Wednesday, June 26, 2019

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်အထူးကိုယ်စားလှယ်ဆွန်ကော်ရှန်း ငြိမ်းချမ်းရေးနှင့်ရခိုင်အရေး ဆွေးနွေး

 နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် တရုတ်အထူးကိုယ် စာလှယ်မစ္စတာဆွန်ကော်ရှန်းကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝနကြီးဌာန၌ လက် ခံတွေ့ဆုံခဲ့သည်။ အထက်ပါတရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အာရှရေးရာအ ထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုး သားပြန်လည်သင့်မြတ်ရေး၊ ရ ခိုင်ပြည်နယ်အရေးတို့ကို ဆွေး နွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
‘‘ရခိုင်ပြည်နယ်အရေးကို ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဖြေရှင်း ဖို့တရုတ်ရဲ့ ထောက်ခံအကြံပြု ချက်လည်းပါတော့ အဲဒီကိစ္စတွေ ဆွေးနွေးကြတယ်။ နောက်တစ် ခါ နယ်စပ်ဒေသကိစ္စတွေ၊ ငြိမ်း ချမ်းရေးကိစ္စတွေ ဆွေးနွေးကြ တယ်’’ ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် စီးပွားရေးဦးစီး  ဌာန ညွှန်ကြားရေးမှူးချုပ်ဦးချမ်း အေးကပြောသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ ပေါ်အထက်ပါ အထူးကိုယ်စား လှယ်ဆွန်ကော်ရှန်းက အပြုသ ဘောရှုမြင်ပြီး တိုးတက်မှုရှိသည် ဟု သုံးသပ်ကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေး နွေးရာတွင် ထည့်သွင်းပြောကြား ခဲ့သည်ဟုဆိုသည်။

No comments:

Post a Comment