Wednesday, June 26, 2019

ကမ္ဘောဒီးယား တရားရုံးတစ်ခုက တရုတ် နိုင်ငံသားများကို တရားစွဲဆို

 ဆောက်လုပ်ဆဲ အ ဆောက်အအုံပြိုကျပြီး လူ ၂၈ ဦး သေဆုံးပြီးနောက် ကမ္ဘောဒီးယား တရားရုံးတစ်ခုက တရုတ်နိုင်ငံ သားငါးဦးအပါအဝင် လူခုနစ်ဦး ကို ဇွန်လ ၂၅ ရက်တွင် တရားစွဲ ခဲ့သည်။ ဇွန်လ ၂၂ ရက်က ဆီဟာ နော့ခ်ဗီလီကမ်းခြေမြို့ရှိ တရုတ် ပိုင် အဆောက်အအုံတစ်လုံး ပြို ကျမှုတွင် လူ ၂၆ ဦးခန့် ဒဏ်ရာ ရရှိပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သဘာဝဘေး စီမံခန့် ခွဲရေး ထိပ်တန်းအရာရှိတစ်ဦးကို ထုတ်ပယ်ခဲ့သည်။



စတီး၊ ကွန်ကရစ်တိုင်နှင့် ကွန်ကရစ်ကြမ်းခင်းများ ပြိုကျရာ လုပ်ငန်းခွင်အတွင်း အိပ်နေသော အလုပ်သမားများ ပိတ်မိကာ သေ ဆုံးခဲ့ပြီး အသက်ရှင်ကျန်သူ နောက်ဆုံးနှစ်ဦးကို ဇွန်လ ၂၄ ရက်တွင် ကယ်ဆယ်နိုင်ခဲ့သည်။

 လတ်တလောနှစ်များအ တွင်း ယင်းမြို့သို့ တရုတ်ရင်းနှီး မြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင် ရောက်လာပြီး အထူးသဖြင့် ကာ စီနိုရုံများ၊ အိမ်ခြံမြေနှင့် ခရီးသွား ကဏ္ဍများတွင် အများဆုံးဖြစ်ကာအဆောက်အအုံဆောက်လုပ်ရေး စံချိန်စံညွှန်းများနှင့် ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်နေသည်။

 အဆောက်အအုံပိုင်ရှင်၊ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးဖြစ် သော တရုတ်နိုင်ငံသားနှစ်ဦးအ ပြင် နောက်ထပ် တရုတ်နိုင်ငံသား သုံးဦး၊ ဗီယက်နမ်တစ်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦး ကို ကမ္ဘောဒီးယားအစိုးရရှေ့နေ များက တရားစွဲဆိုခဲ့သည်။

ယခု အဖြစ်အပျက်ကြောင့် ကမ္ဘောဒီးယားရှိ တရုတ်စီးပွားရေး လုပ်ငန်းများ၏ သဘောသဘာဝ များနှင့် ပတ်သက်၍ လူထုအချေ အတင်ဆွေးနွေးငြင်းခုံမှုများ ဖြစ် ပေါ်လာစေသည်။

No comments:

Post a Comment