Wednesday, June 26, 2019

လုပ်ငန်းခွင် အမှား

လူဆိုတာအမှားနဲ့မကင်းပါဘူး။ တစ်ချို့အမှားက ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သလို လုပ်ငန်းခွင်က ကိုယ့်ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေကိုပါ ထိခိုက်စေနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီလိုအမှားမျိုးလုပ်မိပြီဆိုရင် ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ လေ့လာကြည့်ရအောင်။

အမှားကိုဝန်ခံပါ။
ကိုယ်လုပ်ခဲ့တဲ့အမှားက ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို ထိခိုက်သွားပြီဆိုရင် ကိုယ့်အမှားကို ရဲရဲဝံ့ဝံ့ဝန်ခံတတ်ဖို့ ကြိုးစားပါ။



တောင်းပန်ပါ။
အမှားကိုဝန်ခံပြီးပြီဆိုရင် ကိုယ်ကျူးလွန်ထားတဲ့ အမှားအတွက် သက်ဆိုင်ရာလူအားလုံးကို ကိုယ့်ဘက်က စိတ်ရင်းနဲ့ တောင်းပန်ပါ။

ပြန်လည်ပြုပြင်ပါ။
အမှားကိုဝန်ခံပြီး တောင်းပန်တာပါလုပ်ပြီးပြီဆိုရင် ကိုယ့်ရဲ့အမှားတွေကို ဘယ်လိုပြုပြင်နိုင်မလဲဆိုတဲ့ နည်းလမ်းကိုရှာဖွေပြီး အကောင်အထည်ဖေါ်ပါ။

ပြန်လည်စစ်ဆေးပါ။
ကိုယ့်ရဲ့ပြုပြင်ရေးကာလတစ်လျှောက်မှာ ကိုယ်လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်အားလုံးက မှန်ကန်မှုရှိရဲ့လားဆိုတာကိုလည်း အမြဲပြန်လည်စစ်ဆေးနေပါ။

အလုပ်စောစောသွားပါ။
ကိုယ့်ကိုယ်ကိုယ်ပြုပြင်နေတဲ့အချိန်မှာ အလုပ်ကိုလည်း ကြိုးစားပါ။ အလုပ်ကို လုံးဝနောက်မကျပါနဲ့။ ကိုယ့်ရဲ့ လုပ်ငန်းခွင် image ကောင်းဖို့ဆိုရင် အလုပ်စောစောရောက်ဖို့လည်း လိုပါတယ်။

အလုပ်တွေကို အချိန်မီပြီးအောင်လုပ်ပါ။
အလုပ်တွေကို အကောင်းဆုံးနဲ့ အချိန်မီပြီးအောင်လုပ်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့အမှားတွေကို တစ်ဖြည်းဖြည်းမေ့သွားကြပြီး အလုပ်ကြိုးစားတာကို အသိအမှတ်ပြုလာကြပါလိမ့်မယ်။

အွန်လိုင်းမှာလည်း ရှာဖွေပါ။
လုပ်ငန်းခွင်မှာ ဂုဏ်သိက္ခာပြန်တက်စေနိုင်မယ့် နည်းလမ်းတွေ၊ တိုင်းတာနိုင်မယ့်အရာတွေကို Google မှာလည်း ရှာဖွေကြည့်ပြီး လုပ်ဆောင်သင့်တဲ့အချက်တွေကိုဆို လိုက်နာဆောင်ရွက်ဖို့အတွက် ကြိုးစားကြည့်နိုင်ပါတယ်။

No comments:

Post a Comment