Sunday, June 9, 2019

သစ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၇၀ ကျော်ကို ထိုင်းအလုပ်ရှင်ထုတ်ပယ်

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်တွင် သစ်စက်အလုပ်ရုံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၇၀ ကျော်ကို ထိုင်းအလုပ်ရှင်က ကြိုတင်အသိပေးခြင်း မရှိဘဲ စက်ရုံပိတ်၍ အလုပ်မှ ထုတ်ပယ်မှု ဖြစ်ပွားခဲ့ သည်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ် နှင့် နှစ်နိုင်ငံသဘောတူစာချုပ် MoU ဖြင့် လာရောက်အလုပ်လုပ် ကိုင်သော မြန်မာလုပ်သား ၁၇၄ ဦး အလုပ်ထုတ်ခံရမှုနှင့်ပတ်သက် ပြီး အလုပ်သမားသံအရာရှိတစ် ဦးက သွားရောက်ဖြေရှင်းပေးနေ ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။

‘‘အလုပ်ရုံပိတ်တယ်လို့ တော့ ပြောတယ်။ နစ်နာကြေးရ အောင်တော့ ဥပဒေပါအတိုင်း လုပ်ပေးနေပါတယ်။ ထိုင်းဘက် ခြမ်းနဲ့ပေါင်းပြီး စစ်ကြမှာပေါ့’’ဟု ဦးစန်းမောင်ဦးက ပြောသည်။

ထိုင်းအလုပ်ရှင်က အလုပ် သမားများအား နစ်နာကြေးအဖြစ် နှစ်အလိုက် လုပ်အားခပေးခြင်း မရှိဘဲ အားလုံးတန်းတူ တစ်နှစ် လုပ်အားခအတွက် တစ်ဦးလျှင် ဘတ် ၉,၆၀၀ သာ ပေးကြောင်း အဆိုပါသစ်စက်ရုံမှ အလုပ်သ မားခေါင်းဆောင် ကိုငွေစိုးက ပြော သည်။

‘‘အခုဖြစ်နေတာက MoU တွေကို ပြန်ပို့မယ်လည်း ပြောနေ တယ်။ စက်ရုံပိုင်ရှင်က အစက အလုပ်ထုတ်တယ် ပြောတယ်။ နောက်ပြီး အလုပ်ပိတ်တယ်ပြန် ပြောတယ်။ အခုတော့ အလုပ်သ မားတွေက အလုပ်မရှိဘဲ ဖြစ်နေ တယ်’’ဟု ကိုငွေစိုးက ပြောသည်။

ထိုင်းသစ်စက် အလုပ်ရှင်က ဇွန်လ ၅ ရက်တွင် အလုပ်ထုတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအနေဖြင့် ပွဲစားများ ၏လိမ်လည်လှည့်ဖြားမှုကို ယုံ ကြည်မိလျှင် ဗီဇာအတု၊ နိုင်ငံကူး

စာအုပ်အတု၊ စာရွက်စာတမ်း အတုပြုလုပ်သည့် တရားခံဖြစ်နိုင် သည်ဟု ထိုင်းနိုင်ငံ လူဝင်မှုကြီး ကြပ်ရေး ရဲတပ်ဖွဲ့က ဇွန်လ ၁ ရက်တွင် ကြေညာထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအနက် မြန်မာလုပ် သားခြောက်သိန်းခန့် ကိုင်ဆောင် ထားသော မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် (CI)သည် ၂၀၂၀ မတ်လ ၃၁ ရက် တွင် သက်တမ်းကုန်ဆုံးမည်ဖြစ် ၍ CI လက်မှတ်ကို ထိုင်းအစိုးရ က သက်တမ်းကိုးလတိုးပေးထား သည်။


CI လက်မှတ်ကိုင်ဆောင် ထားသော မြန်မာလုပ်သားများ သည် ထိုကာလအတွင်း နှစ်နိုင်ငံ သဘောတူစာချုပ် MoU U Turn စနစ်ဖြင့် ပြန်လည်ဝင်ရောက်လုပ် ကိုင်ရမည်ဖြစ်သည်။

No comments:

Post a Comment