Sunday, June 9, 2019

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ပတ်သက်၍ GGS ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအကြား ချုပ်ဆိုထားသည့် စာချုပ်အား ဖျက်သိမ်းခဲ့ပြီး မီတာခနှုန်းထား အသစ်ကို ဇွန်လမှသာ စတင်ကောက်ခံခွင့်ပြုရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်

တနင်္သ࿿ာရီတိုင်းဒေသကြီး ထားဝယ် ခရိုင်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့်ပတ်သက်၍ GGS ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအကြား ချုပ်ဆိုထားသည့်စာချုပ်ကို ဖျက်သိမ်းလိုက်ပြီး မီတာခနှုန်းထား အသစ်ဖြင့် ကောက်ခံမှုကို ဇွန်လမှသာ စတင်ကောက်ခံခွင့်ပြုရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရထံသို့ ဂက်စ်ဖိုးငွေ အကြွေး ကျပ်ကိုးဘီလျံကျော် ပေးသွင်းရန်ကျန် ရှိနေသည့် GGS (Global Grand Services) ကုမ္ပဏီကို လက်ရှိလုပ်ကိုင်နေသည့် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်နှင့် ဖြန့်ဖြူးရေးလုပ်ငန်း နှစ်ခုစလုံးအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေး ဆုံးဖြတ် ချက်အရ ယာယီလုပ်ကိုင်ခွင့် စာချုပ်အသစ် ချုပ်ဆို၍ မီတာခနှုန်းထား အသစ် (မီတာခ တစ်ယူနစ် ၂၅၀ နှင့်လမ်းမီးခ ကျပ် ၄၀ဝ) ဖြင့် ယခုဘဏ္ဍဍာရေးနှစ်အကုန် (စက်တင်ဘာလကုန်) အထိ ယာယီဆက်လက် လုပ်ကိုင်ခွင့်ြ ပုသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြီးခဲ့သည့် မေလလယ်ပိုင်းက ထားဝယ်ခရိုင်အတွင်း ပြုလုပ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လူထုတွေ့ဆုံပွဲများတွင် ပြောကြားခဲ့ကြောင်း၊ ထိုသို့ပြောဆိုခဲ့ပြီးနောက် ဒေသခံများအကြား ဝေဖန်မှု အပြင်းအထန် ထွက်ပေါ်ခဲ့ကာ ပြီးခဲ့သည့် မေ ၃၁ ရက်က ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကက် ဘိနက်အစည်းအဝေးတွင် ယင်းကိစ္စအားပြန် လည်နွေးဆွေးခဲ့ပြီး မေလအတွက် မီတာခအား ယခင်နှုန်းထားဖြစ်သည့်တစ်ယူနစ် ကျပ်၂၀ဝ နှင့် လမ်းမီးခ ကျပ် ၁၀ဝ သာ ကောက်ခံရန်နှင့် မီတာခနှုန်းထားအသစ်ဖြစ် သည့် တစ်ယူနစ်ကျပ်၂၅၀ နှင့်လမ်းမီးခ ကျပ် ၂၀ဝ ကို လက်ရှိ ဇွန်လအတွက် မီတာခ ကောက်ခံမှသာ တိုးမြှင့်ကောက်ခံခွင့်ပြုသွား ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦး အောင်သူရက ပြောကြားသည်။

“(မီတာခနှင့် လမ်းမီးခ) ဈေးနှုန်းက တော့ မေလကနေ စမကောက်ခိုင်းဘူးပေါ့။ ဇွန်လကနေပြီးတော့ အစိုးရအဖွဲ့ကနေ ပြန်ကောက်ခိုင်း ထားတာရှိတယ်။ မီတာယူနစ် ဈေးကတော့ ၂၅၀ ပဲ။ ဇွန်လမှကောက်မယ်။ အခုကတော့ ၂၀ဝ ပဲကောက်မယ်၊ ၅ လပိုင်းအတွက်။ လမ်းမီးကြေးကတော့ ၄၀ဝ မဟုတ်တော့ဘူး။ ၂၀ဝ ပဲ။ ကော်မတီကနေတင်တဲ့ဟာမှာ အစိုးရက ၄၀ဝ မှာ ၂၀ဝ ပဲခွင့်ပြုလိုက်တယ်။ အခုတော့ GGS ကို စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုနဲ့ စာချုပ်ကိုတော့ ဖျက်လိုက်ပြီ။ ဖျက်ပြီးတော့ တင်ဒါအသစ်ပြန်ခေါ်မယ်။ သူ့ကိုတော့ အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ လက်ရှိတင်ဒါမခေါ်ခင် စပ်ကြားမှာ မီးပေးထားရမှာ။ အစိုးရက သတ်မှတ်တဲ့ ဈေးနှုန်းနဲ့ပေါ့။ ယာယီစာချုပ်ကတော့ အခုချုပ်မယ်။ စာချုပ် ချုပ်တာကတော့ Process အရ နည်းနည်း အချိန်ပေးရမယ်။ အရင်ကထုတ်လုပ်၊ ဖြန့်ဖြူး သီးသန့်ချုပ်တာဆိုတော့ အခုက တပေါင်းတည်း လုပ်ရမယ်။ စာချုပ်ကို ကော်မတီက စစ်၊ ကော်မတီကစစ်ပြီးမှတစ်ခါ ဥပဒေချုပ်ရုံးကိုပို့၊ ဥပဒေချုပ်ရုံးကနေတစ်ဆင့် အစ်ကိုတို့ဆီပို့။ နည်းနည်းတော့ကြာတယ်။ ဇွန်လထဲမှာ ဖြစ်သွားလိမ့်မယ်။ (စာချုပ်စည်းကမ်း ဖောက်ဖျက်မှုနှင့် ပတ်သက်၍) ကုမ္ပဏီဘက်ကိုတော့ အရေးမယူဘူး။ လောလောဆယ်တော့ လုပ်ကိုင်ခွင့် ပြန်ရုတ်သိမ်းတာလောက်ပဲ။ အရေးယူတယ် ဆိုတာက လုပ်ကိုင်ခွင့် ပြန်ရုပ်သိမ်းလိုက်တာက အရေးယူတာပဲ” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။


လက်ရှိအနေအထားအရ GGS ကုမ္ပဏီ အား ယခုဘဏ္ဍဍာရေးနှစ် အကုန်အထိ ယာယီအနေဖြင့် လုပ်ကိုင်ခွင့် ပေးထားမည်ဖြစ်ပြီး လျှပ်စစ်သုံးစွဲသူများထံမှ မေလအတွက် ပေးဆောင်ရမည့် မီတာခကို ယခင်ဈေးနှုန်း အတိုင်းဖြစ်သည့် တစ်ယူနစ်ကျပ် ၂၀ဝ နှင့် လမ်း မီးခ ကျပ် ၁၀ဝ သာ ကောက်ခံရန်နှင့် မီတာခနှုန်းထား အသစ်ကို ဇွန်လအတွက် မီတာခ ကောက်ခံမှသာ တိုးမြှင့်ကောက်ခံခွင့်ပြုသွားရန် တိုင်းဒေသကြီး အစိုးရက ဆုံးဖြတ်ထားကြောင်း၊ GGS ကုမ္ပဏီနှင့် ယခင်စာချုပ်ကို မေလကုန်မှ ဖျက်သိမ်းခဲ့သောကြောင့် ရုတ်တရက် မီတာခ တိုးမြှင့်ကောက်ခံပါက မသင့်တော်သဖြင့် ယခင်က ဆုံးဖြတ်ထားသော မေလမှစ၍ မီတာခနှင့် လမ်းမီးခ တိုးကောက်ခွင့်ပြုမှုကို ဇွန်လမှသာ ကောက်ခံရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စာချုပ်စည်းကမ်း ဖောက်ဖျက်သည့်အတွက် လုပ်ကိုင်ခွင့် ရုပ်သိမ်းခံရသည့် GGS ကုမ္ပဏီအား အရေးမယူသည့်အပြင် ယာယီလုပ်ကိုင်ခွင့်စာချုပ် မချုပ်ရသေးဘဲ မီတာခ တိုးကောက်ခွင့်ပေးမှုနှင့် ပတ်သက်၍ ပြည်သူများအကြား ဝေဖန်နေမှုရှိသည့်အပေါ် “ဒါကတော့ စာချုပ်ချုပ်တယ်ဆိုတာ တကယ်တမ်းတော့ အစိုးရမှာလည်း လုပ်ပိုင်ခွင့်ရှိတယ်။ လျှပ်စစ်ဥပဒေထဲမှာလည်းပဲ စာချုပ်ချုပ်တယ်ဆိုတာ ခုနက ပြောသလိုပေါ့။ အခုလက်ရှိက ကျွန်တော်တို့က appointment ပေးတဲ့ဟာကိုး။ တကယ်တမ်းက (စာချုပ်) မချုပ်ဘဲလည်းရတယ်။ ကော်မတီကနေလုပ်တဲ့ဟာကိုး။ တင်ဒါတို့ ဘာတို့ လုပ်တာကကျတော့ စည်းမျဉ်းစည်းကမ်းအရ နည်းနည်းရှုပ်တယ်။ ဒါက appointment ပေးတဲ့ဟာဆိုတော့ အစိုးရကနေ အချိန်မရွေး ပြန်ရုပ်သိမ်းခွင့်ရှိတယ်။ တင်ဒါကကျတော့ မတူဘူး။ စည်းမျဉ်းစည်းကမ်းနဲ့  လုပ်ထုံးလုပ်နည်းအရ လုပ်တယ်ဆိုတော့ သူ့ဘက်ကိုယ့်ဘက် စည်းထားရတာရှိတယ်။ အခုကတော့ အစိုးရက ခိုင်းတယ်။ ရှင်းရှင်းပြောရရင် စာချုပ်ချုပ်တယ် ဆိုတာက သူကစည်းပျက်ထားတော့ အစိုးရအနေနဲ့ပိုပြီး လုံခြုံစိတ်ချရအောင် ချုပ်ထားတာ” ဟု ဝန်ကြီးဦးအောင်သူရက ပြောကြားသည်။

GGS ကုမ္ပဏီအနေဖြင့် တိုင်းဒေသကြီး အစိုးရနှင့် ချုပ်ဆိုထားသော စာချုပ်ပါစည်းကမ်း ဖောက်သည်ဟုဆိုကာ တိုင်းဒေသကြီး အစိုးရက စာချုပ်ကို ဖျက်သိမ်းခဲ့သော်လည်း ယင်းကုမ္ပဏီကို Black List မသွင်းဘဲ ယာယီစာချုပ် ထပ်မံချုပ်ဆို၍ လုပ်ကိုင်ခွင့်ပြန်လည် ခွင့်ပြုခြင်းကို မေးခွန်းထုတ်စရာရှိကြောင်း၊ စည်းကမ်း ဖောက်ဖျက်ထားသည့် ကုမ္ပဏီကို ပြန်လည်လုပ်ကိုင်ခွင့်ပြုခြင်းမှာ အဂတိမြောက်မှု ဖြစ်နေသောကြောင့် ယင်းအချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ်အရေး လှုပ်ရှားနေသူ ဦးသန်းဝင်းက မှတ်ချက်ပြုသည်။

ထားဝယ်ဒေသအတွင်း လတ်တလောဖြစ်နေသည့် လျှပ်စစ်ပြဿနာနှင့် ပတ်သက်၍ ဒေသတွင်း လျှပ်စစ်အရေး လှုပ်ရှားသူများ အဖွဲ့(ထားဝယ်ခရိုင်) နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဆောင်သော ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြုကြီးကြပ်မှု ကော်မတီတို့ မေ ၂၁ ရက်က တွေ့ဆုံပွဲအတွင်း၌ တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက GGS ကုမ္ပဏီအား ဆက်လက်လုပ်ကိုင်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့က ထားဝယ်ခရိုင် လျှပ်စစ်ပြဿနာအတွက် ဖြေရှင်းနိုင်ရန် ၃၄ ဦးကော်မတီကို ゞင်းလျှပ်စစ်ဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် စတင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ ကော်မတီမှထား ဝယ်ခရိုင်လျှပ်စစ် ပြဿနာနှင့် ပတ်သက်၍ စတင်စဉ်းစားရာတွင် စာချုပ်ပါ စည်းမျဉ်းကမ်းအရ GGS ကုမ္ပဏီအား ရပ်နားခိုင်းမည်ဆိုပါက တစ်ခရိုင်လုံး မီးမှောင်သွားမည်ဖြစ်၍ ရပ်မလား ဆက်လုပ်ခွင့်ပေးမလား ဆိုသည်ကို စဉ်းစားခဲ့ကြောင်း၊ GGS ကုမ္ပဏီကို ရပ်နားခိုင်းပါက လျှပ်စစ်ဆက်လက်ပေးဝေရန် အဆင်သင့် မရှိသည့်အပြင် အစိုးရအဖွဲ့၌ လက်ရှိ ရှိနေသည့် စက်များမှာ ဒီဇယ်အင်ဂျင် စက်များဖြစ်ပြီး  ရှစ်မဂ္ဂါဝပ်ခန့်သာရှိ၍ ထားဝယ်ခရိုင်တစ်ခုလုံးသို့ လျှပ်စစ်မပေးဝေ နိုင်ကြောင်းနှင့် ယင်းဒီဇယ်အင်ဂျင်များ လည်ပတ်ရန် ဆီလည်းမရှိကြောင်း၊ ထို့ပြင် လျှပ်စစ်ထုတ်ရန် အစိုးရက တာဝန်ယူမည် ဆိုပါက လက်ရှိမီးစက် ကုမ္ပဏီဖြစ်သည့် Aggreko ကုမ္ပဏီမှ မီးစက်များကို လည်ပတ်စေနိုင်သော်လည်း GGS ကုမ္ပဏီ၏ စာရင်းဇယား မှန်ကန်မှု မရှိပါက ဖြန့်ဖြူးရေး လုပ်ငန်းအတွက် ပြဿနာရှိပြီး အရှုံးပေါ်ပါက တိုင်းအစိုးရ၌ စိုက်ထုတ်သုံးစွဲရန် ငွေမရှိကြောင်းနှင့် မီတာခငွေများ ကောက်ခံရရှိမှုအတွက် အစိုးရ၌ ငွေစာရင်း ခေါင်းစဉ်အတွက် ပြဿနာရှိ၍ အလုပ်မဖြစ်သောကြောင့် လက်ရှိတွင် အဆင်သင့်ရှိနေသည့် GGS ကုမ္ပဏီကို လုပ်သာကိုင်သာ ဖြစ်စေရန် ဈေးနှုန်းတစ်ခု တိုးမြှင့်ပေး၍ အရှုံးအမြတ်မရှိဘဲ Zero Line အနေဖြင့် လုပ်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

GGS ကုမ္ပဏီအနေဖြင့် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးအတွက် စတင်လုပ်ကိုင်ခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ MOGE ထံပေးသွင်းရမည့် ဂက်စ်ဖိုးငွေ အမေရိကန်ဒေါ်လာ ၉၀၈၅၉၁၀ ဒသမ ၈၄ ဒေါ်လာ (မြန်မာ ငွေကျပ် ၁၂ ဘီလျံကျော် ၁၂၈၄၇၈၄၂၉၅ ဒသမ ၅၀)ရှိပြီး  လက်ရှိတွင် ကုမ္ပဏီဘက်က ကျပ်ငါးဘီလျံ ပေးသွင်းထားပြီးဖြစ်ကာ ကျန်ရှိသည့် ငွေများအား လေးရစ်ခွဲ၍ ယခုနှစ် အောက်တိုဘာလတွင် အပြီးသတ် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် GGS ကုမ္ပဏီအနေဖြင့် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းအတွက် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ်သိန်း ၂၅၃၂ သိန်းကို ပြည်တွင်းအခွန်ဌာနထံ ပေးဆောင်ရန် ကျန်ရှိနေသေးပြီး ယင်းအတွက် ကုမ္ပဏီဘက်က အရစ်ကျ ပေးဆပ်မည်ဟု ဆိုထားကြောင်း သိရသည်။

No comments:

Post a Comment