Wednesday, June 26, 2019

ဒေါက်တာလဲ့လဲ့မော်၏ ဝေဒနာ ခွဲစိတ်ကုသရန်လိုဟု ဆရာဝန်ကြီးထွက်ဆို

ဒေါက်တာလဲ့လဲ့မော်၏ ဘယ်ဘက်ရင်သားနှင့် ချိုင်းအောင့်ရှိအကျိတ်များ ထွက်နေ ခြင်းကို သေချာစွာ ခွဲစိတ်စစ်ဆေးရန် လိုအပ်သည်ဟု ခွဲစိတ်အထူးကုဆရာဝန်ကြီးက ယမန်နေ့တွင်တရားခွင်၌ မှတ်ချက်ပြုထွက်ဆို ကြောင်း စွပ်စွဲခံရသူ၏ ရှေ့နေ ဦးနိုင်လင်းထွန်းက ပြောသည်။ အဂတိအမှုဖြင့် တရားစွဲခံရသော ဒေါက်တာလဲ့လဲ့မော်သည် ကင်ဆာရောဂါခံစားနေရ ခြင်း၊ လက်ရှိတွင် ထောင်တွင်း ချော်လဲသဖြင့် ခြေထောက်နာ ကျင်နေခြင်းတို့ကြောင့် ကျန်းမာရေးအာမခံပေးရန် ဇွန်လ ၁၇ ရက်ရုံးချိန်းတွင် ဒေါက်တာလဲ့လဲ့မော် ၏ အကျိုးဆောင်ရှေ့နေများက ဒုတိယအကြိမ် လျှောက်ထားခဲ့ သည်။



‘‘ခြေဆစ်မှာစတီးထည့်ထား တာကို Join ထားတဲ့ စတီးကို စုပ် ထားတဲ့ မူလီငါးချောင်းမှာ အရေး ပါတဲ့ထိပ်ဆုံးတစ်ချောင်းက မူလီ ပြုတ်ပြီး ပြတ်ထွက်နေတယ်။ အဲဒါလေးကို ခွဲစိတ်ကုသပြီး လုပ် လိုက်မယ်ဆိုရင် ခြေထောက်ကောင်းမယ်။ လုပ်ဖို့လည်း လို တယ်လို့ မှတ်ချက်ပေးပါတယ်’’ ဟု ဦးနိုင်လင်းထွန်းက ဆိုသည်။

တနင်္သာရီတိုင်းတရားလွှတ်  တော်၌ ဇွန်လ ၂၅ ရက်က လာရောက်ထွက်ဆိုသော ဆရာဝန် ကြီးများသည် ထားဝယ်ပြည်သူ့ ဆေးရုံကြီးမှ ခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် အရိုးအထူးကု ဆရာဝန်ကြီးတို့ဖြစ်သည်။

ယမန်နေ့ ရုံးချိန်းတွင် အမှုနှင့်ပတ်သက်သော တရားလိုပြသက် သေများဖြစ်သည့် တနင်္သာရီတိုင်းလျှပ်စစ် ဒုတိယအင်ဂျင်နီယာ ချုပ်နှင့် သရက်ချောင်းမြို့နယ် မြေစာရင်းဦးစီးမှူးတို့ကို နှစ်ဖက် ရှေ့နေများက စစ်မေးခဲ့သည်။ ဒေါက်တာလဲ့လဲ့မော်၏ အာမခံလျှောက်ထားမှုနှင့် ပတ် သက်၍ ယမန်နေ့ တရားခွင်၌ တစ်စုံတစ်ရာ ဆုံးဖြတ်ခဲ့ခြင်းမရှိ ပေ။

No comments:

Post a Comment