Wednesday, June 26, 2019

ဇာတ်ကားရိုက်ကူးရေးနားထားတဲ့ မင်းမော်ကွန်း

ဇာတ်ကားရိုက်ကူးရေး နားထားသောကြောင့် ကျန်းမာ ရေးဦးစားပေးကာ Gym ကစား နေကြောင်း သရုပ်ဆောင်မင်းမော် ကွန်းက ပြောသည်။ ‘‘ကျွန်တော်အခုလောလော ဆယ်နားပြီး Gym ကောင်း ကောင်းကစားဖြစ်တယ်။ စာအုပ် တွေ ကောင်းကောင်းဖတ်ဖြစ် တယ်။ ရုပ်ရှင်တွေ ကြည့်ဖြစ် တယ်။ ကျွန်တော့်ကျန်းမာရေး အတွက် Gym  ပြန်ကစားတာပါ။ အဓိကက ဗိုက်ချနေတာပါ။ ကာ ရိုက်တာအရတော့မဟုတ်ဘူး။ ကားရိုက်နားတုန်းလေး လုပ်စရာ ရှိတာအကုန်လုပ်တဲ့သဘောပါ။ မိသားစုနဲ့အတူတူနေတယ်။ တ ခြားကားရိုက်တွေနဲ့ အလုပ်ရှုပ်နေ တဲ့အချိန် မလုပ်ဖြစ်တာတွေ အ ကုန်လုပ်ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။



ရိုက်ကူးထားသည့်ဇာတ် ကားများစွာရှိသော်လည်း ရုံတင် မည့်ရက်အတိအကျမသိရသေး သကဲ့သို့ ၂၀၁၉ အတွင်းနှင်းဆီအ ဖွဲ့ရိုက်ကူးထားသည့် Rose Rider ဇာတ်ကားရုံတင်နိုင်ရေးကြိုး စားနေသည်ဟုဆိုသည်။

‘‘Rose Rider ကားက ကျွန် တော်တို့တတ်သမျှ အကုန်လုံး ကြိုးစားပြီး  လုပ်ရတဲ့ကားပါ။ တော်တော်လေးလည်း ပင်ပန်း ကြပါတယ်။ နောက်ပြီး နှင်းဆီအ နေနဲ့ အငြိမ့်ပွဲလေးတွေလည်းရှိ ပါသေးတယ်’’ ဟု မင်းမော်ကွန်း ကပြောသည်။ ၎င်း၏ မျိုးဆက် သားသမီးသုံးဦးတွင် အငယ်ဆုံးက အနုပညာနှင့်ပတ်သက်ပြီး ၀ါသနာကြီးသည်ဟု ဆိုသည်။

‘‘သူက ၀ါသနာအကြီးဆုံး ထင်တယ်။ သီချင်းတွေအကုန် နားထောင်တယ်။ ရုပ်ရှင်တွေဆို လည်း ကြည့်တယ်။ ပြီးရင် အက် တင်တွေလုပ်တယ်။ သူမှမဟုတ် ဘူး။ အကြီးနှစ်ယောက်လည်း လုပ်မယ်ဆိုရင် ကျွန်တော်က အကုန်လုံးကိုခွင့်ပြုတယ်။ ဒါပေ မဲ့ အငယ်လေးလေပြေကတော့ ကျောင်းကိုပြီးအောင်တက်ဦး မယ်ပြောပါတယ်’’ ဟု မင်းမော် ကွန်းက ပြောသည်။

သား၊ သမီးများ၏ ၀ါသနာ ကို အဓိကထားပြီး ၎င်းတို့၏ရွေး ချယ်မှုကို ဦးစားပေးပံ့ပိုးမည်ဟု ဆိုသည်။ ‘‘သူတို့လုပ်နိုင်တဲ့၊ သူတို့ လုပ်ချင်တဲ့ရည်ရွယ်ချက်ကို ကျွန် တော်က ပံ့ပိုးပေးဖို့ပါ။ ပံ့ပိုးပေး နိုင်တာဆိုလို့လည်း ကျွန်တော်တို့ က ကလေးတွေကို ပညာသင်ပေး မယ်။ လိမ္မာရေးခြားရှိအောင်သွန် သင်ဆုံးမပေးမယ်။ ဒီလောက်ပါ ပဲ’’ ဟု မင်းမော်ကွန်းကပြော သည်။

No comments:

Post a Comment