Sunday, June 9, 2019

အနုပညာအလုပ်တွေကို လျှော့တဲ့အချိန်ရောက်ပြီဆိုတဲ့ ထွန်းအိန္ဒြာဗို

မိသားစုနှင့် ဘာသာ တရားအတွက် အချိန်ပေးလိုသော ကြောင့် အနုပညာအလုပ်ကို နောက်ထပ်လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မည်ဟု သရုပ်ဆောင် ထွန်းအိန္ဒြာ ဗိုက ပြောသည်။ ‘‘ကျွန်မကိုယ်တိုင်က အနု ပညာအလုပ်တွေကို လျှော့တဲ့အ ချိန်ရောက်သွားပြီ။ ထုတ်လုပ်ရေး က Stress တွေလည်း ဘာမှမယူ တော့ဘူးလို့ စဉ်းစားနေပါတယ်။ ကျွန်မကိုယ်တိုင် သရုပ်ဆောင် တာလည်း အများကြီးကန့်သတ် လိုက်ပြီ။ ကျွန်မ ဆက်လုပ်ဖြစ်ချင် မှ လုပ်ဖြစ်တော့မှာပါ။ အဓိကက သားအတွက် အချိန်ပေးဖြစ်မယ်။ ပြီးတော့ ဘာသာတရားလည်း လုပ်ချင်တယ်’’ဟု ၎င်းက ပြော သည်။


သားဖြစ်သူ အောင်ဗို ကောင်းသန့်သည် အသက် (၁၃) နှစ်ရှိပြီး အဋ္ဌမတန်းတက်မည်ဖြစ် ကြောင်း၊ သားသည် အနုပညာအ လုပ်ကို ဝါသနာမပါသောကြောင့် ၎င်းကို လုပ်ရန် မတိုက်တွန်း ကြောင်း ထွန်းအိန္ဒြာဗိုက ပြော သည်။

‘‘သားသမီးကတော့ သား သမီးပါပဲ။ ကိုယ်မွေးထားတာဖြစ် တဲ့အတွက် ဆိုးလည်းချစ်တယ်၊ လိမ္မာလည်း ချစ်တယ်။ အခုတော် တယ်တွေ၊ မတော်ဘူးတွေက လည်း ဆုံးဖြတ်လို့မရဘူး။ သူက အခုမှ (၁၃)နှစ်ဆိုတော့ အရမ်း ငယ်သေးတယ်။ နောက် သူ့ရည် ရွယ်ချက်တွေလည်း အများကြီးပဲ ပြောင်းဦးမှာဆိုတော့ ကျွန်မတို့က ဆက်စောင့်ကြည့်ရဦးမယ်။ လမ်း ကြောင်းမှန်ပေါ်ရောက်သွားဖို့က မိဘတွေက တတ်နိုင်သလောက် Guide လုပ်ရမယ်’’ဟု ၎င်းက ပြောသည်။

အသက် (၁၃)နှစ်အရွယ်ဖြစ်သဖြင့် သားကို ထိန်းကျောင်း သည့်အခါ စိတ်ရှည်ရှည်ထားရ ကြောင်း ထွန်းအိန္ဒြာဗိုက ပြော သည်။ ‘‘သူတို့ ပြောင်းလဲတဲ့အချိန် ဆိုတော့ အတွေးအခေါ်လေးတွေ ကအစ လွတ်လပ်ချင်တာလေးတွေ ကိုယ်ကနားလည်ပေးရတယ်။ ချော့လိုက်၊ ခြောက်လိုက်၊ ဆူ လိုက်၊ ဟောက်လိုက်နဲ့ပဲ သွားနေ ရတာပေါ့။ ခေတ်ကမီတော့ သား နဲ့ အမီလိုက်နေရတယ်။ အဲဒါကို တော်တော်လေး စိတ်ရှည်ရ တယ်။ သူတို့ကို ကျောင်းကသင် ပေးတဲ့ ပုံစံက မြန်မာ့ယဉ်ကျေးမှု နဲ့ နည်းနည်းလေး ကွဲလွဲမှုရှိတယ်။ သူတို့ကို ပြောရဲဆိုရဲအောင် သင် ပေးတာဆိုတော့ မြန်မာ့ယဉ်ကျေး မှုနဲ့ကြည့်ရင် နည်းနည်းလေးရိုင်း တယ် ထင်ရတယ်။ အဲဒီကြားထဲ မှာ ကိုယ်လည်း နားလည်အောင် ရှင်းပြပြီး ကိုယ်လည်း စိတ်လျှော့ ရတယ်။ သားကိုလည်း အမီလိုက် ရတယ်။ ဘာသာတရားကတော့ မိဘနဲ့ ဆွေမျိုးအသိုင်းအဝိုင်းမှာ တာဝန်ရှိတယ်’’ဟု ၎င်းက ပြော သည်။

No comments:

Post a Comment