Sunday, June 9, 2019

တောင်ကြီးမြို့နယ် အတွင်း စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို အခွန်တိုးမြှင့်ကောက်ခံမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ တောင်ကြီးမြို့နယ်တွင် စည်ပင်နှင့် သက်ဆိုင်သည့် လုပ်ငန်း များကို ခေတ်ကာလနှင့်လျော်ညီ သည့် အခွန်၊ အခအမျိုးအစားနှင့် နှုန်းထားများ ပြင်ဆင်သတ်မှတ် မည်ဖြစ်၍ ပြည်သူများသိစေရန် ထုတ်ပြန်ပေးခဲ့ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာန တာဝန်ရှိသူတစ်ဦးက ပြော သည်။ တောင်ကြီးမြို့နယ် စည်ပင် သာယာရေးဌာနက အခွန်၊ အခ၊ အကောက်တိုးမြှင့်ကောက်ခံမည့် လုပ်ငန်းအမျိုးအစားများတွင် ကုန်စုံဆိုင်၊ မုန့်ဆိုင်၊ ဆန်၊ ဂျုံ၊ ကောက်ပဲသီးနှံရောင်းဝယ်ရေး၊ ဆေးရွက် ကြီး၊ သနပ်ဖက်နှင့် အလားတူ ပစ္စည်းသိုလှောင်ခြင်း၊ ထမင်း ဆိုင်၊ ခေါက်ဆွဲဆိုင်၊ အကြော်မျိုး စုံဆိုင်နှင့် စားသောက်ဆိုင်ကြီး များ၊ ဟိုတယ်နှင့် ပျော်ပွဲစားရုံကြီး များအပါအဝင် လုပ်ငန်းအမျိုးအစား ခေါင်းစဉ်ရှစ်မျိုး ပါဝင်သည်။ အခွန်၊ အခ၊ အကောက် အမျိုးအစားများ တိုးမြှင့်ကောက် ခံမည့် နှုန်းထားသည် သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ယခင် ကောက်ခံသည့် နှုန်းထားများ ထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင် နှုန်းအထိ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက ထုတ်ပြန်သည်။ ယင်းသို့ အခွန်နှုန်းထားပြင် ဆင်သတ်မှတ်ခြင်းကို ကန့်ကွက် လိုလျှင် ကြော်ငြာစာထုတ်ပြန် ထားသည့်နေ့မှ ရက် ၃၀ အတွင်းအထောက်အထား၊ အချက်အ လက်အပြည့်အစုံဖြင့် လာရောက် ကန့်ကွက်နိုင်ကြောင်း စည်ပင်သာ ယာရေးဌာနက ထုတ်ပြန်သည်။ ‘‘အခွန်တွေ ပြင်ဆင်တိုး ကောက်မယ်လို့တော့ အစည်းအ ဝေးမှာ ပြောထားတယ်။ အခု စာ ထုတ်တာတော့ စည်ပင်သာယာ ရေးဌာနက ထုတ်တာ။ ကျွန်တော် တို့ စည်ပင်သာယာရေးကော်မတီ ဝင်တွေ မသိသေးဘူး။ ပြင်ဆင် မယ်ဆိုရင်လည်း သက်ဆိုင်ရာ လွှတ်တော်ကို တင်ပြပြီးမှ ပြင် ဆင်လို့ရမယ်လို့ ကျွန်တော်မြင် တယ်’’ ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီအ ဖွဲ့ဝင် ဦးဇော်ဝင်းထူးက ပြော သည်။

 တောင်ကြီးမြို့နယ် အတွင်း စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို အခွန်တိုးမြှင့်ကောက်ခံမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ေ တာင်ကြီးမြို့နယ်တွင် စည်ပင်နှင့် သက်ဆိုင်သည့် လုပ်ငန်း များကို ခေတ်ကာလနှင့်လျော်ညီ သည့် အခွန်၊ အခအမျိုးအစားနှင့် နှုန်းထားများ ပြင်ဆင်သတ်မှတ် မည်ဖြစ်၍ ပြည်သူများသိစေရန် ထုတ်ပြန်ပေးခဲ့ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာန တာဝန်ရှိသူတစ်ဦးက ပြော သည်။



တောင်ကြီးမြို့နယ် စည်ပင် သာယာရေးဌာနက အခွန်၊ အခ၊ အကောက်တိုးမြှင့်ကောက်ခံမည့် လုပ်ငန်းအမျိုးအစားများတွင် ကုန်စုံဆိုင်၊ မုန့်ဆိုင်၊ ဆန်၊ ဂျုံ၊ ကောက်ပဲသီးနှံရောင်းဝယ်ရေး၊ ဆေးရွက် ကြီး၊ သနပ်ဖက်နှင့် အလားတူ ပစ္စည်းသိုလှောင်ခြင်း၊ ထမင်း ဆိုင်၊ ခေါက်ဆွဲဆိုင်၊ အကြော်မျိုး စုံဆိုင်နှင့် စားသောက်ဆိုင်ကြီး များ၊ ဟိုတယ်နှင့် ပျော်ပွဲစားရုံကြီး များအပါအဝင် လုပ်ငန်းအမျိုးအစား ခေါင်းစဉ်ရှစ်မျိုး ပါဝင်သည်။ အခွန်၊ အခ၊ အကောက် အမျိုးအစားများ တိုးမြှင့်ကောက် ခံမည့် နှုန်းထားသည် သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ယခင် ကောက်ခံသည့် နှုန်းထားများ ထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင် နှုန်းအထိ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက ထုတ်ပြန်သည်။

ယင်းသို့ အခွန်နှုန်းထားပြင် ဆင်သတ်မှတ်ခြင်းကို ကန့်ကွက် လိုလျှင် ကြော်ငြာစာထုတ်ပြန် ထားသည့်နေ့မှ ရက် ၃၀ အတွင်းအထောက်အထား၊ အချက်အ လက်အပြည့်အစုံဖြင့် လာရောက် ကန့်ကွက်နိုင်ကြောင်း စည်ပင်သာ ယာရေးဌာနက ထုတ်ပြန်သည်။  ‘‘အခွန်တွေ ပြင်ဆင်တိုး ကောက်မယ်လို့တော့ အစည်းအ ဝေးမှာ ပြောထားတယ်။ အခု စာ ထုတ်တာတော့ စည်ပင်သာယာ ရေးဌာနက ထုတ်တာ။ ကျွန်တော် တို့ စည်ပင်သာယာရေးကော်မတီ ဝင်တွေ မသိသေးဘူး။ ပြင်ဆင် မယ်ဆိုရင်လည်း သက်ဆိုင်ရာ လွှတ်တော်ကို တင်ပြပြီးမှ ပြင် ဆင်လို့ရမယ်လို့ ကျွန်တော်မြင် တယ်’’ ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီအ ဖွဲ့ဝင် ဦးဇော်ဝင်းထူးက ပြော သည်။

No comments:

Post a Comment