Wednesday, June 26, 2019

ကြားဖြတ်သန်းခေါင်စာရင်း နိုဝင်ဘာလတွင် ကောက်မည်

အခုနှစ် နိုဝင်ဘာလမှာ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူဖို့  စီစဉ်နေပြီလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ေ နပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ဇွန် ၂၅ရက်က  ကျင်းပတဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် အသုံးပြုမယ့် မေးခွန်းပုံစံမှာ ထည့်သွင်းဖော်ပြ နိုင်ရေး အချက်အလက် အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲမှာ  ပြည်ထောင်စုဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။



ပြည်သူ့အင်အားဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က“သန်းခေါင်စာရင်း ကို ၁၀ နှစ်တစ်ကြိမ် ကောက်ယူတာ ဖြစ်တဲ့အတွက် ၂၀၁၄ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်ကြားမှာ ပြောင်းလဲ လာနိုင်တဲ့ အခြေအနေတွေ၊ လူဦးရေ၊ အိမ်အကြောင်းအရာ၊ အလုပ်သမား ရွှေ့ပြောင်းသွားလာမှု တွေ၊ မွေးဖွားသေဆုံးမှုတွေ၊ ရောဂါဘယ ကင်းဝေးဖို့ ဆောင်ရွက်ချက်တွေ စတဲ့မေးခွန်းတွေကို ဒီကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းမှာ မေးမြန်းမှာ ဖြစ်ပါတယ်။” လို့ မီဒီယာကို ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ရာမှာ မေးခွန်းစုစုပေါင်း ၁၂၆ ခု မေးမြန်းမှာဖြစ်ပြီး ၀န်ကြီးဌာနတွေက ဘယ်အချက်အလက်တွေ လိုအပ်တယ်၊ ဘယ်အချက် တွေ ထည့်ဖြည့်မယ်၊ ဘယ်အချက်တွေ မမေးသင့်ဘူး ဆိုတာတွေကို ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးသွားမယ်လို့ လည်းဆိုပါတယ်။

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူ တုန်းကလို မေးခွန်းစာရွက်တွေနဲ့ကောက်ခံမှာ မဟုတ်ဘဲ Mobile Tablets တွေသုံးပြီး ကွန်ပျူတာ အခြေပြု လူတဦးချင်း အင်တာဗျူးစနစ် (CAPI) နည်းပညာကို အသုံးပြုကောက်ယူသွားမှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှုကို နိုင်ငံတော် ဘဏ္ဍာရံပုံငွေ နဲ့ ဆောင်ရွက်မှာဖြစ်ပြီး နည်းပညာနဲ့ဆက်စပ်တဲ့ ပံ့ပိုးမှုတွေကို ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းတွေနဲ့  ပူးပေါင်းဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment