Wednesday, June 26, 2019

အိုင်အက်စ်အကျဥ်းသားများအပေါ် တရားစွဲဆိုရေး အီရတ်ဝန်ကြီးချုပ်နှင့် ကုလတာဝန်ရှိသူများ ဆွေးနွေး

ဆီးရီးယားနိုင်ငံ အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းထားတဲ့ အိုင်အက်စ် အကျဥ်းသားတွေအပေါ် တရားစွဲဆိုရေးကိစ္စ အီရတ်ဝန်ကြီးချုပ်နဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ဇွန်လ ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ အိုင်အက်စ် အကျဉ်းသားတွေကို တရားစွဲဆိုမလားဆိုတဲ့ မေးခွန်းကို အီရတ်ဝန်ကြီးချုပ် အဒဲလ် အဗ္ဗဒူလ် မာဒီက အစိုးရအနေနဲ့ နည်းလမ်းတွေ ရှာကြံပြီး တွေ့ရှိချက်တွေကို ကုလသမဂ္ဂထံ တင်ပြထားတယ်လို့ ပြောခဲ့ပါတယ်။



ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက SDF တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်တဲ့ အကျဉ်းစခန်းတွေမှာ နိုင်ငံပေါင်း ၅၀ ကျော်က ထောင်ချီတဲ့ အိုင်အက်စ် အကျဉ်းသားတွေကို ထိန်းသိမ်းထားပါတယ်။

သူတို့တွေထဲမှာ အနောက်နိုင်ငံတွေက နိုင်ငံခြားသား တိုက်ခိုက်ရေးသမား ၂၀၀၀ ထက်မနည်း ပါဝင်ပြီး သံတမန်ရေးရာ ကြန့်ကြာမှုတွေကြောင့် သူတို့ကံကြမ္မာ မရေမရာ ဖြစ်နေပါတယ်။

အမေရိကန်၊ ဥရောပမဟာမိတ်တွေနဲ့ ဆွေးနွေးပွဲအတွင်း အီရတ်အစိုးရဟာ အိုင်အက်စ် အကျဉ်းသားတွေကို တရားစွဲဖို့ ဆန္ဒရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment