Wednesday, June 26, 2019

အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီးအဖြစ် မာ့ခ်အက်စ်ပါ စတင်တာဝန်ယူ

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှန်နာဟန် ရာထူးကနေ ရုတ်တရက် နုတ်ထွက်ခဲ့ပြီးနောက် ဇွန်လ ၂၄ ရက်နေ့က ယာယီ ကာကွယ်ရေးဝန်ကြီးသစ် မာ့ခ်အက်စ်ပါဟာ ပထမဆုံးနေ့အဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ သမ္မတ ထရမ့်က မာ့ခ်အက်စ်ပါကို ကာကွယ်ရေးဝန်ကြီးအဖြစ် ဇွန်လ ၂၁ ရက်နေ့မှာ အဆိုပြုခဲ့တာပါ။ အက်စ်ပါဟာ ပထမအကြိမ် ပင်လယ်ကွေ့စစ်ပွဲမှာ တာဝန်ထမ်းခဲ့သလို အမေရိကန် ကွန်ဂရက်မှာ လက်ထောက်အဖြစ်လည်း လုပ်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ ကာကွယ်ရေး လက်နက်ကုမ္ပဏီ ရေသီယွန်မှာ အစိုးရဆက်ဆံရေး ဒုဥက္ကဋ္ဌအဖြစ် ၇ နှစ် တာဝန်ထမ်းခဲ့ပါတယ်။ ယာယီကာကွယ်ရေးဝန်ကြီးအဖြစ် အက်စ်ပါကို ခန့်အပ်ဖို့အတွက် အထက်လွှတ်တော် အတည်ပြုချက် လိုအပ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

No comments:

Post a Comment