Sunday, June 9, 2019

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၁ ရာခိုင်နှုန်းကျော် ကျဆင်း မွန်ပြည်နယ် အောင်ချက်အမြင့်ဆုံး၊ ချင်းပြည်နယ် အနိမ့်ဆုံးဖြစ်

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၈ ရက်က ထုတ်ပြန်ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင် ချက် ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် ၁ ဒသမ ၃၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ၂၀၁၇ တွင် အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း၊ ၂၀၁၈ တွင် အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့ရာ နှစ်စဉ်အောင် ချက် ၁ ရာခိုင်နှုန်းကျော်စီ ကျ ဆင်းနေသည်။ ယခုနှစ်တက္ကသိုလ်ဝင်စာ မေးပွဲကစတင်ကာ စိတ်ကြိုက်မြန် မာစာဘာသာရပ်မှလွဲ၍ ကျန်ဘာ သာရပ်ကိုးခုကို စာမေးပွဲမေးခွန်း ပုံစံသစ်ဖြင့် ပြောင်းလဲစစ်ဆေး ထားပြီး သင်္ချာဘာသာရပ် ဖြေ ဆိုရာ၌ ကျောင်းသားအများစုအ ခက်တွေ့ခဲ့သည်။ သို့သော် သင်္ချာ ဘာသာရပ် ဂုဏ်ထူးရရှိသူများ ပြီး အင်္ဂလိပ်စာဘာသာရပ် ဂုဏ် ထူးရရှိသူသည် တစ်နိုင်ငံလုံး၌ ၁,၉၁၉ ဦးသာရှိကာ ဂုဏ်ထူးရရှိမှု အနည်းဆုံးဘာသာရပ် ဖြစ်သည်။


၂၀၁၅ မှ ၂၀၁၉ အတွင်း သုံးကြိမ်မြောက်အဖြစ် မွန်ပြည် နယ်က ၃၇ ဒသမ ၅၄ ရာခိုင်နှုန်း ဖြင့် အောင်ချက်အများဆုံးရရှိခဲ့ သည်။

ချင်းပြည်နယ်တွင် အောင် ချက်ရာခိုင်နှုန်း ၁၉ ဒသမ ၅၉ ရာခိုင်နှုန်းသာရှိပြီး တစ်နိုင်ငံလုံး၌ အောင်ချက်အနိမ့်ဆုံးဖြစ်သည်။

ချင်းပြည်နယ်သည် နှစ်စဉ် အောင်ချက် အနိမ့်ဆုံးဖြစ်သော် လည်း ၂၀၁၇ တွင် ရခိုင်ပြည်နယ် က ချင်းပြည်နယ်ထက် အောင် ချက်နိမ့်ကျခဲ့သည်။

၂၀၁၈ နှင့် ၂၀၁၉ တွင် ရခိုင်ပြည်နယ်က အောင်ချက်ပြန် တက်လာပြီး ယခုနှစ်တွင် ရာခိုင် နှုန်း ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းရရှိ ထားသည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၇ ရက် သန်းခေါင်ကျော် ညဥ့် ၁၂ နာရီခန့်ကစ၍ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများတွင်   ထုတ်ပြန်ပြီး ဇွန်လ ၈ ရက် နံနက် ၅ နာရီတွင် ပညာရေးဝန်ကြီးဌာန   မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန    ဝက်ဘ် ဆိုက်တွင် ကြည့်ရှုနိုင်ရန် စီစဉ် ပေးခဲ့သည်။

အောင်စာရင်းကို ဇွန်လ ၈ ရက် နံနက် ၆ နာရီတွင်ကြေညာရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားထားသော်လည်း ဇွန်လ ၇ ရက် ညနေကတည်းက ပေါက် ကြားမှုများရှိခြင်းကြောင့် ဝေဖန်မှု များ ထွက်ပေါ်ခဲ့သည်။

၂၀၁၉ တက္ကသိုလ်ဝင်စာမေး ပွဲကို မတ်လ ၆ ရက်မှ ၁၅ ရက်အ ထိ   ကျင်းပပြီး    ဖြေဆိုသူ ၈၅၁,၅၂၄ ဦး ရှိခဲ့သည်။

No comments:

Post a Comment