Sunday, June 9, 2019

အခြေခံလူတန်းစားနှင့် ကံစပ်နေသော သိန်းတစ်သောင်းခွဲ

သာမန် လက်လုပ်လက်စား တစ်ဦးအတွက် နေ့ချင်းညချင်း ဘီလျံနာဖြစ်ရန်ဆိုသည့် စိတ်ကူးမှာ အိပ်မက်ဆန်ပေလိမ့်မည်။ သို့သော် ထိုသို့ အမှန်တ ကယ်ဖြစ်နိုင်ကြောင်း ယခုလပိုင်း အတွင်း အခြေခံလူတန်းစားတစ် စုက သက်သေပြနိုင်ခဲ့သည်။ အစိုးရက ဖွင့်လှစ်သည့် ကျပ် တစ်ထောင်တန်ထီ၏ အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းခွဲဆုကို ပိုင် ဆိုင်ခွင့်ရရှိခဲ့သူများပင်။ ကျပ်တစ်ထောင်တန်ထီကို ဇွန်လ ၁ ရက်အထိ လေးကြိမ်ဖွင့် လှစ်ပြီးနောက် ကံထူးရှင်လေးဦး ထွက်ပေါ်ခဲ့ပြီး ၎င်းတို့အားလုံး သည် ငွေကြေးမချမ်းသာသော ဘ၀ကို ပိုင်ဆိုင်ခဲ့ရသူများဖြစ် သည်။


‘‘အခုလို ထီအသစ်စစချင်း မှာ ဆက်တိုက်ဆုကြီးပေါက်တာ ကိုတော့ မကြားဖူးဘူး။ ဒီထီက အခြေခံလူတန်းစားတွေနဲ့ ကံစပ် နေတယ်ပြောရမလားပဲ’’ဟု ထီ ကိုယ်စားလှယ်အဖြစ် နှစ် ၂၀ ကျော် လုပ်ကိုင်ခဲ့သည့် ဦးအေး ထွန်းက ပြောသည်။

ဒီနေ့ထိုး ဒီနေ့ပေါက်

ကျပ်တစ်ထောင်တန်ထီ ပထမဆုံးဖွင့်လှစ်ခဲ့သည့် မတ်လ တွင် အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းခွဲဆုကို ဦးဦးဖျားဖျား ဆွတ်ခူးခဲ့သူသည် နေပြည်တော် တွင် ပရဟိတကျောင်းဖွင့်လှစ် ထားသည့် ဆရာတော် ဘဒ္ဒန္တစန္ဒိ မာဖြစ်သည်။

 ဆရာတော် ဘဒ္ဒန္တစန္ဒိမာ သည် မိဘမဲ့နှင့်အနီးပတ်ဝန်းကျင် မှ ကလေး ၄၀၀ ကျော်ကို ခေါ်ယူ စောင့်ရှောက်ထားပြီး ပညာဒါန ပေးနေသူဖြစ်သည်။

ပရဟိတလုပ်ငန်းကို လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကတည်းက စတင်ခဲ့ပြီး ပဒေသာပင်မရှိဘဲ စတင်ခဲ့သဖြင့် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကာ ထီဆုကြီးမပေါက်မီအချိန်ထိ အကြွေး ကျပ်သိန်း ၅၀၀ ခန့် တင်နေကြောင်း ဆရာတော်က မိန့် သည်။

ကျပ်တစ်ထောင်တန်ထီဖွင့် မည့် မတ်လ ၁ ရက် နံနက်တွင် ထီရောင်းသူ၏ လက်ကျန်ထီကို အကြွေးဖြင့်ဝယ်ခဲ့ရာမှ အဆိုပါ ထီလက်မှတ်များထဲမှ ကျပ်သိန်း တစ်သောင်းခွဲဆုကို ဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။

‘‘ထီပေါက်တော့ ကောင်း တာပေါ့။ ကိုယ့်အတွက် ကောင်း တာမဟုတ်ဘူး။ ကလေးတွေအ တွက်ကောင်းတာ’’ဟု ဆရာတော်ဘဒ္ဒန္တစန္ဒိမာက ထီပေါက်သည့်နေ့၌ မိန့်ကြားသည်။

 ဆရာတော်၏ ပရဟိတ ကျောင်းတွင် လုံခြုံမှုအားနည်း သည့် အုတ်တံတိုင်းများခတ်ရန်၊ ကလေးများ၏ ပညာရေးအတွက် ကွန်ပျူတာသင်တန်းများပေးရန်၊ လျှပ်စစ်မီး လုံလောက်စွာရရှိရန် နှင့် ကလေးများနေထိုင်သည့်အ ဆောင် ပြန်လည်ပြုပြင်တည် ဆောက်ရန် ထီမပေါက်မီက တည်းက ဆန္ဒရှိခဲ့သည်။

ကျပ်သိန်းတစ်သောင်းခွဲ ပိုင် ဆိုင်ခွင့်ရရှိချိန်တွင် ယင်းဆန္ဒများ ကို အကောင်အထည်ဖော်နိုင်ခွင့် ရရှိခဲ့ပြီလည်းဖြစ်သည်။

ထိုသို့ ကျပ်တစ်ထောင်တန် ထီ၏ ပထမဆုံးကျပ်သိန်းတစ် သောင်းခွဲဆုတွင် အလှူငွေလို အပ်နေသည့် ပရဟိတပြုလုပ်နေ သူ ဆရာတော်က ထီဆုကြီးပိုင် ဆိုင်ခွင့်ရရှိခဲ့သည့်အပေါ် ထီဝါသ နာရှင်များကလည်း ၀မ်းမြောက် ၀မ်းသာဖြစ်ခဲ့ကြောင်း လူမှုကွန်ရက်၌ ရေးသားဂုဏ်ပြုခဲ့ကြသည်။

သမီးလေးပေးသည့်ကံ

 ကျပ်တစ်ထောင်တန်ထီ၏ ဒုတိယမြောက် ကျပ်သိန်းတစ် သောင်းခွဲဆုရှင် ထွက်ပေါ်လာခဲ့ ချိန်တွင်လည်း ထီဝါသနာရှင်များ ကို အံ့ဩမှင်တက်စေခဲ့ပြန်သည်။

 ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အမှတ်(၃) ရပ်ကွက်မှ အသက်(၂၀)ခန့်အ ရွယ် ကိုပြည့်ဖြိုးမောင်နှင့် မလွင် လွင်ဦးတို့ဇနီးမောင်နှံက ဆွတ်ခူးပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ဇနီးမောင်နှံမှာ ကြုံ ရာကျပန်းအလုပ်လုပ်ကိုင်ပြီး အ သက်မွေးဝမ်းကျောင်းပြုကာ ဘ၀ ကို ခက်ခဲစွာရုန်းကန်ဖြတ်ကျော် နေရသူများဖြစ်သည်။

 ထီမဖွင့်မီရက်ပိုင်းအလိုက ၎င်းတို့၏ ကိုးလအရွယ်သမီးဖြစ် သူ မပန်းအိသဇင်က ထီဆိုင်တွင် ဆွဲဖြုတ်လိုက်သည့် တစ်စောင် တည်းသော ထီလက်မှတ်ကို ၀ယ် ယူကံစမ်းခဲ့ရာမှ ကျပ်သိန်းတစ် သောင်းခွဲဆုရှင် ဖြစ်လာစေခဲ့ သည်။

၎င်းတို့မိသားစုနေထိုင်သည့် အိမ်မှာ ယိုင်နဲ့နေသည့် ၀ါးထရံ ကာအိမ်ဖြစ်ပြီး ဒေသခံတစ်ဦးက ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ယင်းအိမ် နှင့် ထီကံထူးသည့် မိသားစုအ ကြောင်းတင်ခဲ့ရာ တွေ့မြင်ရသူများအဖို့ အံ့ဩ၀မ်းသာဖြစ်ခဲ့ရသည်။

 ထိုသို့ ချို့တဲ့သည့်ဘဝမှဘီလျံနာ ဖြစ်လာစေခဲ့ပြီးနောက် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင် တစ်သိန်းကျပ်ဖြင့် ကျောင်း ၂၃၀ အတွက် ကျပ်သိန်းနှစ်ရာ့သုံးဆယ်ကို ကနဦးအလှူပြုလုပ်ခဲ့ပြီး အခြားလှူဒါန်းမှုများကိုလည်း ၎င်းတို့မိသားစု ဆက်လက်ပြုလုပ်နေကြောင်း ဒေသခံ များက ပြောပြသည်။

စပ်တူကံထူး

 တတိယအကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုရှင်မှာ ထီ စပ်တူထိုးခဲ့သည့် ပုသိမ်မြို့အမှတ် (၅)ရပ်ကွက် တက်ဆိပ်ရပ်ကွက် တွင် နေထိုင်သည့် မရီးနှင့် မတ် တော်စပ်သူတို့ဖြစ်သည်။

မရီးဖြစ်သူ မမိုးမိုး(ခ) မဝေ ဝေနိုင်မှာ ဒီဇိုင်နာနှင့်စက်ချုပ်လုပ် ငန်းလုပ်ကိုင်သူဖြစ်ပြီး မတ်တော် စပ်သူ ကိုအောင်ကိုဦးမှာ ဆိုင် ကယ် ကယ်ရီဆွဲသည်။

ထို့ကြောင့် ၎င်းတို့မှာ မိသား စုစားဝတ်နေရေးအတွက် အသီး သီးရုန်းကန်နေကြရသဖြင့် အိမ် အနီးတွင် ဖွင့်လှစ်ထားသော မိုး ယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်ထံမှ လစဉ်ထီထိုးလေ့ရှိသည်။

‘‘အိမ်ဝင်ငွေက တစ်လကို  နှစ်သိန်းကျော်လောက်ပဲရှိတယ်။ မိသားစုအနေနဲ့ အဲဒီငွေက ပိုလျှံ တယ်လို့ မရှိခဲ့ပါဘူး’’ဟု မမိုးမိုး (ခ) မဝေဝေနိုင်က ပြောသည်။

သို့သော် ၎င်းတို့မိသားစုအ တွက် ကံကြမ္မာအလှည့်အပြောင်း က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိ လာခဲ့ပြီး (၃)ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ အောင်ဘာလေထီဆုကို ပိုင်ဆိုင်ခဲ့သည်။

၎င်းတို့မှာ ထီဖွင့်ပြီး နောက် တစ်ရက်တွင် ထီဆိုင်က ကိုယ် တိုင်လာရောက် ထီတိုက်ပေးမှ သာ ကျပ်သိန်းတစ်သောင်းခွဲ ထီ ပေါက်ကြောင်း သိခဲ့ရခြင်းဖြစ် သည်။

‘‘ဝမ်းသာလိုက်တာ။ ခြေ တွေ၊ လက်တွေတောင်တုန် တယ်’’ဟု ကိုအောင်ကိုဦးက မေ လ ၄ ရက်တွင် ပြောသည်။

ထီဆုကြီးကံထူးခဲ့ပြီးနောက် အိမ်ရှေ့လမ်း ကွန်ကရစ်ခင်းရန်၊ အခြားလှူဒါန်းမှုများ ပြုလုပ်ရန် ရည်မှန်းခဲ့ပြီး နောက်ပိုင်းတွင်မည် သည့်အလုပ်လုပ်ကိုင်မည်ကို ဆုံး ဖြတ်ထားရသေးခြင်း မရှိကြောင်း ၎င်းတို့နှစ်ဦးက ထီပေါက်မှန်းသိပြီး နောက်တစ်ရက်တွင် ပြော သည်။

‘‘ကွန်ကရစ်လမ်းကတာ့ခင်း ပြီးပြီ။ အလှူတချို့လည်း လုပ်ပြီး ပြီ။ ထပ်ပြီးလှူဖို့တန်းဖို့တွေ လုပ် သွားဦးမှာ။ အလုပ်ကတော့ ဒီဇိုင် နာစက်ချုပ်အလုပ်ပဲ ဆက်လုပ် မယ်။ တခြားမှမလုပ်တတ်တာ’’ ဟု မမိုးမိုး (ခ) မဝေဝေနိုင်က ဇွန်လ ၃ ရက်တွင် ပြောသည်။

အိပ်မက်ကိုလက်ဝယ်ရသူ

သာမန်လူတစ်ဦးအနေဖြင့် အချိန်မရွေး ဘီလျံနာဖြစ်နိုင် ကြောင်းကို မန္တလေးမြို့တွင် ကွမ်း ယာရောင်းသည့် ကိုဝင်းကျော်တို့ ဇနီးမောင်နှံကလည်း အနီးစပ်ဆုံးသက်သေပြကြပြန်သည်။

၎င်းတို့ဇနီးမောင်နှံမှာ အိမ် ထောင်ကျခဲ့သော လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ကွမ်းယာ ရောင်းရင်းဖြင့် ဘ၀ကို တည် ဆောက်ခဲ့ကြသူများဖြစ်သည်။

 မကြာခင်ကမှ ရှိရင်းစွဲ ပစ္စည်းများနှင့် ကွမ်းယာရောင်း ရင်း စုဆောင်းရရှိသည့်ငွေဖြင့် အိမ်တစ်လုံးကို ၀ယ်ယူနိုင်ခဲ့သော် လည်း ကလေးနှစ်ယောက်အ တွက် စရိတ်စကများကြောင့် သူ တို့မိသားစုဘ၀ချောင်လည်ခဲ့ခြင်း  တော့မရှိပေ။

တစ်နေ့တစ်နေ့ ဈေးရောင်း ရငွေမှာ မိသားစုအိမ်စရိတ်သာရှိ သဖြင့် သားနှစ်ဦး၏ အနာဂတ် အတွက် သူတို့ဇနီးမောင်နှံ စိုးရိမ် ပူပန်ခဲ့ရသည်။

ထို့ကြောင့် အနာဂတ်အ တွက် မျှော်လင့်ချက်အဖြစ် လစဉ်  ထီကံစမ်းဖြစ်ခဲ့ပြီး ယခုအခါ သူတို့ ၏ အိပ်မက်ကို အမှန်တကယ်ဆုပ် ကိုင်ခွင့်ရရှိလာသည်။

ဇွန်လ ၁ ရက်က ဖွင့်လှစ် သည့် အောင်ဘာလေထီ၏ ကျပ် သိန်းတစ်သောင်းခွဲဆုကို ၎င်းတို့ဇနီးမောင်နှံက စတုတ္ထအကြိမ် မြောက် ကံထူးရှင်အဖြစ် ပိုင်ဆိုင် ခွင့်ရခဲ့၍ဖြစ်သည်။

‘‘ဘ၀အခြေအနေ ချက်ချင်း ကြီးပြောင်းသွားပေမယ့် အိပ်မက်လို့ ထင်နေတုန်းပဲ’’ဟု ကိုဝင်း ကျော်က ဖွင့်ဟသည်။ သို့သော် သူအနေဖြင့် အခြားအလုပ်မတတ် ကျွမ်းသောကြောင့် ကွမ်းယာသာ ဆက်ရောင်းသွားမည်ဖြစ်ပြီး သား နှစ်ဦး၏ ပညာရေးအတွက် စိတ် သက်သာရာရရှိစေခဲ့သည်ဟု ဆို သည်။

‘‘ကျွန်တော်တို့ လင်မယား  ပညာရေးအားနည်းခဲ့သလောက် သားတွေကို ပညာတတ်ဖြစ် အောင် လုပ်နိုင်တော့မယ်’’ဟု အ တန်းပညာ လေးတန်းအထိသာ သင်ယူခဲ့ရသည့် ကိုဝင်းကျော်က ပီတိသံအပြည့်ဖြင့်ပြောသည်။

ထို့အပြင် ရရှိသည့် ဆုငွေ များထဲမှ အချို့ကို သားနှစ်ဦးရှင် ပြုရန်နှင့် ၎င်း၏ဇာတိမြင်းမူမြို့သို့ ပြန်၍ အလှူအတန်းပြုလုပ်သွား ရန်လည်း ရည်စူးထားကြောင်းဆို သည်။

ထားတတ်လျှင်ပီတိ

ယခုကဲ့သို့ ကျပ်တစ်ထောင်    တန်ထီလေးကြိမ်ဆက်တိုက်တွင် ငွေကြေးအဆင်မပြေသူများသာ အမြင့်ဆုံးဆုကို ဆွတ်ခူးရရှိသည့် အတွက်လည်း ၀မ်းသာအားရဖြစ် ရသည်ဟု ကိုဝင်းကျော်က မှတ် ချက်ပြုသည်။

‘‘ရှိပြီးသားသူတွေက အခြေ ကျပြီးသားလေ။ ကိုယ်တွေလို ဆင်းရဲသားတွေ မေ့မေ့ပျောက်  ပျောက်မနေဘဲ တတ်နိုင်သ လောက် ထီထိုးဖို့ တိုက်တွန်းပါ တယ်’’ဟု ၎င်းကပြောသည်။

တတိယမြောက် ကျပ်သိန်း   တစ်သောင်းခွဲဆုရှင် မမိုးမိုး (ခ)  မဝေေ၀နိုင်ကလည်း ‘‘မရှိတဲ့သူ တွေပေါက်တော့ ကိုယ်လုပ်ချင် တာတွေ လုပ်နိုင်သွားတာပေါ့။ တခြားသူတွေအတွက်လည်း ၀မ်း သာတယ်’’ဟု ပြောသည်။

ကျပ်တစ်ထောင်တန်ထီမှာ တစ်လလျှင် စောင်ရေ ၃၅ သန်း ခန့် ဖြန့်ဖြူးရောင်းချလေ့ရှိပြီး အ မြင့်ဆုံး ကျပ်သိန်းတစ်သောင်းခွဲ ဆုအတွက် ထီလက်မှတ်တစ် စောင်ကသာ ကံထူးခွင့်ရရှိသည်။

 ထို့ကြောင့် ယင်းထီဆုကို ဆွတ်ခူးရရှိရန် အခွင့်အလမ်းက နည်းပါးလွန်းသည်ဆိုနိုင်သကဲ့သို့ ထီထိုးထားသည့်သူတိုင်း အခွင့် အရေး ဆတူရှိနေသည်ဆိုလျှင် လည်းမမှား။

ထိုသို့ ထီဆုကြီးများကို ငွေ ကြေးမပြည့်စုံသူများ ရရှိခြင်း ကြောင့် ပီတိဖြစ်ကြသူများစွာရှိ ပါသည်။  ‘‘ကိုယ်မပေါက်လည်း သူတို့ ကို လှူလိုက်သလိုဖြစ်တာလေ’’ ဟု လစဉ်ထီကံစမ်းလေ့ရှိသူ မအေးအေးစန်းက ပြောသည်။

No comments:

Post a Comment