Sunday, June 9, 2019

ပန်းတနော်ဒေသထွက် ဝါးဖြင့်​ရက်​လုပ်​သည့်​ ကွမ်းရွက်​ထည့်​ခြင်းများ ရောင်းအား​ကောင်းနေ

ဧရာဝတီတိုင်း​ဒေသကြီး၊ ပန်းတ​နော်​မြို့နယ်​၊ အင်းတကော်​​ကျေးရွာအုပ်​စုမှယက်လုပ်သည့် ကွမ်းရွက်​ထည့်​ ခြင်း​များ ​ယခုနှစ်​တွင်​ ရောင်း​အားကောင်းနေ​ကြောင်း သတင်းရရှိသည်​။ ​ မြို့နယ်အသီးသီးသို့ ကွမ်းရွက်များတင်ပို့ရာတွင် ဝါးဖြင့်ယက်လုပ်သည့် ကွမ်းခြင်းတောင်းများကို အသုံးပြုမှု တွင်ကျယ်လာသည့်အတွက် ရောင်းအားကောင်းနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။



"အရွယ်​ဆိုက်​ ၂ မျိုးရှိတဲ့ ဝါးဖြင့်​ယက်​လုပ်​တဲ့ ကွမ်းခြင်းတွေကို မြို့နယ်​အသီးသီးမှာ ကွမ်းရွက်​တင်​ပို့​ရောင်းချတဲ့​နေရာမှာ အများဆုံးအသုံးပြုကြတယ်။ ပန်းတ​နော်​၊ ​ဒေါင့်​ကြီးရွာ၊ ပစ်​မကုန်းရွာ​တွေက ၁၀ ရက်​တစ်​ပတ်​ကို ကွမ်းထည့်​အသုံးပြုရန်​အ တွက်​ ခြင်း ၅၀ ပုံမှန်​လာ​ရောက်​ဝယ်​ယူ​နေတာ​ကြောင့်​ အဆက်​မပြတ်​​ရောင်းရတယ်​"ဟု ​ဒေသခံ ကွမ်းခြင်းယက်​လုပ်​သူ ဦးစိန်​​ထွေးက ဧရာဝတီတိုင်းမ်​ကို ပြောသည်​။ ကွမ်းရွက်​ခြင်း ယက်​လုပ်​သူ​များသည်​ ကွမ်းရွက်​ထည့်​သည့်​ ခြင်းများအား ကုန်​ချိန်​ ၂၈ ပိသာထည့်​နိုင်​သည့်ခြင်း၊ ကုန်​ချိန်​ ၃၅ ပိသာထည့်​နိုင်​သည့်​ ခြင်းဟူ၍ ဆိုဒ် ၂ မျိုး ယက်​လုပ်​ကြကြောင်းသိရသည်​။

No comments:

Post a Comment