Wednesday, June 26, 2019

MIU မှ စာကြည့်တိုက်မှူး ​ကျော်​ဇင်​ဝင်း ​​သေဆုံးမှု ​ဆေးစာအ​​ပေါ်တည်၍ ​ဆက်​လက်​လုပ်​​ဆောင်​ရမည်​​ဟု မိသားစုဝင်​များ ဆို

လိင်စိတ်ကွဲပြားသူဟု စွပ်​စွဲခံရသဖြင့်​ အဆုံးစီရင်ခဲ့သော MIU မှ Libra rian ​ကျော်​ဇင်​ဝင်း ​သေဆုံးမှုနှင့်​ပတ်​သက်​၍ ​ဆေးစာထွက်​ရှိလာမှုအ​ပေါ်မူတည်​ပြီး ရှေ့ဆက်​လက်​လုပ်​​ဆောင်​ရမည်​ဟု ကို​ကျော်​ဇင်​ဝင်း၏ မိသားစုဝင်​များက​ပြောသည်​။ "အခုလက်​ရှိမှာ ကျွန်​မတို့​မောင်​​လေးအတွက်​ အရမ်းခံစား​နေရပါတယ်​။ မနက်​ဖြန်​ အသုဘချဖို့အတွက်​ စီစဉ်​​နေရတာ​တွေနဲ့ အားလုံးပင်​ပန်း​နေကြပါပြီ။ အခုထိ​ဆေးစားအ​ဖြေမထွက်​​သေးပါဘူး။ ​ဆေးစာအ​ဖြေသိပြီးနောက်​ပိုင်း ​မောင်​​လေးရဲ့ရက်​လည်​ပြီးရင်​ ​ဒီကိစ္စနဲ့ပတ်​သက်​ပြီး ဘာဆက်​လုပ်​ရမယ်​ဆိုတာကို ကျွန်​မတို့စဉ်းစားမှာပါ"ဟု ​သေဆုံးသူ၏ အစ်မဝမ်းကွဲဖြစ်သူ မစန်းစန်းမြင့်က News Watch သို့​ပြောသည်။



ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ထူပါရုံ ၁ ရပ်​ကွက်​ အ​နောက်​ ၁၃ လမ်း​နေ ကိုကျော်ဇင်ဝင်း(ခ)ကစ်ကစ်၊ (၂၆)နှစ်မှာ ဇွန် ၂၄ ရက်၊ နံနက်ပိုင်းက နေအိမ်အတွင်း အော့အန်​ကာ မျက်ဖြူများစိုက်​နေသဖြင့်​ စံပြဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင်​ သေဆုံးသွားခဲ့သည်။

သေဆုံးသူ ကိုကျော်ဇင်ဝင်း(ခ)ကစ်ကစ်သည် Myanmar Imperial University(MIU) ၌ စာကြည့်တိုက်​မှူးအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သူ၏ လုပ်​​ဖော်​ကိုင်​ဖက်​တချို့မှ လိမ်​စိတ်​ကွဲပြားသူဟုဆိုကာ ခွဲခြားနှိမ့်​ချဆက်​ဆံခံရသဖြင့်​ ​ဆေးအလွန်​အကျွံ​သောက်​သုံး၍ ကိုယ့်​ကိုယ်​ကို အဆုံးစီရင်​ခဲ့​ကြောင်း လူမှုကွန်​ရက်​စာမျက်​နှာများတွင်​ ပျံ့နှံ့လျက်​ရှိသည်​။

ယင်းဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ ပါဝင်ပတ်သက်သည်​ဟုယူဆရသူ သုံးဦးအား အလုပ်မှ ယာယီရပ်ဆိုင်းထား​ကြောင်း ဇွန်​ ၂၅ ရက်​က MIU(Myanmar Imperial University) က သတင်းထုတ်​ပြန်​ထားသည်။

သေဆုံးသူဂကိုကျာ်​ဇင်​ဝင်း၏ အဖွားဖြစ်​သူ ​ဒေါ်​စောနန်းမှာ သူ၏​မြေး သေဆုံးသွားသည်ဆိုခြင်ကို လက်မခံနိုင်ဘဲ မြေးဖြစ်သူ အိမ်​ပြန်​လာမည်​ဟု တဖွဖွ​ပြောဆိုလျက်​ရှိ​နေသည်​။

သေဆုံးမှုနှင့်ပတ်သက်၍ ဆေးစာမရရှိသေး​သော​ကြောင့်​ သေဆုံးရသည့်အကြောင်းအရင်းကို မသိရှိသေးကြောင်း သေမှုသေခင်းရေးဖွင့်ရန် စီစဉ်လျက်​ရှိ​ကြောင်း သာကေတ မြို့မရဲစခန်းမှစုံစမ်းသိရသည်​။

No comments:

Post a Comment