Wednesday, June 26, 2019

နယ်စပ်တွင် တရုတ်ရဲက ထားခဲ့သော မြန်မာအမျိုးသမီးကို လွယ်ဂျယ်ဒေသခံများ ကယ်တင်

တရုတ်နိုင်ငံတွင် ဖမ်း ဆီးခံရပြီး မြန်မာနိုင်ငံဘက်သို့ တရားမ၀င်ပြန်လည် ပို့ဆောင်ခြင်းခံရသည့် ကျန်းမာရေးမကောင်းသော အမျိုးသမီးတစ်ဦးကို လွယ်ဂျယ်ဒေသခံများက ကယ်တင်ခဲ့သည်။ တရုတ်နိုင်ငံနယ်စပ်နှင့် ထိ စပ်နေသော ကချင်ပြည်နယ် လွယ်ဂျယ်မြို့ တစ်နေရာတွင် ကျန်းမာရေးမကောင်းသော အ သက်(၂၀)ကျော်အရွယ်အမျိုးသ မီးတစ်ဦးကို ဒေသခံများကတွေ့ ရှိပြီး ကချင်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ အ ကြောင်းကြားခဲ့သည်။

‘‘ကောင်မလေးက တရုတ် ထောင်ကနေ  လွတ်လာတာလို့ သိရတယ်။ သူ့အခြေအနေကို ဒေ သခံတစ်ယောက်က We Chat (တရုတ်နိုင်ငံသုံး လူမှုကွန်ရက်)  ကနေ ပို့ပေးတာပါ’’ဟုကချင်ပြည် နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ပြန်ကြားရေးကော်မတီ ၀င်ဦးဉာဏ်ထွန်းက ပြောသည်။

အဆိုပါသတင်းကြောင့် စုံ စမ်းစစ်ဆေးရာ အသက် (၂၃)နှစ် အရွယ်ယင်းအမျိုးသမီးသည် မိုး ကုတ်မြို့ဇာတိဖြစ်ပြီး တရုတ်နိုင်ငံ တွင် အလုပ်လုပ်ရန်  တရားမ၀င်  ၀င်ရောက်ခဲ့၍ တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသူ ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ လွယ်ဂျယ်တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးအောင်လှိုင်က ပြော သည်။

‘‘တရားမ၀င် လာသွန်တာ။ လာပစ်သွားတာပေါ့။ လူကကျန်း မာရေးသိပ်မကောင်းဘူး။  အခု တော့ အမျိုးသမီးစောင့်ရှောက် ရေးဂေဟာတစ်ခုမှာ ထားပါ တယ်။ သူ့မိဘတွေဆီ ပြန်ပို့ပေး မယ်’’ ဟု ဒုတိယရဲမှူးအောင်လှိုင် က ပြောသည်။

 အထက်ပါအမျိုးသမီးနှင့် အတူ အမျိုးသမီးရှစ်ဦးကို တရုတ် ရဲတပ်ဖွဲ့က နယ်စပ်တစ်နေရာ တွင် ဇွန်လ ၂၃ ရက် နံနက်အစော ပိုင်းက ထားခဲ့သည်။ ကျန်ခုနစ်ဦး ကိုမူ မတွေ့သေးဘဲ တိမ်းရှောင် နေသည်ဟု ဒေသခံများက  ယူဆ နေသည်။

နှစ်နိုင်ငံ  နယ်စပ်ဒေသတာ ၀န်ရှိသူအချင်းချင်း တရားဝင် လွှဲပြောင်းခြင်းမဟုတ်ဘဲ နယ်စပ် တွင် ထားသွားခြင်းကို လူသွန်သည်ဟု ခေါ်သည်။ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို တရားဝင်မလွှဲပြောင်းဘဲ နယ်စပ်တစ်နေရာ၌ ထားခဲ့သည့်လုပ်ရပ်ကို တရုတ်ရဲတပ်ဖွဲ့က လုပ်လေ့ရှိသည်။ တရုတ်နိုင်ငံသို့ ဦးတည် သော လူကုန်ကူးမှုအများအပြား ရှိနေ၍ အမျိုးသမီးများအနေဖြင့် လူပွဲစားများကို သတိပြုရန်၊ အ ယုံမလွယ်ရန်  နည်းမျိုးစုံဖြင့် သတိပေးနေကြောင်း လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးသက် နောင်ကပြောသည်။

No comments:

Post a Comment