Sunday, June 9, 2019

‘‘လက်နက်အလုံးလိုက်ကြီးလာပြီး စဉ်လာတာ’’ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒုက္ခိတဖြစ်ခဲ့သူ စပါးထားကျေးရွာဒေသခံ ဒေါ်မဝိုင်းကြည်နှင့်တွေ့ဆုံမေးမြန်းခြင်း

 ဇွန်လ ၃ ရက်က တပ်မ တော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မင်းပြားမြို့နယ် စပါးထားကျေး ရွာနေ ဒေါ်မဝိုင်းကြည်အပါအဝင် ဒေသခံ ၂၀၀ ခန့်   ရွာဦးဘုန်း တော်ကြီးကျောင်း၌ ခိုလှုံနေစဉ် လက်နက်ကြီးကျည် ကျရောက် သဖြင့် ခြောက်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ဒေါ် မဝိုင်းကြည်နှင့် တူမနှစ်ဦးလည်း လက်နက်ကြီးကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေ မြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက် ကုသနေသည်။

ဒဏ်ရာကြောင့် ဒေါ်မဝိုင်း ကြည်သည် ဘယ်ဘက်လက် မောင်းတစ်ဖက် ဖြတ်ရပြီး ခြေ ထောက်နှစ်ဖက်တွင်လည်း ဒဏ် ရာရရှိထားသည်။ 7Day Daily သတင်းစာက လက်နက်ကြီး ကျည်ထိမှန်မှုဖြစ်စဉ်နှင့် ပတ် သက်၍ ဒေါ်မဝိုင်းကြည်ကို တွေ့ ဆုံမေးမြန်းထားမှုများမှ ကောက် နုတ်ဖော်ပြလိုက်ပါသည်။

လက်ရှိဒဏ်ရာအခြေအနေ ဘယ် လိုရှိပါသလဲ။

သက်သာတယ်ဆိုရမှာပေါ့။ နေ့တိုင်းထက်တော့ သက်သာ တာပေါ့။ လက်မဖြတ်ခင်တော့ ဆာ (ကိုက်ခဲ)တယ်။ ပူတယ်။ အ ခုတော့ ဖြတ်လိုက်တဲ့အတွက် ရွာ မှာတုန်းကလို နည်းနည်းလေး တော့ သက်တာပေါ့။ ကိုက်တာ၊ ဆာ(ခဲ)တာတွေတော့သက် သာ တာပေါ့။ အဲဒီဒဏ်ရာကတော့ ဘယ်လိုဖြစ်လို့ ချက်ချင်းကောင်း မလဲ။

အဲဒီနေ့က ဖြစ်စဉ်ကိုပြောပြပေးပါ ဦး။

အဲဒီမှာဖြစ်တယ်ဆိုပြီး (စ ပါးထားရွာအနီးတိုက်ပွဲဖြစ်) ဘုန်း ကြီးကျောင်းမှာ ထိုင်နေကြတာပဲ။ အားလုံးထိုင်နေကြတာပဲ။ အဲဒီ မှာ လက်နက်ကျတာ။ လူပေါင်း ၂၀၀ လောက်ရှိတယ်။ (ဘုန်းကြီး ကျောင်းမှာ)။ အဲဒီထဲမှာ ကိုယ့်မိ သားစုတွေကလာကြ၊ လာကြ၊ ဆရာတော်တွေကလည်း စီစဉ် တယ်ဆိုတော့ ငါတို့ရွာမှာတစ် ယောက်တည်းပုန်းနေရင် တစ် ယောက်တည်းကျန်ခဲ့ရင်ကော ဆို ပြီးတော့ ဘုန်းကြီးကျောင်းကို သွားကြတာ။ ရွာမှာတစ်ယောက် တည်းကျန်ခဲ့ရင် နှိပ်စက်ခံရမှာစိုး လို့။ အဲဒီတော့ အဲဒီ (ဘုန်းကြီး ကျောင်း) မှာ တစ်ပူးတည်းစုနေ ကြမယ်ဆိုပြီးတော့ နေကြတာ။ အဲဒီမှာ အဝတ်အစားယူဖို့မပြော နဲ့တော့ အဝတ်တစ်ထည်လောက် အိတ်လေးထဲမှာ ထည့်ပြီးတော့ ဘုန်းကြီးကျောင်းအောက်မှာ ထိုင် နေကြတာပဲ။ ပစ်တာလည်း ရပ် သွားပြီ။ သြော်...ရပ်သွားပြီဆိုတော့ ကျောင်းမှာ အေးဆေးထိုင်နေကြ တာပေါ့။ ဘုန်းကြီးကလည်း စီစဉ် တာပေါ့။ ဒီလူတွေကို ဘယ်ကိုပို့ရ မလဲဆိုတာကို။ ပစ်နေတဲ့အချိန် လောက်ကတည်းက စီစဉ်နေတာ ဘုန်းကြီးကတော့။ ဒီလူပေါင်း ၂၀၀ ကို ဘယ်ကိုပို့ရမလဲဆိုတာ ကို နားထောင်ပြီးနေကြတာ။ ပို့ဖို့ အစီအစဉ်ကို စောင့်နေတုန်းမှာ လက်နက်ကျလာတာ။ ဘယ် ဘက်ကလာမှန်းလည်း မသိလိုက် ဘူး။ အဲဒီလိုဖြစ်သွားတာ။

ဒီဖြစ်စဉ်ကို ကြုံတွေ့ခဲ့ပြီး ဒဏ်ရာ ရရှိခဲ့တာနဲ့ပတ်သက်လို့ ဘာပြော ချင်လဲ။

ဘာပြောရမလဲ။ ဘာပြော ချင်ရမလဲ။ ဘယ်ဘက်ကလာ လည်း မသိလိုက်ဘူး။ ဘယ်လို လာမှန်းလည်း မသိလိုက်ဘူး။ ဘယ်လိုသိမလဲ။ ကျသွားတော့ (လက်နက်ကြီး) မူးသွားတယ်။ (ကံ)အကြောင်းပဲဆိုရမှာပေါ့။ ဒီ လောက်လူပေါင်း ၂၀၀ လောက် ကျောင်းအောက်မှာနေတဲ့အထဲ ကထိတဲ့ဟာက ကိုယ့်ရဲ့အ ကြောင်းတရားလို့ပဲ ဆိုရမှာပေါ့ လေ။ မဟုတ်ဘူးလား။ ကံစပ်တဲ့ သဘောမျိုးကျတာပေါ့လေ။ လက်မောင်းတစ်ဖက်ကို ပေး လိုက်ရသလိုကျတာပေါ့။ ဝမ်း လည်းဝမ်းနည်းတယ်။ ဒီလောက် လူပေါင်း ၂၀၀ ထဲမှာ ငါတို့ မိသားစုတစ်စုကျတယ်။ ဝမ်း နည်းမိတယ် အရီး (အဒေါ်) တို့... (ငိုလျက်)။

ဒဏ်ရာဘယ်လိုရခဲ့တာလဲ မှတ်မိ သလောက် အသေးစိတ်ပြောပေး ပါဦး။

လက်နက်အလုံးလိုက်ကြီး လာပြီး စဉ်လာတာ။ ဒီလက် မောင်းမှာထိတယ်။ လက်မောင်း က စဉ်ထွက်သွားတာ။ လက် မောင်းပိုင်းသွားတယ်။ အလွတ် ဖြစ်သွားတယ်။ အရိုးတွေဟာ အ ကုန်လုံးကြေသွားတာကိုး။ သွေးခဲ တွေဟာလက်လက် လက်လက်နဲ့ (လက်မောင်းမှာ)။ အဲဒီလက် မောင်းအရိုးကို ပြန်ဆက်တာပေါ့ (စစ်တွေဆေးရုံတွင်)။ ဒါပေမဲ့ ဆက်လို့မရလို့ဖြတ်လိုက်ရတယ်။ ဆက်တော့ ဆက်ချင်တာပေါ့။

အသက် (၄၄) နှစ်ရှိပြီ။သား  ဒီတစ်ယောက်တည်း (သားအား လက်ညှိုးထိုးပြလျက်) ဒီဟာ လည်း အစ်မရဲ့သမီး (တူမ)။ (ဘေးခုတင်မှ လက်နက်ထိမှန် ထားတဲ့ အမျိုးသမီးတစ်ဦးအား လက်ညှိုးညွှန်လျက်)၊  ဒီဟာ လည်းအစ်မရဲ့သမီး (ဘေးခုတင် မှ လက်နက်ထိမှန်ထားတဲ့ အမျိုး သမီးတစ်ဦးအား လက်ညှိုးညွှန် လျက်)။ ကလေးလေးကတည်းက မွေးစားလာတာ။ တစ်အိမ်တည်း နေလာတာ။ အရီး (အဒေါ်) မွေး စားလို့ ကြီးလာကြတာ။ အရီးမှာ လည်း ဒီသားလေးတစ်ယောက် တည်း။ အစ်မသေသွားတာ နှစ် ပေါင်း ၁၀ ကျော်ပြီ။ အရီးမွေးစား လို့ ကြီးလာကြတာ။

မိအိုဘအို သူတို့ကျန်ခဲ့တယ်။ အိမ်မှာတော့ မဟုတ်ဘူး။ မင်း ပြားက ကယ်ဆယ်ရေးစခန်းမှာ။ အစ်ကိုဟာ (၅၆) နှစ်ရှိပြီ။ ပြီး တော့ (၅၈) နှစ်နောက်အစ်ကိုတစ် ယောက် အမေနဲ့ကျန်ခဲ့တယ်။ အ မေကတော့ (၈၀) ရှိပြီ။ အဖေက တော့ (၈၆) နှစ်။ အရီး(အဒေါ်)မှာလည်း သားလေးတစ်ယောက်တည်း။ အ ရီးမှာလည်း အကြောင်းမစုံလို့ က လေးဘဝကတည်းက (၎င်းခင် ပွန်းနှင့်) ခွဲသွားပြီးတော့ ထိုင် တတ်တဲ့အရွယ်ကတည်းက အရီး ပြုစုလို့ ကြီးလာတာ။ အဲဒီလိုအစ် ကို (ဒေါ်မဝိုင်းကြည်ရဲ့ အစ်ကို) က အုပ်ချုပ်လို့ အရီးသားလေး လည်း ဒီလိုကြီးလာတာ။ ဒီနေ့အ ခါမှ လက်တစ်ချောင်းဖြတ်လိုက် ရတယ်ဆိုတော့ ... (ငိုလျက်)။

No comments:

Post a Comment