Sunday, June 9, 2019

ဆီးရီးယားတွင် အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲပြင်းထန်

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ ထိုးစစ်ကို သူပုန်တွေက တွန်းလှန်တိုက်ခိုက်နေလို့ ဇွန် ၈ ရက်က တိုက်ပွဲ အပြင်းထန် ဖြစ်ပွားခဲ့ပါတယ်။ သူပုန်တွေက ဟာမားခရိုင် မြောက်ပိုင်းက ရွာတရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အစိုးရစစ်တပ်က ရှေ့တန်းစစ်စခန်းတွေဆီ စစ်ကူပို့နေတယ်လို့ အစိုးရ သတင်းဌာန စာနာက အစီရင်ခံပါတယ်။



ဇွန် ၆ ရက်က ဟားမားခရိုင်အတွင်း အဓိက ရွာ ၃ ရွာကို သိမ်းခဲ့တယ်လို့ သူပုန်တွေက ပြောပါတယ်။ အစိုးရတပ်တွေ တပ်စခန်းနေရာတွေကို ပြန်ရသွားပြီဆိုတဲ့ အစီရင်ခံစာတွေ မဟုတ်ကြောင်းငြင်းပြီး စစ်တပ်ရဲ့ တပ်ဖွဲ့တွေဟာ ဇွန် ၇ ရက် တိုက်ပွဲတွေအတွင်း အကြီးအကျယ် ကျဆုံးခဲ့တယ်လို့ ပြောပါတယ်။

အိဒလစ်ဘ်နဲ့ ဟားမားခရိုင်တွေအတွင်း အကြမ်းဖက်မှုတွေဟာ မနှစ်ကနွေမှာ စတဲ့ တိုက်ပွဲတွေအတွင်း အကြီးဆုံး စစ်ရေးအရှိန်မြင့်မှုလို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူအတော်များများ သေဆုံးခဲ့ကာ ထောင်သောင်းချီတဲ့ လူတွေ နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြပြီး အများအပြားက တူရီနယ်စပ်မှာ ခိုလှုံနေကြပါတယ်။

ဧပြီလ နှောင်းပိုင်းကစပြီး ဗုံးကြဲလို့ ဆေးဘက်ဆိုင်ရာ ဌာန ၅၅ ခုကို ပိတ်ခဲ့ရတယ်လို့ အတိုက်အခံတွေရဲ့ ပိုက်နက်ထဲမှာ ကူညီပေးနေတဲ့ အကူအညီပေးရေးအုပ်စု UOSSM က သောကြာနေ့မှာ ပြောခဲ့ပါတယ်။

No comments:

Post a Comment