Wednesday, June 26, 2019

ပြည်ခိုင်ဖြိုးနှင့် ပူးပေါင်းသော လောဝေါ်အမျိုးသားပါတီ အမတ်လောင်းရွေးချယ်တော့မည်

၂၀၂၀ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ ရွေးချယ်ရေးဇူလိုင် အတွင်း အစည်းအဝေးလုပ်ကာ ဆောင်ရွက်မည် ဖြစ်ကြောင်း လောဝေါ်အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူးဦးဒေးဗစ်က ပြော သည်။ အဆိုပါပါတီသည် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် သေချာသည့် နေရာများကို ရွေး ချယ်ယှဉ်ပြိုင်ရန် စီစဉ်နေသည်။



‘‘ကျွန်တော်တို့ အစည်းအ ဝေးလုပ်ပြီးတော့ စတင်ရွေးချယ် သွားပါမယ်’’ ဟု ဦးဒေးဗစ်က ပြောသည်။ လောဝေါ်အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီအနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် နေရာစုံနီးပါး ဝင်ရောက်ယှဉ်ပြိုင်သော်လည်း အနိုင်ရရှိခြင်း မရှိသောကြောင့် လာမည့်အထွေထွေ ရွေးကောက် ပွဲ၌ အင်အားကြီးသည့် ပါတီတစ် ခုဖြစ်သော ပြည်ခိုင်ဖြိုးနှင့်ပူး ပေါင်းခြင်းဖြစ်သည်။

အခြား တိုင်းရင်းသားပါတီ အချို့ကမူ လက်ရှိတွင် ရွေး ကောက်ပွဲအတွက် ဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိသေးဘဲပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က ရွေးကောက်ပွဲကျင်းပမည့် ရက် ကြေညာပြီးမှသာ စတင်လှုပ် ရှားမည်ဟု ဆိုသည်။

အခြား တိုင်းရင်းသားပါတီ များဖြစ်သည့် ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ ပ အိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါင်းဆောင်များက လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန်သေချာသည့်နယ်မြေဒေသများ၌ယှဉ်ပြိုင်မည်ဟု ပြောသည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် တိုင်းရင်းသားပါ တီများအနေဖြင့် ၃၂၃ နေရာယှဉ် ပြိုင်ရသည့် ပြည်သူ့လွှတ်တော်၌ ၃၇ နေရာ၊ ၁၆၈ နေရာရှိသည့် အမျိုးသားလွှတ်တော်၌ ၁၉  နေရာ၊စုစုပေါင်းနေရာ ၆၃၀ ရှိသည့်တိုင်းနှင့် ပြည်နယ်လွှတ်တော်များအတွက် ၇၉ နေရာ အနိုင်ရထား သည်။

No comments:

Post a Comment