Sunday, June 9, 2019

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် တောင်ပြိုနယ်စပ် နံ့သာတောင်ကျေးရွာပရဟိတ ဘုန်းတော်ကြီးကျောင်းမှ ကလေးငယ်များ နေရပ်မပြန်နိုင်သေး

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက မီးရှို့ဖျက်ဆီးခြင်းကိုခံခဲ့ရသည့် တောင်ပြိုနယ် စပ် နံ့သာတောင် ကျေးရွာပရဟိတဘုန်း တော်ကြီးကျောင်းမှ ကလေးငယ်များနေရပ် မပြန်နိုင်သေးကြောင်း သိရသည်။ နံ့သာတောင်ကျေးရွာတွင် နေအိမ်အလုံးပေါင်း ၄၂ လုံးတည်ဆောက်ပြီးစီးနေပြီ ဖြစ်သော်လည်း စာသင်ကျောင်းများအပြီးသတ်ရန် ကျန်ရှိနေသေးသဖြင့် မိုးတွင်းကာလတွင် နေရပ်မပြန်နိုင်သေးဘဲ ပရဟိတကျောင်းတွင် ပညာသင်ကြားနေသည့်ကလေးငယ်များမှာ လက်ရှိမောင်တောမြို့ပေါ်ရှိ မြို့မကျောင်း တိုက်တွင် ယာယီအဆောင်များဆောက်လုပ်ကာ နေထိုင်နေရကြောင်း နံ့သာတောင် ပရဟိတဆရာတော်က မိန့်ကြားသည်။



နံ့သာတောင်ပရဟိတကျောင်းတွင် ခိုလှုံကာပညာသင်ကြားရန် ရောက်ရှိနေသည့် ကျောင်းသားကျောင်းသူဦးရေမှာ များပြားလာနေသဖြင့် စားနပ်ရိက္ခာနှင့် စာရေးကိရိယာများ လိုအပ်လျက်ရှိကြောင်းလည်း သိရသည်။ “ဒီနှစ်တော့ မိုးရာသီလည်း ရောက်ပြီဆိုတော့ နေရပ်မပြန်နိုင်တော့ဘူး။ ဒါကြောင့် ဒီနှစ်လည်း မြို့မကျောင်းမှာပဲ ဆက်လက်နေ ထိုင်စာသင်ကြားနေပါတယ်။ အခုနှစ်မှာ စစ်ဘေးဒုက္ခသည်တွေထဲက ကျောင်းသား ကျောင်းသူတွေကိုလည်း လက်ခံနေရတဲ့အတွက် ကျောင်းသားဦးရေ ၄၀ဝ ကျော်ရှိပါ တယ်။ နေဖို့အတွက် ယာယီအဆောင်တွေ ဆောက်ပေးထားတယ်။ ဒါပေမဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ရှိတယ်။ နောက်ပြီးတော့ စာအုပ်၊ ခဲတံ၊ ဘောပင်တွေလိုအပ်ပါတယ်။ ရွာအခြေ အနေကတော့ နေအိမ် ၄၂ လုံးဆောက်ပြီးပြီ ဖြစ်လို့ အိမ်ထောင်စု ၂၂ စုရောက်သွားပါပြီ။ ကျန်တဲ့အိမ်ထောင်စုတွေလည်း မိုးရွာသွားလို့ မရောက်လိုက်တာပါ။ ယမန်နှစ်က ဆယ်တန်းစာမေးပွဲကို ဦးဇင်းတို့ နံ့သာတောင် ပရဟိတကျောင်းက ဝင်ရောက်ဖြေဆိုတဲ့ကျောင်း သားဦးရေ ၁၀ဝ ရှိခဲ့ပြီး အောင်မြင်သူ ၃၀ ရှိပါတယ်။ တစ်ဘာသာဂုဏ်ထူးနဲ့အောင်သူ သုံးဦး နှစ်ဘာသာ တစ်ဦးရှိပါတယ်” ဟု နံ့သာတောင် ပရဟိတကျောင်းဆရာတော် ဦးစာရဏက မိန့်ကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ARSA အကြမ်းဖက်သမားများက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သဖြင့် တောင်ပြိုနယ်စပ်ရှိ နံ့သာတောင်ပရဟိတဘုန်းတော်ကြီးကျောင်း၊ စာသင်ဆောင်များအပါအဝင် ကျေးရွာတစ်ခု လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီးနောက် ကျေးရွာသားများမှာ နီးစပ်ရာကျေးရွာများတွင် ဝင် ရောက်နေထိုင်လျက်ရှိနေပြီး ပရဟိတကျောင်းတွင် စာသင်ကြားနေသည့်ကျောင်းသားကျောင်းသူများကို မောင်တောမြို့ မြို့မ ဘုန်းတော်ကြီးကျောင်းတွင် နေရာချထားကာ ပညာ ဆက်လက် သင်ကြားနေခြင်းဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment