Wednesday, June 26, 2019

ကိုပါအမေရိက ကွာတားဖိုင်နယ်တွင် ချီလီနှင့် ကိုလံဘီယာ၊ ဘရာဇီးနှင့် ပါရာဂွေး၊ ဥရုဂွေးနှင့် ပီရူးတွေ့ဆုံ

ဇွန်လ ၂၄ ရက်က ကိုပါအမေရိကဖလား အုပ်စုပွဲစဉ် အားလုံးပြီးစီးခဲ့ရာ ကွာတားဖိုင် နယ်တွင် လက်ရှိချန်ပီယံ ချီလီနှင့် ကိုလံဘီယာ၊ အိမ်ရှင် ဘရာဇီးနှင့် ပါရာဂွေး၊ ဥရုဂွေးနှင့် ပီရူးတို့ တွေ့ဆုံပြီး အာဂျင်တီးနားက ဗင်နီဇွဲလားနှင့် ကစားမည်ဖြစ် သည်။ အာဂျင်တီးနားနှင့် ဗင်နီဇွဲ လား သေချာပြီဖြစ်သော်လည်း ကျန်တွဲဆိုင်းများသည် အုပ်စု (D) နောက်ဆုံးပွဲစဉ် ရလဒ်များပြီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။



အုပ်စု (D) ဗိုလ်ဖြစ်ရေး အဆုံးအဖြတ်ပွဲ၌ ဥရုဂွေးက ချီလီ ကို တိုက်စစ်မှူး ကာဗာနီ၏ ၈၂ မိနစ် ခေါင်းတိုက်ဂိုးဖြင့် ၁-၀ ဂိုးဖြင့် အနိုင်ရပြီး အုပ်စုဗိုလ်ဖြစ်ခဲ့ သည်။  ချီလီချန်ပီယံဖြစ်ခဲ့သော ၂၀၁၅ ကိုပါ အမေရိက ကွာတား ဖိုင်နယ်ပွဲတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့် ပြီးနောက် ယင်းနှစ်သင်း ပထမ အကြိမ် တွေ့ဆုံခြင်းဖြစ်ကာ ထို အချိန်က ကာဗာနီထုတ်ပယ်ခံခဲ့ရ သည်။

ဥရုဂွေးကို ရှုံးနိမ့်ခြင်းကြောင့် ကိုပါအမေရိက နောက်ဆုံးနှစ် ကြိမ်ဆက် ချန်ပီယံချီလီသည် ကိုလံဘီယာနှင့် ပွဲကျပ်ကစားရ မည်ဖြစ်သည်။ ယခုနှစ် ကိုပါ အမေရိကဖလားတွင် ကိုလံဘီ ယာသည် အုပ်စုပွဲစဉ် သုံးပွဲစလုံး အနိုင်ရသော တစ်ခုတည်းသော အသင်းဖြစ်သည်။ အုပ်စု (D) အခြားပွဲတွင် ဖိတ်ခေါ်အသင်းဖြစ်သော ဂျပန် နှင့် အီကွေဒေါ တစ်ဂိုးစီဖြစ်ခဲ့ သည်။

ယင်းပွဲတွင် အနိုင်ရသူက အကောင်းဆုံးတတိယအသင်းအ ဖြစ် အုပ်စု (A)မှ ပီရူးနှင့်အတူ ကွာတားဖိုင်နယ်သို့ တက်ရောက် မည်ဖြစ်သော်လည်း သရေကျခဲ့ သောကြောင့် အုပ်စု (B) မှ ပါရာ ဂွေး တက်ရောက်ခွင့်ရခဲ့သည်။

 ကွာတားဖိုင်နယ်သို့ မရောက်ခြင်းသည် မိမိအပြစ် မဟုတ်ကြောင်း အီကွေဒေါ နည်း ပြ ဟာနန်ဂိုမက်ဇ်က အလေးအ နက်ပြောသည်။ ကွာတားဖိုင်နယ်နှင့် လွဲချော် ပြီးနောက် ဂျပန်အသင်းနည်းပြ မိုရီယာဆုက ၎င်းတို့အနေဖြင့် ကိုပါအတွေ့အကြုံများမှ သင်ယူ မည်ဟု ပြောသည်။ အာရှချန်ပီယံ ကာတာလည်း ကိုပါပြိုင်ပွဲတွင် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။ ကွာတားပွဲစဉ်များကို ဇွန် ၂၈၊ ၂၉၊ ၃၀ ရက်တို့တွင် ကစား မည်ဖြစ်သည်။

No comments:

Post a Comment