Sunday, June 9, 2019

ယခုနှစ် မေလအတွင်း မြန်မာနိုင်ငံနှင့် နီးကပ်သည့် ဒေသများ အပါအဝင် အာရှဒေသအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ဖြစ်ပွားသည့်နယ်ပယ် ပိုမိုကျယ်ပြန့်လာဟုဆို

မြန်မာနိုင်ငံနှင့် နီးကပ်သည့်ဒေသများ အပါအဝင် အာရှဒေသအတွင်း ယခုနှစ် မေလအတွင်းက အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ဖြစ်ပွားသည့်နယ်ပယ် ပိုမိုကျယ် ပြန့်လာကြောင်းမွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။ “အာဖရိက ဝက်အပြင်းဖျားရောဂါက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လကစပြီး တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွားခါစက အာရှတိုက် အထူးသဖြင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသအတွင်း ရောဂါ ကာကွယ်တားဆီးရေးနဲ့ ရောဂါဖြစ်ပွားလာခဲ့ရင် ထိန်းချုပ်ရေးအတွက် အာရုံစိုက်ပြီး လုပ်ခဲ့ကြတယ်။
သို့ပေမဲ့ ရောဂါရဲ့ကူးစက် ပျံ့နှံ့မှုအရှိန်က နှေးကွေးတဲ့အတွက် အချိန်ကြာလာတဲ့နဲ့အမျှ ရောဂါနဲ့ပတ်သက်တဲ့အာ ရုံစိုက်မှုတွေ  လျော့ပါးလာခဲ့ကြတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက ရောဂါကူးစက်ပြန့်ပွားတဲ့ နယ်ပယ်က ပိုပိုကျယ်ပြန့်လာတာကို တွေ့ ရတယ်။ အထူးသဖြင့် ဗီယက်နမ် နိုင်ငံအတွင်းမှာ ရောဂါကျယ်ကျယ်ပြန့်ပြန့်ကူးစက်ဖြစ်ပွားနေတာကို သတိပြုဖွယ်တွေ့လာရတယ်။ နောက် မေလအတွင်းမှာပဲ ဟောင်ကောင် ကျွန်းကို ရောဂါပိုးရောက်လာခဲ့ပြီး အခု နောက်ဆုံး မြောက်ကိုရီးယားနိုင်ငံမှာ မေ၂၃ ရက်ကစပြီး ရောဂါကူးစက်မှုဖြစ်ပွားလာတာကို တွေ့ရပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိမ်းမော်က ပြောကြားသည်။

မြန်မာနိုင်ငံမှ ဝက်မွေးမြူသူများအနေဖြင့် နိုင်ငံတကာတွင် ရောဂါဖြစ်ပွားမှုအခြေအနေများကို အဆက်မပြတ်လေ့လာသိရှိထားရန်လိုအပ်ကြောင်းကိုလည်း ゞင်းက ဆက်လက်ပြောကြားသည်။ြေ မာက်ကိုရီးယား အာဏာပိုင်များက ゞင်းတို့နိုင်ငံသို့ အာဖရိကဝက်အပြင်းဖျား ရောဂါကူးစက်ရောက်ရှိလာကြောင်း ပထမဆုံးအကြိမ် ထုတ်ပြန်ပြောကြားခဲ့ကြောင်း၊ ပြုံယမ်းမြို့တော်၏မြောက်ဘက် မိုင် ၁၆၀ ခန့်အကွာရှိ Changang-Do တွင် အခြေစိုက်သော Buksang သမဝါယမမွေးမြူရေးခြံ တွင် ဝက် ၇၇ ကောင် သေဆုံးခဲ့ကြောင်းနှင့် ယင်းရောဂါဖြစ်ပွားမှုမှာ မေ ၂၃ ရက်က စတင်ခဲ့ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယား  စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့သို့ တင်ပြသည့် အစီရင်ခံစာအရသိရသည်။

“ဒီရောဂါကိုထိန်းချုပ်နိုင်တဲ့ နည်းလမ်းက တော်တော်လေးကိုနည်းပါတယ်။ ဒီရောဂါက ကာကွယ်ဆေးမရှိဘူး။ ကာကွယ်ဆေး မရှိတာက မလုပ်တာမျိုးတော့ မဟုတ်ဘူး။ ပထမဦးဆုံး ၁၉၅၇ ခုနှစ်က ပေါ်တူဂီကို စဝင်တယ်။ အဲဒီအချိန်မှာကတည်းက ကာကွယ်ဆေးထုတ်ဖို့ အသည်းအသန်ကြိုးစားခဲ့ကြတယ်။ ၁၉၆၃ ခုနှစ်မှာ ပထမဆုံးအကြိမ် ကာကွယ်ဆေးရတယ်။ သုံးတယ်။ ဒါပေမဲ့ အောင်မြင်မှုမရခဲ့ဘူး။ တောက်လျှောက်လည်း ကြိုးစားပြီးထုတ်တယ်။ ပြီးခဲ့တဲ့ ၂၀၁၈ စက်တင်ဘာရောက်တော့ ကာကွယ်ဆေးရ သွားပြီလို့တော့ ပြောတယ်။ အခုချိန်အထိ ဈေးကွက်ထဲကို မရောက်လာသေးဘူး” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သုတေ  သနအရာရှိ ဒေါက်တာအောင်ဇော်မိုးက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း နီးစပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားမှု ခြောက်ကြိမ်ရှိပြီဖြစ်ပြီး ယင်းတို့အနက် မြန်မာနိုင်ငံနှင့် အလွန်နီးစပ်သည့်ဒေသများတွင် ရောဂါဖြစ်ပွားမှု နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း၊ ပထမအကြိမ်မှာ ယူနန်ပြည်နယ် Liushun မြို့နယ်ရှိ Guanfang ကျေးရွာတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဒေသသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် နယ်မြေချင်းနီးစပ် သည့်ဒေသဖြစ်ကြောင်း၊ ဒုတိယအကြိမ်မှာ ယူနန်ပြည်နယ် Lishui ရှိ Nujiang Lisu ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝက်အကောင် ရေ ၃၀ဝ မွေးမြူထားသည့်ခြံတစ်ခြံတွင် ယခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဝက်ခြောက်ကောင်ရောဂါဖြစ်ပွားရာ နှစ်ကောင်သေဆုံးကြောင်းနှင့် ယင်းဒေသသည်  မြန်မာနိုင်ငံအတွင်းရှိ ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း နီးစပ်သည့်ဒေသဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment