Wednesday, June 26, 2019

ကျောက်တံတားမြို့နယ်ရှိ လေလွင့်ခွေးများကို ဖမ်းဆီးကာ သဘာဝဘေးမဲ့တောသို့ ပို့

ရန်ကုန်တိုင်းဒေသကြီး ၊ကျောက်တံတားမြို့နယ်၊လေလွင့်ခွေးများကို ဖမ်းဆီးခြင်း လုပ်ငန်းကို ယနေ့ ဇွန် ၂၆)ရက်နေ့က စည်ပင်တာဝန်ရှိသူများနှင့် လေလွင့်ခွေး ကင်းစင်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယင်းသို့ လေလွင့်ခွေးများ ဖမ်းဆီးရာ၌ ရန်ကုန်စည်ပင် တိ/ကုဌာနတာဝန်ရှိသူများက ခွေးအား ပိုက်ကွန်ဖြစ်ပစ်ဖမ်း၊ဖမ်းဆီးရမိသည့် ခွေးအား မေ့ဆေးထိုးခြင်း၊ ကြိုးဖြင့် ချည်နှောင်ခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း လေလွင့်ခွေး ကင်းစင်ရေးအဖွဲ့မှ ကိုကျော်ကျော်လွင်ကပြောသည်။
ဖမ်းဆီးရမိသည့် လေလွင့်ခွေးများကို လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး မင်းကုန်း သဘာဝဘေးမဲ့တောသို့ ကားဖြင့် ပို့ဆောင်ခြင်း ဖြစ်ကြောင်း ၄င်းကပြောသည်။ ထိုသို့ လေလွင့်ခွေး ဖမ်းဆီးခြင်း အစီအစဉ်သည် ရပ်ကွက်နေပြည်သူလူထုတို့၏ တိုင်ကြားမှု ၊ သက်ဆိုင်ရာ မြို့နယ်စည်ပင်ဥက္ကဌ၏ ဆုံးဖြတ်ချက် ဖြစ်ပြီး ယနေ့ဖမ်းဆီးသည့် ခွေးအကောင်ရေမှာ ၃၀ ခန့်ဖြစ်ကြောင်း ကိုကျော်ကျော်လွင်ကပြောသည်။

No comments:

Post a Comment