Wednesday, June 26, 2019

လန်ဒန်မြေအောက်ဘူတာတွင် ၉၁ နှစ်အရွယ်အဘိုးအား သံလမ်းပေါ်တွန်းချခဲ့သူကို ထောင်တသက် ချမှတ်

လူစည်ကားတဲ့ လန်ဒန် မြေအောက်ဘူတာရုံမှာ အသက် ၉၁ နှစ်အရွယ်အဘိုးအား သံလမ်းပေါ် တွန်းချခဲ့သူကို ဇွန်လ ၂၄ ရက်နေ့က ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်လိုက်ပါတယ်။ လူသတ်ရန် ကြိုးပမ်းမှု နှစ်ခုမှာ အပြစ်ရှိကြောင်း တွေ့ပြီးနောက် ပေါလ် ခရော့စ်လေ ဆိုသူကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သူဟာ အနည်းဆုံး ထောင်ဒဏ် ၁၂ နှစ် ကျခံရမယ်လို့ ဗြိတိန်ပို့ဆောင်ရေးရဲတပ်ဖွဲ့က ပြောပါတယ်။ ခရော့စ်လေဟာ ပြစ်ဒဏ်ချမှတ်မခံရခင် လပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ခံယူခဲ့ပါတယ်။



မနှစ်တုန်းက သူဟာ တော်တယ်ဟမ်ဘူတာရုံမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသားတယောက်ကို သံလမ်းပေါ် တွန်းချခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အဲဒီနောက် သူဟာ Marble Arch ဘူတာရုံကို ရထားနဲ့သွားခဲ့ပြီး အဲဒီမှာ သက်ကြီးရွယ်အို တယောက်ကို သံလမ်းပေါ် တွန်းချခဲ့ပါတယ်။

အဲဒီလို တွန်းချခံရတဲ့ အဘိုးဟာ တင်ပါးဆုံရိုးကျိုးခဲ့ပြီး ဆိုးရွားတဲ့ ပြတ်ရှဒဏ်ရာတွေ ရခဲ့ပါတယ်။

အကြီးတန်း စုံစမ်းရေးအရာရှိတဦးဖြစ်တဲ့ ဒဲရန့်ဂါ့ဖ်ကတော့ ပြစ်မှုကျူးလွန်သူ ခရော့စ်လေကို တသက်တကျွန်း ချမှတ်ခဲ့တာ ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။

No comments:

Post a Comment