Wednesday, June 26, 2019

လေးနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ မြန်မာသို့ချေးရန် အာရှဖွံ့ဖြိုးရေးဘဏ်လျာထား

၂၀၂၁ ကစတင်ပြီး လေးနှစ်အတွင်း အတိုးနှုန်းသက်သာသော ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ မြန်မာနိုင်ငံသို့ ပေးရန်လျာထားသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဇွန်လ ၂၃ ရက်၌တွေ့ဆုံဆွေးနွေးစဉ် အသိပေး သည်။ တရားဝင်ဖွံ့ဖြိုးရေးချေးငွေ(အိုဒီအေ)ကဲ့သို့ အတိုးနှုန်းသက်သာ သော ချေးငွေအမျိုးအစားကို တစ်နှစ်လျှင်ဒေါ်လာ သန်း ၄၀၀ ခန့် မြန်မာနိုင်ငံအတွက် လျာထားသည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် တွေ့ဆုံ ဆွေးနွေးပွဲအတွင်း အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌက အသိပေးခဲ့သည်။



နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က မြန်မာနိုင်ငံကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျေး လက်နေပြည်သူများ၏ လူနေမှု ဘ၀တိုးတက်မြင့်မားရေး၊ လမ်း ပန်းဆက်သွယ်မှု မြှင့်တင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လျှပ်စစ် စွမ်းအင်ရရှိရေးနှင့် ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကူ အညီနှင့် ချေးငွေများဆက်လက် ပေးအပ်ရေးတို့နှင့် စပ်လျဉ်း၍ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မစ္စတာ တာကဲဟိကိုနာကာအိုနှင့် ဆွေးနွေးခဲ့သည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ် ရှည်ချေးငွေနှင့်ပတ်သက်၍ အိုဒီ အေကဲ့သို့ သက်သာသောအတိုး နှုန်းဖြစ်သည်ကို သိရှိရသော်လည်း အသေးစိတ်မသိရသေးပေ။

‘‘ADB ချေးငွေက အတိုးနှုန်း သက်သာပါတယ်။ လောလော ဆယ်တော့ အတိုးနှုန်းဘယ်ရွေ့ ဘယ်မျှပြောမရသေးဘူး’’ ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ်ဦးသန်းအောင် ကျော်ကပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးမှုကို ဆက်လက်ကူညီပေးရေး၊ အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေးနှင့် အဖွဲ့အစည်း များနှင့် လူသားအရင်းအမြစ်ဖွံ့ ဖြိုးရေး အာရှဖွံ့ဖြိုးရေးဘဏ်က ထပ်မံချေးငွေထုတ်ပေးရန် လျာ ထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်း ပြသည်။ ဇွန်လ ၂၂ ရက်ကစတင်၍ ထိုင်းနိုင်ငံဘန်ကောက်မြို့၌ စတင်ကျင်းပသော (၃၄)ကြိမ် မြောက်အာဆီယံထိပ်သီးအစည်း အဝေးကို နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေစဉ် အာရှဖွံ့ဖြိုး ရေးဘဏ်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေး နွေးခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment