Sunday, June 9, 2019

MIU ဖူဆယ်အသင်း အာဆီယံပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲ သုံးပွဲယှဉ်ပြိုင်မည်

MIU ဖူဆယ်အသင်း သည် အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲမတိုင်မီ ပြည်တွင်း၊ ပြည်ပ ခြေစမ်းပွဲ သုံးပွဲကစားမည် ဖြစ်ကြောင်း အသင်းနည်းပြချုပ် ဦးသန်းဝဏ္ဏအောင်က ပြော သည်။  MIU အသင်းသည် ပြည်တွင်းခြေစမ်းပွဲအဖြစ် ဇွန်လ ၉ ရက်တွင် ရန်ကုန်မြို့ ကျိုက္ကစံလေ့ကျင့်ရေး ကွင်း၌ GV Athletic အသင်း၊ ပြည်ပခြေစမ်းပွဲအဖြစ် ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်တွင် ဘန်ကောက်မြို့၌ ထိုင်းဖူဆယ်လိဂ်ကလပ် ဘန်ကောက် BTS၊ ဆူရာသနီအသင်းတို့နှင့် ခြေစမ်းမည်ဖြစ်သည်။



‘‘အာဆီယံပွဲ အကြိုခြေစမ်း ဖို့အတွက် သုံးပွဲလောက် ကစားဖို့ လုပ်ထားတယ်။ GV Athletic နဲ့ပြည်တွင်းခြေစမ်းပွဲ ကစားဖို့ ညှိထားပြီးပါပြီ။ ပြည်ပခြေစမ်းပွဲ နှစ်ပွဲ ကစားဖို့အတွက်တော့ ဘန်ကောက်ကို ငါးရက်ကြိုသွားမယ်။ ခြေစမ်းပွဲ နှစ်ပွဲကစားမယ်။ပြီးတာနဲ့ အာဆီယံပွဲ ဆက်ပြိုင်ပါမယ်။ ရတဲ့အချိန်ကို ဟိုမှာထပ်ပြီး ပြင်ဆင်မှုတွေ လုပ်သွားမှာပါ’’ ဟု ဦးသန်း ၀ဏ္ဏအောင်က ပြောသည်။  ၂၀၁၉ အာဆီယံဖူဆယ် ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲကို ဇွန် လ ၁၈ မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာခွန်ရစ်ချာ စီးမားကွင်း၌ ကျင်းပမည်ဖြစ် သည်။ အုပ်စုခွဲဝေမှုအရ MIU အသင်းသည် အုပ် စု (ခ) တွင်ကမ္ဘောဒီးယားကလပ် ဒေါင်းတောင်းစပေါ့အသင်း၊ မလေးရှားကလပ် မီလာကာအသင်းတို့နှင့် ကျရောက်နေသည်။  အုပ်စု (က)တွင် အိမ်ရှင် ထိုင်းကလပ်ချောင်ဘူရီ၊ ဗီယက်နမ်ကလပ် ဆာဗီနက်၊ အင်ဒိုနီးရှားကလပ် ဘလက်စတီးအသင်းတို့ ပါဝင်သည်။ MIU ဖူဆယ်အသင်းသည်အာဆီယံပြိုင်ပွဲသို့ လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရပြီး ပြီးခဲ့သည့် သုံးကြိမ်စလုံးတွင် တတိယဆုရရှိခဲ့သည်။

No comments:

Post a Comment