Sunday, June 9, 2019

ရာဖေးနာဒယ်နှင့် ဒေါ့မနစ်သိမ် ပြင်သစ်အိုးပင်း ဗိုလ်လုမည်

 ရိုလန်ဂါးရိုစ့် ဗိုလ်လုပွဲသို့ စပိန်တင်းနစ်ချန်ပီယံ ရာဖေးလ်နာဒယ်နှင့် ဒေါ့မနစ်သိမ်တို့ တက်ရောက်သွားပြီး၊ ယနေ့ ဗိုလ်လု မည်ဖြစ်သည်။ နာဒယ်သည် ဖက်ဒဲရာကို ဆီမီးဖိုင်နယ်တွင် ၆-၃၊ ၆-၄၊ ၆-၂ ရလဒ်ဖြင့် အပြတ်အသတ် နိုင်ပြီးနောက် ၎င်း၏ ၁၂ ခုမြောက် ပြင်သစ်ဖလား ဆွတ်ခူးရန်ခြေ တစ်လှမ်းသာ လိုတော့သည်။ ပြိုင်ပွဲဝင်အဆင့် (၆) နေရာ ရှိ ဖက်ဒဲရာက နာဒယ်ကိုအနိုင်ရ ပါက ကမ္ဘာ့နံပါတ် (၂) ဖြစ်လာ မည်ဖြစ်သော်လည်း မျှော်လင့် ချက် ပျက်ပြယ်ခဲ့သည်။ ဖက်ဒဲရာကို အနိုင်ရပြီး နောက် နာဒယ်က ဖက်ဒဲရာသည် မိမိ၏ရာဇဝင်တွင် အကောင်းဆုံး တင်းနစ်သမား ဖြစ်နိုင်သည်ဟု ပြောကြားသည်။


အခြား အကြိုဗိုလ်လုပွဲတွင်ကမ္ဘာ့အဆင့်(၄) ဒေါ့မနစ်သိမ်သည် ကမ္ဘာ့အဆင့်(၁) ဂျိုကိုဗစ် ကို ၆-၂၊ ၃-၆၊ ၇-၅၊ ၆-၇၊ ၆-၅ ရလဒ်ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ခဲ့သည်။ နောက်ဆုံးပွဲငယ်တွင် မိုးရွာသောကြောင့် ၁ နာရီကြာ ရပ်နားခဲ့ရ သည်။ ပြန်လည်ယှဉ်ပြိုင်ရာတွင် ဂျိုကိုဗစ်က ငါးမှတ်အထိ လိုက်ပါ နိုင်ခဲ့သော်လည်း အရှုံးနဲ့ရင်ဆိုင်ခဲ့ ရသည်။ အဆိုပါပွဲသည် အကြိတ်အနယ်ရှိခဲ့ပြီး ငါးနာရီကျော်ကြာယှဉ်ပြိုင်ခဲ့ရသည်။

No comments:

Post a Comment