ပြားကလေးတစ်ခုချိတ်ထား  ခြင်းဖြစ်သည်။ ကျွန်းစိုက်ခင်းပိုင် ရှင်အမည်မှာ နိုင်ငံတော်အဆင့် သူကောင်းပြုဘွဲ့အမည်ရှည်ကြီး နှင့် တွဲဖက်ရေးထားသည့် အမျိုး သားသမီးတစ်ဦး၏အမည်။ ပိုင် ဆိုင်သည့် ဧရိယာမှာ ဧကပေါင်း  တစ်ထောင်နီးပါးဖြစ်ပြီးရိုးမ၏ အ ခြားနေရာတွေမှာလည်း ဧက သုံး ထောင်ဝန်းကျင်ရှိသေးကြောင်း ထိုလူ၏ ရှင်းပြစကားသံက ကျွန် တော့်ကို ပိုအံ့သြစေပြန်သည်။

နောက်နံရံတစ်ခုမှာက ခု တင်၏ ခေါင်းရင်းနံရံဖြစ်ပြီးဓာတ် ပုံ နှစ်ပုံချိတ်ဆွဲထားသည်။ တစ် ပုံကနာမည်ကျော်တရားဟော ဓမ္မကထိက တစ်ပါးပုံတော်ဖြစ် ပြီး ထိုပုံအောက်မှာတော့ ဥပဓိ ရုပ်သန့်သန့်နှင့် အသက် (၆၀) တန်းဇနီးမောင်နှံပုံ။ အ၀တ်အ စား၊ အဆင်တန်ဆာတို့သည်သူ တို့ဘယ်သူတွေဖြစ်ကြောင်း သီး  သန့်ဖော်ညွှန်းနေကြသလိုပင်။

အချို့အတွက် ‘‘အသေ၀ နာစဗာလနံ’’ဖြစ်သော်လည်း အ ချို့သော လူတွေအတွက်ကတော့ ‘‘ပူဇာစပူဇနေယျာနံ’’ ဖြစ်နေပါ လားဟု တအံ့တသြနားလည် လိုက်မိသေး၏။

‘‘တကယ်တော့ သူတို့ပိုင် တာပေါ့ဗျာ။ ဒါပေမဲ့ သူတို့နာမည် တွေနဲ့ဆိုပြဿနာရှိနိုင်တော့ ဒီလို  ပဲသူတို့မိန်းမနာမည်တွေနဲ့လုပ် ထားကြတာပေါ့...’’

လုံခြုံရေး၏ ပါးစပ်ပေါက် တွေမှာ နောက်ထပ်လုံခြုံရေးတွေ ထပ်မံ အစောင့်ချထားသင့် ကြောင်း သူတို့မေ့လျော့သွားခဲ့ ပုံရသည်။

ရိုးမကြီးတစ်ခု။ အခုတော့ လူတစ်စုစိတ်တိုင်းကျခွဲဝေလှီး  ဖြတ်ခံထားရသည့် ပေါင်မုန့်တစ် လုံးမျှသာ။ ဒီလိုပေါင်မုန့်မျိုးကိုမှ သူတို့ကစားချင်သတဲ့။ ဒီလိုပေါင် မုန့်မျိုးကိုမှ သူတို့အစာအိမ်တွေ ကတောင်းဆိုသတဲ့။ 

(၃)ြ ပန်ရန်ကျွန်တော်တို့ နှုတ် ဆက်လိုက်ကြသည်။ ရော်ဘာပင် အုပ်လေးဘေးမှ လမ်းဘေးအ တိုင်းတောင်ကုန်းအောက်ကိုဆင်း လိုက်ကြ၏။ နောက်လည်းကြုံ လျှင် ၀င်လာသည်ဖို့၊ အခုခရီး ထွက်နေသူလည်း နောက်ဘယ်နှ ရက်ကြာလျှင် ပြန်ရောက်လာ မည်ဖြစ်ကြောင်း၊ သူတို့လည်း မြို့ထဲကိုလက်ဖက်ရည်သောက် ဆင်းခဲ့ဦးမည်ဖြစ်ကြောင်း ကျွန် တော်တို့နားတွေထဲအပြန်လက် ဆောင်စကားတွေ ထိုးသိပ်ထည့်  ပေးလိုက်သေးသည်။

‘ဆိုင်ကယ်မမောင်းရ’ ဟု ဆိုင်းဘုတ်တွေထောင်ထားသော   လမ်းမကြီးပေါ် ကျွန်တော်တို့ ဆိုင်ကယ်လေးပြေးထွက်လာချိန် မှာတော့ နေအပူရှိန်က ပိုမိုပြင်း ပြနေပြီ။ နောက်ကြည့်မှန်တပ်မ ထားသောကြောင့် နောက်ကြည့် မှန်တာဝန်ကို ဆက်ယူထားရပြန် ၏။ ကျွန်တော်တို့ ထွက်ခွာလာ ခဲ့သည့် တောင်ကုန်းလေးပေါ်မှ သစ်ပင်အုပ်အုပ်လေးကား ညို့ ညှို့စုစုလေးဝေးကျန်ရစ်လျက်။

‘‘နေရာလေးက အေးနေ တာပဲကွာ။ မင်းလိုလူမျိုးတွေ သွားနေပြီး စာအေးအေးဆေး ဆေးရေးလို့ကောင်းမှာ’’

ဆိုင်ကယ်မောင်းနေရင်း ကျွန်တော့်မိတ်ဆွေက ဆိုင်ကယ် သံ၊ လေတိုးသံတွေကို ဖောက် ပြီးအော်ပြောသည်။ ကျွန်တော်  ဘာမျှပြန်မပြောဖြစ်။

ကျွန်တော့် မိတ်ဆွေအတွက်  အမှန်တကယ်ကို အေးမြခဲ့ပါရဲ့ လား၊ တကယ်တော့ ကျွန်တော့် မိတ်ဆွေသည် ထိုနေရာလေး၏ လက်ရှိပကတိအခြေအနေကို သာခံစားကြည့်လိုက်ပုံရသည်။ ထိုနေရာထိုရပ်ဝန်းလေးဖြစ်ပေါ် လာပုံ၏ အတိတ်လမ်းတိုကလေး   ကို ပြန်လျှောက်ကြည့်ပုံမရ။ ထို နေရာကလေး၏ စိုပြည်အေး ချမ်းမှုကို ကွင်းကွက်ခံစားပြီး ပတ်ဝန်းကျင်ရိုးမကြီးတစ်ခုလုံး လည်ဆံမွေးတွေအရိတ်ခံထားရ သည့်ကေသရာဇာခြင်္သေ့မင်း တစ်ကောင်လိုကျက်သရေ ကင်း မဲ့နေသည်ကို မြင်လိုက်ပုံမရ။ သူ အေးချမ်းလှပါသည်ဟု တဖွဖွ ရေရွတ်နေသည့် သစ်ပင်အုပ်အုပ် တောင်ကုန်းလေးသည် သားရဲ  အစွယ်တွေဖြင့် ကုတ်ဖဲ့လုယူထား သည့်နိုင်ငံ့ကိုယ်အင်္ဂါတစ်စိတ် တစ်ပိုင်းဆိုသည်ကိုလည်း တွေးမိ ပုံမရ။


ထိုသစ်ပင်အုပ်အုပ်တောင် ကုန်းလေးဆီရောက်ခဲ့ကြစဉ်က ကျွန်တော်မည်ရွေ့မည်မျှ ပူ လောင်ခဲ့ရကြောင်း ဒီနေ့အထိ ကျွန်တော့်မိတ်ဆွေကို ဖွင့်မပြော ဖြစ်သေးပါ။

No comments:

Post a Comment