Sunday, June 9, 2019

လမ်းစားရိတ်ပြတ်သွားသည့် အသက် ၁၁နှစ်အရွယ် (၅)တန်းကျောင်းသူ မိန်းကလေးကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ စောင့်ရှောက်ပေးထား၊ မိဘများ လာခေါ်မည်

ယနေ့ (ဇွန် ၉) နံနက်တွင် ကွတ်ခိုင်သို့ သွားရောက်မည့် လမ်းစားရိတ်ပြတ်သွားသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တစ်ဦးကို တွေ့ ရှိရသည့်အတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ၏ပြင်စည်စခန်းမှမိသားစုများက ကူညီကျွေးမွေး စောင့်ရှောက်ထားလျက်ရှိပြီး မိဘများလာခေါ်ယူမည်ကိုစောင့်ဆိုင်းနေကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ၏သတင်း ထုတ်ပြန်မှု့ အရ သိရသည်။



ဇွန်(၉) ရက် နံနက်(၀၇၃၀) နာရီအချိန်တွင် နေပြည်တော်- မန္တလေး၊ အမြန်လမ်း မိုင်တိုင်၃၂၅/၅လမ်းဆုံတွင် အမြန် လမ်းမကြီးရဲတပ်ဖွဲ့ ပြင်စည်စခန်းမှ လှည့်ကင်းတပ်ဖွဲ့ ဝင်များက အမျိုးသမီးငယ်တဦးကို တွေ့ရှိခဲ့သည်။

အခက်အခဲကိုမေးမြန်းရာတွင် ကွတ်ခိုင်သို့သွားမည်ဖြစ်ကြောင်းနှင့် လမ်းစရိတ်မပါတော့ကြောင်းသိရသဖြင့် ရဲစခန်းသို့ ခေါ်ယူစောင့်ရှောက်စိစစ်ခဲ့ရာ မနန်းဖွေးလောင်၊အသက် ၁၁နှစ်၊ (၅)တန်းကျောင်းသူ၊ အဘဦးစိုင်းအိုက်၊ အမိဒေါ်ခမ်းလျန်၊ကျိန်ယန်းလွယ်ရွာ၊ပန်ဆိုင်းကြူကုတ်၊မူဆယ်မြို့နယ်ဖြစ်ကြောင်းသိရှိရသည်။

သက်ဆိုင်ရာ မူဆယ်ကွတ်ခိုင်စခန်းများမှတဆင့်အခြေအနေကို စုံစမ်းပြီး ပန်ဆိုင်းကြူကုတ်မှမိဘများထံဆက်သွယ်၍ ကလေးမ၏ပုံများကို တိုက်ဆိုင်စစ်ဆေးရာတွင် မှန်ကန်ကြောင်း သိရှိခဲ့ရသည်။

မိဘများကလာရောက်ခေါ်ယူမည်ဟုသိရှိရသလို မနန်းဖွေးလောင်ကို ပြင်စည်စခန်းမိသားစုများက ကူညီ ကျွေးမွေးစောင့်ရှောက်ထားလျက်ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment