Sunday, June 9, 2019

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အကြား နှစ်စဉ်သစ်တောပြုန်းတီးမှုသည် ၁ ဒသမ ၇၂ ရာခိုင်နှုန်း ရှိခဲ့ခြင်းကြောင့် အကျိုးဆက် အနေဖြင့် ရာသီဥတုပြောင်းလဲမှု ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

နေပြည်တော်ရှိ တုံဂပူရီဟိုတယ်၌ ဇွန် ၇ ရက်က ပြုလုပ်သည့် ကျေးရွာထင်းစိုက်ခင်း ဥပဒေ၊ နည်းဥပဒေအပေါ် ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များအား အကြံပြုဆွေးနွေးခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို တွေ့ရစဉ်ျမန္မာနိုင္ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင် နှုန်းရှိသော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အကြား နှစ်စဉ်သစ်တောပြုန်းတီးမှုသည် ၁ ဒသမ ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့ခြင်းကြောင့် အကျိုးဆက် အနေဖြင့် ရာသီဥတု ပြောင်းလဲမှု ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

နေပြည်တော်ရှိ တုံဂပူရီဟိုတယ်၌ ဇွန် ၇ ရက်က ပြုလုပ်သည့် ကျေးရွာထင်းစိုက်ခင်း ဥပဒေ၊ နည်းဥပဒေအပေါ် ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များကို အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ သစ်တောသယံဇာတတွေဟာဆိုရင် စိုက်ပျိုးရေးလုပ်ငန်းများ ချဲ့ထွင်ခြင်း၊ မြို့ပြများဖွံ့ဖြိုး တိုးချဲ့လာခြင်း၊ ထင်းလောင်စာ လိုအပ်ချက် မြင့်မားလာခြင်း၊ သစ်အလွန်အကျွံထုတ်ခြင်း၊ တရားမဝင် သစ်ထုတ်ခြင်း စတဲ့အချက်တွေကြောင့် လျော့နည်းကျဆင်းလျက် ရှိပါတယ်။ FAO ရဲ့ သစ်တောသယံဇာတ ဆန်းစစ်ချက် အစီရင်ခံစာ (FRA-2015) အရ မြန်မာနိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှုဟာ နိုင်ငံဧရိယာရဲ့ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် အကြား နှစ်စဉ်သစ်တောပြုန်းတီးမှုဟာ ၁ ဒသမ ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒီလို သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက်အနေနဲ့ ရာသီဥတုပြောင်းလဲမှု ဘေးအန္တရာယ်များ၊ နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပြီး နိုင်ငံတော်ရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ထိခိုက်နှောင့်နှေးစေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်သည့် ထင်း၊ လောင်စာနှင့် အခြေခံသစ်တောထွက် ပစ္စည်းများအတွက် ကျေးရွာထင်းစိုက်ခင်းများ လိုအပ်လျက် ရှိသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ အမျိုးသားသစ်တော ကဏ္ဍဍပင်မ စီမံကိန်းတွင် ကျေးလက်နေ ပြည်သူများအတွက် ထင်းလောင်စာ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ၂၀ဝ၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ကျေးရွာထင်းစိုက်ခင်း ဧရိယာ ဧက ၁ ဒသမ ၃၅ သန်းနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဧရိယာဧက ၂ ဒသမ ၂၇ သန်း တည်ထောင်ရမည့် အစီအစဉ်များကို အတိအလင်း ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက “ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ ကျေးရွာထင်းစိုက်ခင်း တည်ထောင်ခြင်းအား တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဥပဒေပြဋ္ဌဌာန်း သတ်မှတ်နိုင်ရန် ထည့်သွင်းထားရှိခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှအပ ကျန်တိုင်းဒေသကြီး၊ ပြည်နယ် အားလုံးတွင် ကျေးရွာထင်းစိုက်ခင်း ဥပဒေများ ပြဋ္ဌဌာန်းပြီး ဖြစ်ပါတယ်။ ကျေးရွာထင်း စိုက်ခင်းနည်း ဥပဒေများကိုလည်း တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေးဆွဲပြဋ္ဌဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ကျေးရွာထင်းစိုက်ခင်း ဥပဒေနှင့် နည်းဥပဒေများကို ရေးဆွဲခဲ့ရာတွင် ယခင်ဥပဒေ၊ နည်းဥပဒေများကိုသာ မှီငြမ်းရေးဆွဲထားခြင်းဖြစ်ပြီး တချို့အချက်အလက်များမှာ ခေတ်နဲ့လျော်ညီစွာ ပြင်ဆင်ရန် လိုအပ်လျက်ရှိပါတယ်။ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်သစ်တော ဦးစီးဌာနများမှာ အဆိုပါ ကျေးရွာထင်းစိုက်ခင်း ဥပဒေနှင့် နည်းဥပဒေများ ပြုစုပြင်ဆင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိက တာဝန်ယူဆောင်ရွက်ရသည့် အဖွဲ့အစည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

No comments:

Post a Comment