Wednesday, June 26, 2019

ပီရူးကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ် နှလုံးရောဂါဖြင့် သေဆုံး

ပီရူးကာကွယ်ရေးဝန်ကြီး ဟိုဆေးဝယ်သာဟာ ဇွန်လ ၂၄ ရက်နေ့က နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ ကာကွယ်ရေးဝန်ကြီး ဝယ်သာဟာ အမေဇုန်ဒေသကို လုပ်ငန်းတာဝန်နဲ့သွားရင်း သေဆုံးခဲ့တာပါ။ အသက် ၇၁ နှစ်အရွယ် ဝယ်သာဟာ ပီရူး-အီကွေဒေါ နယ်စပ်အနီး စီနာပါခရိုင်က လုံခြုံရေး ကင်းစခန်းတွေကို သွားရောက် စစ်ဆေးနေတာ ဖြစ်ပါတယ်။ အဲဒီနောက် ရဟတ်ယာဉ်ပေါ် အတက်မှာ သူဟာ သေဆုံးခဲ့တယ်လို့ ဒေသမီဒီယာက ထုတ်ပြန်ပါတယ်။ အဲဒီအတွက် ကာကွယ်ရေးဝန်ကြီး ဟိုဆေးဝယ်သာရဲ့ ရုပ်အလောင်းကို စစ်ဘက်အခမ်းအနားနဲ့ မြို့တော် လီမာဆီ သယ်ဆောင်ခဲ့ပြီး ပီရူးအစိုးရက ဝမ်းနည်းခြင်း အထိမ်းအမှတ် ၂ ရက် သတ်မှတ်ခဲ့ပါတယ်။ ပီရူးသမ္မတ မာတင်ဗစ်ဇ်ကာကာကလည်း ဟိုဆေးဝယ်သာရဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြုပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

No comments:

Post a Comment