Wednesday, June 26, 2019

မြို့နယ်ကိုးခု၌ မိုဘိုင်းအင်တာနက် ဖြတ်တောက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန်ဖြစ်နိုင်ဟု ကုလအထူးကိုယ်စားလှယ် ရန်ဟီးလီသုံးသပ်

ရခိုင်နှင့် ချင်းပြည်နယ် တို့ရှိ မြို့နယ်ကိုးခုကို မိုဘိုင်းအင်တာနက် ဖြတ်တောက်ခြင်း သည် သတင်းအမှောင်ချခြင်းဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုကို ဖုံးကွယ်ရန်ဖြစ်နိုင်ကြောင်း ကုလ သမဂ္ဂ အထူးကိုယ်စားလှယ် မစ္စစ် ရန်ဟီးလီက ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။ မိုဘိုင်းအင်တာနက် ဖြတ်တောက်ရန် မြန်မာအစိုးရ၏ ထုတ်ပြန်ချက်ကို ချက်ချင်းပြန်လည် ရုပ်သိမ်းရန်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ် မစ္စရန်ဟီးလီက ၎င်း၏ထုတ်ပြန်ချက်မှတစ်ဆင့် တောင်းဆိုသည်။



‘‘အဲဒီမြို့နယ်အတွင်းရှိ လူတွေနဲ့ မြို့နယ်ပြင်ပက လူတွေအကြား ဆက်သွယ်ဖို့ နည်းလမ်း မရှိဘဲ အခုလိုဖြတ်တောက် လိုက်တာက အဲဒီဒေသမှာရှိတဲ့ အရပ်သားအားလုံးအတွက် ကျွန်မစိုးရိမ်ပူပန်မိပါတယ်’’ဟု မစ္စစ်ရန်ဟီးလီက ပြောသည်။

တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းအမှောင်ချသည်ဟု ပြောဆိုမှုသည် စွပ်စွဲမှုသာဖြစ်ပြီး မိုဘိုင်းအင်တာနက် ဖြတ်တောက် ရန် တပ်မတော်က ညွှန်ကြားထား ခြင်းမရှိကြောင်း တုံ့ပြန်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ၀န် ဦးမျိုးဆွေက တရားဥပဒေစိုး မိုးရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်မည်ဟုယူ ဆ၍ ယင်းသို့ မိုဘိုင်းအင်တာနက် ယာယီဖြတ်တောက်ရန် ညွှန်ကြား ထားခြင်းဖြစ်ပြီး နယ်မြေပြန်လည်တည်ငြိမ်အေးချမ်းမှု ရရှိပါက ယင်းဝန်ဆောင်မှုများ ပြန်လည်ပေးမည်ဟု ပြည်တွင်းသတင်းဌာနများအား ဖြေကြားထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် မစ္စစ်ရန်ဟီးလီကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်အဖြစ် သက်တမ်းတစ် နှစ် တိုးမြှင့်ထားသော်လည်း မြန် မာအစိုးရက ၎င်းသည်မျှတမှုကင်း မဲ့ခြင်း၊ ဘက်လိုက်ခြင်းတို့ကြောင့် ယုံကြည်မှုမရှိ၍ မြန်မာနိုင်ငံဆိုင် ရာ အထူးကိုယ်စားလှယ်အဖြစ် အသိအမှတ် မပြုသည့်အပြင် ပြည်ဝင်ခွင့်ကိုလည်း ၂၀၁၇ ဒီဇင်ဘာကကတည်းက ပိတ်ပင်ထား သည်။

No comments:

Post a Comment