Sunday, June 9, 2019

အာဏာရှင်လမ်းကြောင်းပေါ်သွားနေကြောင်း ဦးဝီရသူ ဝေဖန်ချက်အပေါ် ဒီချုပ်တုံ့ပြန်

ဒီချုပ်အစိုးရက အာဏာရှင်လမ်းကြောင်းပေါ် သွားနေသည်ဟု ဦးဝီရသူ၏ဝေ ဖန်ပြောကြားမှုသည် မမှန်ကန် ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က တုံ့ပြန်ပြော ကြားသည်။ လက်ရှိအစိုးရက အာဏာ ရှင်လမ်းကြောင်းပေါ်ကို သွားနေ သည်ဟု ဦးဝီရသူက VK လူမှုကွန် ရက်တွင် ဝေဖန်ထားမှုအပေါ် ဒီချုပ်ပါတီအနေဖြင့် မည်ကဲ့သို့ တုံ့ပြန်ချင်ပါသလဲဟု  7Day Daily သတင်းထောက်၏မေးမြန်း  ချက်ကို ‘‘ဒါကတော့ မဟုတ်ပါ ဘူးလို့ ကျွန်တော်တို့ ငြင်းဆိုပါ တယ်’’ ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။



ဦးဝီရသူကို အရေးယူလိုက် ခြင်းကြောင့် တည်ငြိမ်အေးချမ်း ရေးအပေါ် ရိုက်ခတ်နိုင်မှု ရှိ၊ မရှိ မေးမြန်းမှုနှင့် ပတ်သက်၍ ယခု ကျင်းပသော အစည်းအဝေးတွင် ဦးဝီရသူကိစ္စကို ဆွေးနွေးခြင်းမရှိ ဟု ဒေါက်တာမျိုးညွန့်က ဆို သည်။

‘‘ကျွန်တော်တို့ရဲ့ မူဝါဒက တော့ ရှင်းပါတယ်။ တရားဥပဒေ စိုးမိုးရေးပါပဲ။ တရားဥပဒေအ ထက်မှာ ဘယ်သူမှရှိလို့ မဖြစ်ပါ ဘူး’’ ဟု ဒေါက်တာမျိုးညွန့်ကဆို သည်။

ဇွန်လ ၆ ရက် ရက်စွဲဖြင့် ဦဝီရသူ၏ ရုပ်သံဖိုင်တစ်ခု လူမှု ကွန်ရက်တွင် ထွက်ပေါ်လာပြီး ယင်းရုပ်သံ၌ လူများက သံဃာကို ခြိမ်းခြောက်၍မရကြောင်းနှင့် တ ရားဥပဒေအရ တရားစွဲဆိုမည်ဆို ပါက မဟနညွှန်ကြားချက်ရမှသာ ဆောင်ရွက်ခွင့်ရှိကြောင်း ဦးဝီရ သူက ဆိုသည်။

ထို့အပြင်သံဃာအဖွဲ့အစည်း ဆိုင်ရာ ဥပဒေ ၂၀/၉၀ ပုဒ်မထွက် လာစဉ်က ယခုလက်ရှိအာဏာရ ပါတီအပါအဝင် အခြားတစ်သီး ပုဂ္ဂလ လူပုဂ္ဂိုလ်များက သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို အာဏာရှင်ဆန်သည်ဟူသော အ သုံးအနှုန်းမျိုးဖြင့် စွပ်စွဲကန့်ကွက် ခဲ့ကြောင်း၊ ယခုလက်ရှိအရပ်သား ဒီမိုကရေစီ အစိုးရလက်ထက် ရောက်ချိန်တွင်လည်း ၎င်းတို့ကိုယ် တိုင် ကန့်ကွက်ရှုတ်ချခဲ့သော ၂၀/၉၀ ဆိုသော ဥပဒေနှင့်ပင် ရဟန်းတစ်ပါးကို ခြိမ်းခြောက်လာ ပြန်ကြောင်း ဦးဝီရသူက ပြော သည်။ ဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူနှင့်ပတ်သက်၍ ၎င်းသွား လာတတ်သည့်နေရာများကို စောင့်ကြည့်ရှာဖွေ စုံစမ်းနေပြီး လာရောက်အဖမ်းခံခြင်းရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ တရားရုံး လုပ်ထုံးလုပ်နည်းအတိုင်း ဆက် လက်ဆောင်ရွက်မည် ဖြစ် ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောကြားထား သည်။

No comments:

Post a Comment