Wednesday, June 26, 2019

ဆဒုံးမြို့နယ်တွင် တောင်ကျရေတိုက်စား၍ လမ်းပိုင်းအချို့ ပျက်စီး၊ ရပ်ကွက်အချို့ ရေနစ်မြုပ်

ကချင်ပြည်နယ် မြို့နယ်အချို့တွင်နေရာကွက် မိုးကြီးနေရာ  ဆဒုံးမြို့နယ်၌ တောင်ကျချောင်းရေ  တိုက်စား၍ လမ်းပိုင်းအချို့ ပျက်စီးပြီး မြေနိမ့်ပိုင်း  ရပ်ကွက်အချို့ ရေ၀င်နစ်မြုပ်ခဲ့သည်။ ဇူလိုင် ၂၅ ရက် နံနက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဆဒုံးချောင်း ရေတိုက်စားကာ ကမ်းပါးပြိုခြင်း၊ တံတားချဉ်းကပ်လမ်း ပျက်စီးခြင်း၊ မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေ၀င်နစ်မြုပ်ခြင်း တို့ ကြုံတွေ့ခဲ့သည်ဟု ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးက ပြောသည်။



မိုးရွာချိန် နာရီပိုင်းအတွင်း ကြုံရသော ရေဘေးကြောင့် လမ်းပိုင်းအချို့ ပျက်စီးသော်လည်း လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိခဲ့ပေ။မိုးဆက်လက်ရွာပါက ရေဘေးကြုံတွေ့မည်ကို ဒေသခံများက စိုးရိမ်နေသည်။

ဆဒုံးမြို့တွင် တောင်ကျရေ ဆင်း၍ ပျက်စီးမှုအချို့ရှိကြောင်း သတင်းကြားရသော်လည်း ထိခိုက်ပျက်စီးမှု စာရင်းအသေး စိတ် မရသေးကြောင်း ကချင်ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုရက်ပိုင်း၌ မြန်မာနိုင်ငံအထက်ပိုင်းနှင့် ရှမ်းပြည်နယ်ဒေသအချို့တွင် နေရာကွက်၍မိုး ကြီးနေပြီး ဇွန်လ ၂၃ ရက် နံနက်က  ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကြုံတွေ့သည့် ရေကြီးနစ်မြုပ်မှုတွင် လမ်းဘေးအုတ်နံရံပြိုကျရာ လူနှစ်ဦး သေဆုံးခဲ့ သည်။ လတ်တလော ရာသီဥတုအခြေအနေအရ ဒေသအများစုမိုးရွာနိုင်ပြီး နေရာကွက်မိုးကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်းစသည်တို့ကို ဖြစ်စေသည့် မိုးတိမ်တောင်အန္တရာယ်ကို ကချင်၊ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း၊  ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် သတိပြုရန် မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က သတင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment