Sunday, June 9, 2019

၂၀၂၀ ယူရိုခြေစစ်ပွဲများတွင် စပိန်နှင့်ပိုလန် အခြေအနေကောင်းနေ

စပိန်နှင့်ပိုလန်က သုံးပွဲ ဆက် အနိုင်ရရှိမှုနှင့်အတူ ၂၀၂၀ ယူရိုခြေစစ်ပွဲတွင် ရာနှုန်းပြည့် ရလဒ်ကောင်းမွန်မှု ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ စပိန်က အဝေးကွင်းတွင် ဖာရိုးကျွန်းစုကို ၄-၁ ဂိုးဖြင့် အ နိုင်ရစဉ် ပိုလန်ကလည်း အဝေး ကွင်းတွင် မြောက်မက်ဆီဒိုးနီး ယားကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ သည်။ ရီးရဲလ်မက်ဒရစ် နောက်ခံ လူရာမို့စ် ၎င်း၏ ၁၉ ဂိုးမြောက် နိုင်ငံတကာ သွင်းဂိုးရရှိခဲ့သော ယင်းပွဲတွင် စပိန်နည်းပြလူးဝစ် အန်းနရစ်သည် ကိုယ်ရေးကိုယ် တာကိစ္စကြောင့် မလာနိုင်သဖြင့် လက်ထောက်နည်းပြ ရောဘတ် မိုရီနီက ကြီးကြပ်ခဲ့သည်။



ယခုနိုင်ပွဲကြောင့် စပိန်သည် အုပ်စု (F) တွင် မော်လ်တာကို သုံးဂိုးပြတ်အနိုင်ရခဲ့သော ဆွီဒင် ထက် နှစ်မှတ်အသာရခဲ့ပြီး စပိန် နှင့်ဆွီဒင်တို့ ဇွန်လ ၁၀ ရက်တွင် ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။

ချက်အသင်းက နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် ၁၉၉၄ ကမ္ဘာ့ဖလား ကြယ်ပွင့်ကရက်စ်မီယာဘာလာကော့ဗ်၏ ဘူလ်ဂေးရီးယားနည်းပြဘဝ ပွဲဦးထွက်မျက် နှာပန်းမလှဖြစ်ခဲ့သည်။

အုပ်စု (A) တွင် အင်္ဂလန်က နေးရှင်းလိဂ်ပြိုင်ပွဲဝင်ရောက် က စားနေသောကြောင့် ခြေစစ်ပွဲက စားခြင်းမရှိဘဲ ခြောက်မှတ်ရရှိ ထားသော အင်္ဂလန်၏နောက် သုံးမှတ်ဖြင့် ချက်က ဒုတိယနေရာ သို့ တက်လာသည်။ ကိုဆိုဗို၊ ဘူလ်ဂေးရီးယားနှင့် မွန်တီနီဂရိုး က နှစ်မှတ်ရရှိထားသည်။

ယူကရိန်းက ဆားဘီးယား ကို ငါးဂိုးပြတ်အနိုင်ယူပြီး အုပ်စု (B) ထိပ်ဆုံးနေရာကို ခုနစ်မှတ် ဖြင့်ရောက်ရှိခဲ့ပြီး လူဇင်ဘတ်က လေးမှတ်နှင့် တစ်ပွဲလျော့ပေါ်တူ ဂီက နှစ်မှတ်ရရှိထားသည်။

ဇွန်လ ၁၀ ရက်တွင် လူဇင် ဘတ်သည် ယူကရိန်းနှင့်ထိပ် တိုက်တွေ့ဆုံရမည်ဖြစ်၍ ပိုမို ခက်ခဲသော စမ်းသပ်မှုက စောင့် ကြိုနေသည်။

လတ်ဗီးယားကို သုံးဂိုးပြတ် အနိုင်ရသောပွဲ၌ ဟက်ထရစ်ရခဲ့ သူ အစ္စရေးမှဇယာဗီသည် ခြေစစ် ပွဲ သုံးပွဲတွင် သွင်းဂိုး ခုနစ်ဂိုးအထိ ရှိလာပြီး အုပစု (G) ထိပ်ဆုံးမှ ကိုးမှတ်ရရှိထားသော ပိုလန်၏ နောက်တွင် အစ္စရေးက နှစ်မှတ် အကွာဖြင့် ဒုတိယနေရာရယူခဲ့ သည်။ အုပ်စု (D) တွင်ဒိန်းမတ်နှင့် အိုင်ယာလန်တို့ တစ်ဂိုးစီသရေ ကျခဲ့သည်။ ယင်းအုပ်စုတွင် အိုင် ယာလန်က ခုနစ်မှတ်ရရှိထားပြီး ဆွစ်ဇာလန်ထက် သုံးမှတ်ပိုရ ထားကာ ဒိန်းမတ်က နှစ်မှတ်သာ ရသေးသည်။ 

No comments:

Post a Comment