Sunday, June 9, 2019

မိတ္ထီလာတွင် ဆိုင်ကယ်နှင့် ကားတိုက်မိ၊ တပ်မတော်သား ၁ ဦး သေဆုံး

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၁၅/၅ နဲ့ ၆ အကြား မိတ္ထီလာမြို့ ပြည်သာယာ (၄) လမ်းထိပ်မှာ ဇွန် ၈ ရက်ညနေက ဆိုင်ကယ် နဲ့ ကန်တာကား တိုက်မိခဲ့တာကြောင့် တပ်မတော်သား ၁ ဦး သေဆုံးသွားတယ်လို့ မိတ္ထီလာအမှတ်၂ ရဲစခန်းက ပြောပါတယ်။ ကျွဲတလင်းရွာနေ ချစ်မိုးဇော်(၃၁နှစ်) မောင်းလာတဲ့ ကန်တာကားနဲ့  လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးတပ်မှ တပ်ကြပ် သန်းထိုက် (၄၅နှစ်) မောင်းလာတဲ့ ဆိုင်ကယ်တို့ တိုက်မိပြီး အခင်းဖြစ်နေရာမှာ တပ်ကြပ်သန်းထိုက် သေဆုံးခဲ့တာပါ။



မိတ္ထီလာအမှတ် ၂ ရဲစခန်းတာဝန်ကျ ရဲအရာရှိက “မဆင်မခြင်ချိုးကွေ့ဝင်တဲ့ ယာဉ်မောင်းကို အမှုဖွင့်ထားတယ်၊ တပ်ကြပ်ကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးတယ်”လို့ ပြောပါတယ်။

ဒေသခံတဦးက “ကားက ရုတ်တရက် ချိုးကွေ့လိုက်တော့ နောက်က ဆိုင်ကယ်က လွတ်အောင်မရှောင်နိုင်တော့ဘူးပေါ့။ ကွေ့တော့မယ်ဆို ယာဉ်အန္တရာယ်ကင်းအောင် နောက်ကို သေချာကြည့်ပြီးမှ ကွေ့သင့်တယ်” လို့ ပြောပါတယ်။

ကန်တာကားယာဉ်မောင်း ချစ်မိုးဇော်ကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ မိတ္ထီလာအမှတ်၂ ရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

No comments:

Post a Comment