Sunday, June 9, 2019

အဆိုတော်ရှကီယာ အခွန်ရှောင်မှုစွပ်စွဲချက်အတွက် စပိန်တရားရုံးတွင် စစ်ဆေးခံခဲ့ရ

ကိုလံဘီယာပေါ့ပ်အဆိုတော် ရှကီယာသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း ရရှိခဲ့သည့် ဝင်ငွေအပေါ် အခွန်ဒေါ်လာ ၁၆.၂၉ သန်း ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်ဆိုသော စွပ်စွဲချက်အတွက် ဇွန် ၆ ရက်တွင် ဘာစီလိုနာမြို့အနီးရှိ တရားရုံးတစ်ခု၌ စစ်ဆေးမေးမြန်းခံခဲ့ရသည်။ ရှကီယာသည် ယင်းကာလအတွင်း ကာတာလိုနီးယားဒေသ၌ နေထိုင်ခဲ့သည်ဟု အစိုးရရှေ့နေများက ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် စွဲချက်တင်ခဲ့သည်။


အသက် ၄၂ နှစ်အရွယ် ရှကီယာသည် အသက် ၃၂ နှစ်အရွယ်ရှိ ဘာစီလိုနာကစားသမား ဂျရတ်ပီကေးနှင့် ၂၀၁၁ ခုနှစ်အစောပိုင်းတွင် တွဲခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှသာ စပိန်နိုင်ငံသို့ တရားဝင် ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်းနှင့် စပိန်တွင် နေထိုင်သည့် ကာလအတွင်း အခွန်များကို ထမ်းဆောင်ခဲ့ကြောင်း ゞင်း၏ပြောခွင့်ရပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ် မတိုင်မီအထိ ရှကီယာ၏ ဝင်ငွေအများစုသည် ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်များမှရရှိသည့် ဝင်ငွေများဖြစ်ကြောင်း၊ ရှကီယာသည် ၂၀၁၅ ခုနှစ် မတိုင်မီက စပိန်တွင် ခြောက်လထက်ပိုပြီး နေထိုင်ခဲ့ခြင်းမရှိကြောင်း ゞင်း၏ ပြောခွင့်ရပုဂ္ဂိုလ်က  ပြောကြားခဲ့သည်။

လက်တင်အမေရိက၏ အထင်ရှားဆုံး အနုပညာရှင်တစ်ဦးဖြစ်သည့် ရှကီယာကို စစ်ဆေးမေးမြန်းမှုသည် တစ်နာရီနှင့် မိနစ် ၂၀ ကြာမြင့်ခဲ့ကြောင်း တရားရုံးပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ရှကီယာနှင့် ゞင်း၏ရှေ့နေက မီဒီယာကို ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်းမရှိခဲ့ပေ။ ရှကီယာသည် အခွန်အားလုံး ပေးဆောင်ခဲ့ကြောင်းနှင့် ゞင်းတွင် အပြစ်မရှိကြောင်း ゞင်း၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Carlos Vives နှင့် စုံတွဲသီဆိုထားသည့် La Bicicleta သီချင်းသည် ကူးချထားသည့် သီချင်းဖြစ်သည်ဆိုသော စွပ်စွဲချက်အတွက်လည်း ရှကီယာသည် မေတွင်တရားရုံးတွင် စစ်ဆေးခံခဲ့ရသည်။ ယင်းသီချင်းသည် ကူးချထားသည့် သီချင်းမဟုတ်ဟု တရားသူကြီးက ဆုံးဖြတ်ခဲ့သဖြင့် တရားစွဲဆိုမှုမှ လွတ်မြောက်ခဲ့သည်။

ရှကီယာသည်  လက်တင်အမေရိကတွင် အောင်မြင်မှုအရှိဆုံး အဆိုတော်တစ်ဦးဖြစ်ပြီး Hips Don’t Lie, Whenever Wherever အပါအဝင် ゞင်း၏သီချင်းများစွာသည် ကမ္ဘာတစ်ဝန်း သီချင်းရောင်းချမှုစာရင်းတွင် ဦးဆောင်ခဲ့သည်။

No comments:

Post a Comment