Wednesday, June 26, 2019

မုံရွာတွင် နေ့ခင်းကြောင်တောင် အိမ်နှစ်လုံး သူခိုးဝင် ခိုး ခံရ

မုံရွာမြို့တွင် ယနေ့ ဇွန် ၂၅ ရက် တစ်ရက်တည်း တိုက်အိမ် ၂လုးံနေ့ခင်းကြောင်တောင် သူခိုး ဝင်ခိုး ခံခဲ့ရကြောင်း အိမ်ရှင်များက ပြောသည်။ မြို့သစ်ရပ်ကွက် ရောင်ခြည်သစ် မျက်မမြင်ကျောင်းအနီးနေအိမ်တစ်အိမ်နှင့် စီးပွားရေးတက္ကသိုလ်အနီး နေအိမ် တစ်အိမ်တို့ ဖောက်ထွင်းခိုးယူခံခဲ့ရခြင်းဖြစ်သည်။ "ခုပါသွားတာက ကိစ္စမရှိဘူး။လမ်းပေါက်သွားပြီး ထပ်လာမှာ ကြောက်တာ။လူ အန္တရာယ်ပေးခဲ့မှာလည်း စိုးရိမ်တာ"ဟု မြို့သစ်ရပ်ကွက်မှ အိမ်ရှင်က ပြောသည်။



မြို့သစ်ရပ်ကွက်တွင် ခိုးခံရသည့် နေအိမ်ပိုင်ရှင်မှာ တက္ကသိုလ်ဆရာမတစ်ဦးဖြစ်ပြီး နေ့လည် ၁၁နာရီမှ ညနေ ၄နာရီခွဲထိ ကျောင်းသွားနေချိန်အတွင်း သူခိုးဝင် သွားခြင်းဖြစ်သည်။

နေအိမ်တစ်အိမ်လုံးအား မွှေနှောက်က်သွားခဲ့ခြင်းဖြစ်ပြီး laptop တစ်လုံးနှင့်ပိုက်ဆံ ၂သောင်းကျော် ပါသွားသည်ဟု ရဲထံ ထွက်ဆိုထားသည်။ စီးပွားရေးတက္ကသိုလ် အနီး နေအိမ်တွင်လည်း နေ့လည် ၂နာရီနှင့် ၄နာရီခွဲအတွင်း လူမရှိခိုက် ဝင်ခိုးသွားခြင်းဖြစ်ပြီး နားကပ် ၁ရံပါသွားသည်ဟု သိရသည်။

No comments:

Post a Comment