Wednesday, June 26, 2019

အမတ်လောင်းများ၏ မဲဆွယ်စရိတ် တိုးမြှင့်ခွင့်ပေးရန် ကော်မရှင်စိစစ်နေ

 ရွေးကောက်ပွဲများ၌ ကိုယ်စားလှယ်လောင်း တစ်ဦးအ တွက် မဲဆွယ်အသုံးစရိတ် ကျပ် သိန်း ၁၀၀ ကို တိုးမြှင့်သုံးစွဲခွင့် ပေးရန် စိစစ်နေကြောင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က ပြောသည်။ ရန်ကုန်မြို့၌ ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံရေး ပါတီ များ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် တွေ့ဆုံပွဲအပြီးတွင် ၎င်းက သတင်းထောက်များအား အ ထက်ပါအတိုင်း ပြောသည်။

‘‘ကိုယ်စားလှယ်လောင်းဖြစ် သွားပြီဆိုရင်တော့ မဲဆွယ်စည်း ရုံးရေးမှာ သိန်း ၁၀၀ အထိ သုံး နိုင်တယ်။ အခုအဲဒီသိန်း ၁၀၀ ကိုတော့ နည်းတယ်ဆိုပြီးတော့ ပြန်လည် စိစစ်နေပါတယ်။ ဘယ် လောက်အထိ တိုးမယ်ဆိုတာ တော့မသိသေးဘူးပေါ့’’ ဟု ၎င်းကပြောသည်။

လွှတ်တော် ကိုယ်စားလှယ် လောင်းတစ်ဦးသည် ရွေးကောက် ပွဲ ကုန်ကျစရိတ်အဖြစ် ကျပ် သိန်း ၁၀၀ ထက်ပို၍ သုံးစွဲခြင်းမပြုရ ဟု လွှတ်တော်ဆိုင်ရာ ရွေး ကောက်ပွဲ နည်းဥပဒေများတွင် ဖော်ပြထားသည်။ လက်ရှိ မဲဆန္ဒ နယ်သတ်မှတ်မှုပုံစံအရ နယ်မြေ ဧရိယာများ အကျယ်အ၀န်းကွာ ခြားမှုရှိနေပြီး မဲဆွယ်အသုံးစရိတ် ကို တစ်ပြေးညီ သတ်မှတ်ထား ခြင်းသည် မျှတမှုမရှိသော အခြေ အနေကို ဖြစ်ပေါ်စေကြောင်း ထောက်ပြမှုများရှိသည်။

ထို့ကြောင့် မဲဆွယ်အသုံးစ ရိတ်ကို တိုးမြှင့်သုံးစွဲခွင့်ပြုမည်ဆို ပါက တစ်ပြေးညီသတ်မှတ်မည့် အစားဒေသအသီးသီးမှ ကိုယ်စား လှယ်လောင်း အားလုံးအတွက် အဆင်ပြေစေမည့် အခြေအနေ တစ်ရပ်ဖြစ်စေရန် သုံးသပ်ဆောင် ရွက်သင့်ကြောင်း နိုင်ငံရေး ပါတီ အချို့နှင့် ရွေးကောက်ပွဲစောင့် ကြည့် လေ့လာသူအချို့က မှတ် ချက်ပြုသည်။

‘‘တိုင်းရင်းသားရေးရာ ၀န် ကြီးဆို တစ်ပြည်နယ်လုံး၊ တစ် တိုင်းလုံးသွားရတာဆိုတော့ သိန်း ၁၀၀ က မလောက်ဘူး။ ဥပမာ ကယားပြည်နယ်မှာကျတော့ အ မျိုးသားလွှတ်တော်က တစ်မြို့ နယ်ကို တစ်ယောက်လောက် ရ တာဆိုတော့ သူတို့အတွက်ကျ တော့ သိန်း ၁၀၀ က ပိုနေပြန် ရော။ အဲဒါကြောင့် ဘယ်လိုလုပ်ရ မလဲဆိုတာ သေသေချာချာ သုံး သပ်သင့်တယ်’’ဟု  မန္တလေးတိုင်း လွှတ်တော် ရှမ်းတိုင်းရင်းသားရေး ရာ ကိုယ်စားလှယ်အဖြစ် ရွေး ကောက်ပွဲ ယှဉ်ပြိုင်ခဲ့ဖူးသူဒေါ်နန်း ထွေးမှုံက ထောက်ပြသည်။

ပါတီငယ်များနှင့် တိုင်းရင်း သားပါတီအချို့က လက်ရှိ အသုံး ပြုခွင့်ပေးထားသော ကျပ်သိန်း ၁၀၀ ကိုပင် သုံးစွဲနိုင်ခြင်းမရှိ၍ မဲဆွယ်အသုံးစရိတ် တိုးမြှင့်သုံးစွဲခွင့်ပေးမည်ဆိုပါက အင်အားကြီးပါတီများအတွက် အားသာချက်တစ်ရပ် ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပြောသည်။ ‘‘သုံး နိုင်တဲ့ ငွေပမာဏများလေ အင် အားကြီးတဲ့ ပါတီတွေကသာလေ ပဲ’’ ဟု မွန်နှစ်ပါတီ ပူးပေါင်းထား သော မွန်ညီညွတ်ရေးပါတီ တွဲ ဖက် အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက ဆိုသည်။

ရွေးကောက်ပွဲတွင် ငွေကြေး အလွန်အကျွံသုံးစွဲ၍ အနိုင်ယူ ခြင်းဖြစ်ပါက မျှတမှုရှိမည်မဟုတ် ဘဲ ထိုသို့မဖြစ်စေရန် ထိန်းညှိထား သင့်ကြောင်း လက်ရှိအာဏာရ ဒီ ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မှတ်ချက်ပြု သည်။ ‘‘မဲဆန္ဒနယ်အကျယ်အ၀န်း၊ မဲဆန္ဒရှင်ဦးရေ တစ်နေရာနဲ့ တစ် နေရာတူမှမတူတာ။ ဒါကိုတစ်မျိုး တည်းထားတယ်ဆိုတာ လက် တွေ့မကျဘူး။ ဘယ်လိုလုပ်ရမ လဲဆိုတာ အဖြေရှာရမှာပေါ့။ ဒါ ကိုတော့ ကျွန်တော်တို့ ပြင်ဖို့လို တယ်’’ဟု ရွေးကောက်ပွဲဆိုင်ရာ  ပြည်သူ့လှုပ်ရှားမှုအဖွဲ့ ဒါရိုက် တာ ဦးစိုင်းရဲကျော်စွာမြင့်က ဆို သည်။

No comments:

Post a Comment