Sunday, June 9, 2019

တောဆင်ရိုင်းနင်း၍ သားအမိနှစ်ဦးသေဆုံး

တိုက်ကြီးမြို့နယ် ဥက္ကံ သစ်တောကြိုးဝိုင်းရှိ တဲအိမ်တစ် လုံးကို တောဆင်းရိုင်းနင်း၍ အ သက်(၂)နှစ်အရွယ် ကလေးငယ် အပါအဝင် သားအမိနှစ်ဦးသေဆုံး ခဲ့ကြောင်း ဥက္ကံနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။   ဇွန်လ ၆ ရက် နံနက်အစော တွင် ဥက္ကံမြို့ ဥက္ကံသစ်တော ကြိုးဝိုင်းအကွက်အမှတ်(၃၇)ရှိ တောင်ယာတဲအတွင်း အသက် (၂၆)နှစ်ရှိ နော်ကြည်လှ၊ သား ထွန်းလင်းဇော်နှင့် နော်ကြည်လှ ၏မိခင်တို့ တဲအတွင်း အိပ်ပျော်နေစဉ် တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်လာပြီး နေအိမ်ကို ဖျက် ဆီးခဲ့သည်။



ထိုသို့ ဖျက်ဆီးစဉ် နော်ကြည်လှ၏မိခင်သည် အိပ်ရာမှ နိုးကာ ထွက်ပြေးလွတ်မြောက်ပြီး နော် ကြည်လှနှင့် သားဖြစ်သူတို့ ဆင် နင်းခံရ၍ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းက ဆိုသည်။ ‘‘အခင်းဖြစ်ချိန်မှာ သေဆုံး သူရဲ့ယောက်ျားက အိမ်မှာ မရှိ ဘူး။ သူက ဥက္ကံမြို့မှာ အလုပ် သွားလုပ်နေတာ တစ်ပတ် လောက်တော့ရှိပြီ။ အိမ်မှာက သူတို့သုံးယောက်ပဲ ရှိတဲ့အချိန် ဖြစ်သွားတာ။ ဒီမှာက ဆင်ရိုင်း တွေ ခဏခဏထွက်လာပြီး ဖျက် ဆီးတတ်တာ့ သတိနဲ့နေထိုင်ဖို့ လိုပါတယ်’’ဟု အထက်ပါရဲအ ရာရှိက ပြောသည်။  ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဥက္ကံနယ်မြေရဲစခန်းက သေမှုသေ ခင်းဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

No comments:

Post a Comment