Wednesday, June 26, 2019

သန်စွမ်းသော ကမ္ဘာကြီးဖြစ်ဖို့ရာ

နေ့စဉ်ယူသော သတင်းစာရောက်ပြီ။ လုပ်လက်စအလုပ်များကို ပစ်ချထားလိုက်၍ သတင်းစာကို အ ပြေးအလွှားလှန်ရသည်။ ရှေ့ဆုံး နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များသတင်း၊ ကမ္ဘာနှင့် ကုန်သွယ်ရေးသတင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသတင်း၊ ထို့နောက် အယ်ဒီတာ့အာဘော်ဆောင်းပါး စသည်ဖြင့် အစဉ်လိုက်လှန်သွားရသည်။ ယနေ့ အယ်ဒီတာ့အာဘော် ဆောင်းပါးက ထူးထူးခြားခြား ခေါင်းစဉ်နှင့် ကမ္ဘာ့အိမ်သာများ နေ့ဆိုပဲ။ နိုဝင်ဘာလ ၁၉ ရက် သည် World Toilet Day။ ကျွန်မ ပဲညံ့၍လားမသိ၊ ယခုမှ ကြားဖူး သည်။ စိတ်ဝင်တစား ဆက်ဖတ် သော ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ် ပုံကျော်သည် သန့်ရှင်းသော ယင် လုံအိမ်သာ မသုံးစွဲနိုင်သေးဟု ဆို ထားသည်။ ဖျားသွားလောက် သော အရေအတွက်ပင်။



ထိုအထဲတွင် ကျွန်မတို့နိုင်ငံ သားတွေကော မည်မျှလောက် ပါနေနိုင်ပါသနည်း။ သိပ်မနည်း လှဟု ထင်မိသည်။ LDC ကိန်း ဂဏန်းကြီးသည့် နိုင်ငံပေပဲ။ ကောင်းကောင်း ပါနိုင်ပါလိမ့် မည်။ မသက်မသာ စိတ်အတွေး များ ဖြန့်ကြက်နေမိစဉ် ငယ်ရွယ် စဉ်က ပါဝင်ပတ်သက်ခဲ့ရသော သန့်စင်ခန်း ခေါ် အိမ်သာများ၏ အခန်းကဏ္ဍအဖုံဖုံကို ပြန်လည် မြင်ယောင်လာမိပါသည်။

ကျွန်မတို့ ဆယ်ကျော်သက် အရွယ် ဇာတိအင်ကွင်းရွာလေး သို့ သွားရောက်လည်ပတ်တိုင်း ဒုက္ခတစ်မျိုး ကြုံရတတ်ပါသည်။ တစ်ရွာလုံး အိမ်သာ မည်မျှရှိ သည်မသိပါ။ ဝမ်းသွားလိုလျှင် ရွာအနောက်ဘက်က ရိုးထဲသို့ ပြေးကြရသည်။ သစ်ပင် အငယ်၊ အလတ် တော်တော်များများရှိ သော မြေခပ်နိမ့်နိမ့်ရိုးလေးသည် လူငုတ်တုတ် ထိုင်လိုက်ပါက ပျောက်သွားသည်အထိ စိမ်းစိုနေ ခဲ့ပေသည်။ ကြောက်ရမှန်း၊ လန့် ရမှန်းမသိ။ ကိစ္စပြီးသော်လည်း မပြန်ကြသေး။ ဆက်ပြီး ကစား နေခဲ့ကြသေးသည်။ ရွာသားများ အတွက် အိမ်သာတစ်ဖြစ်လဲ ရိုး လေးသည် မီးဖိုချောင်အတွက် လောင်စာထင်းအဖြစ် ဖြည့်ဆည်း ပေးခဲ့သော်လည်း ယခုမူ အစအန မျှသာ ကျန်ပေတော့သည်။

ထို့နောက် မူလတန်းပြ ဆရာမအဖြစ် လက်တက်ကြီးရွာ သို့ အလုပ်ဝင်ရသောအခါ အိမ် သာပြဿနာကို ပုံစံတစ်မျိုး ပြောင်း၍ ရင်ဆိုင်ခဲ့ရသည်။ ရွာ တွင် ကျွန်မ နေရသောအိမ်မှာ အိမ်သာမရှိပါ။ အိမ်သားများ မည်သို့ စခန်းသွားကြသည်မသိ။ ကျွန်မကတော့ နှစ်အိမ်ကျော်မှ အိမ်သာသို့ရောက်အောင် သွား တက်ခဲ့ရသည်။ ထိုအိမ်၏ နွား တင်းကုပ်နှင့် ဆက်နေသော မြေပေါ် ရိုးရိုးအိမ်သာလေးသို့ သွားတက်ခဲ့ရသည်ကို ယနေ့တိုင် မမေ့နိုင်ပါ။

နောင်တစ်ချိန် အထက်တန်း ပြဘဝဖြင့် ဇလုပ်ကြီးရွာသို့ ရောက်ချိန်တွင်မူ ဆရာမလေးဦး စုကာ လယ်သမားအဘတစ်ဦး၏ အိမ်တွင် နေခဲ့ကြရပါသည်။ စေ တနာကောင်းသော ထိုအဘသည် သက်ငယ်ပျစ်များကာ၍ ဆီးသွား ခန်းလေး သီးသန့်လုပ်ပေးသည်။ တွင်းခပ်တိမ်တိမ်ဖြင့် လုံခြုံသော အိမ်သာလေး ဆောက်ပေးသည်။ ရက်သတ္တနှစ်ပတ်တစ်ခါလောက် ကျွန်မတို့ အိမ်ပြန်ချိန်တွင် အပြင် ဆွဲထုတ်၍ မီးရှို့ပစ်ရာ တောအိမ် သာလေးပင် ဖြစ်လင့်ကစား သန့် ရှင်းမှုရှိပုံကို အမြဲသတိရနေခဲ့ပါ သည်။

ထိုအချိန်များနောက်ပိုင်းမှ ကျွန်မတို့ မြို့နယ်သည် စီမံကိန်း ဝင်ဟုဆိုကာ ယူနီဆက်မှပေး သော ပလတ်စတစ်ပိုက်၊ အိမ် သာခွက်တို့ရကာ ရေလောင်းအိမ် သာများအဆင့်သို့ ပြောင်းလဲခဲ့ကြ သည်။ ကျင်းကိုတော့ မြေကြီးတူး၊ ရိုင်ပတ်ကာ အပေါ်မှ ထရံ၊ ဝါး ကပ် စသည်တို့ဖြင့် ဖုံးအုပ်ထားခဲ့ ကြသေးသည်။ တစ်ဆင့်တော့ မြင့်တက်လာခဲ့သော်လည်း သန့် ရှင်းစွာ အသုံးပြုရေး၊ အိမ်သာအ ဆင်းတွင် လက်ကို သေချာစွာ ဆေးကြောရေးတို့တွင်မူ အား နည်းနေဆဲ အနေအထားပါ။

အိမ်တစ်အိမ်၏ အနောက် ဘက်တွင် တည်ရှိတတ်သော် လည်း အရေးပါမှု ရှေ့တန်း ရောက်နေသည်မှာ အိမ်သာများ ပင် ဖြစ်ပါသည်။ ကျန်းမာရေးအ တွက် အရေးကြီးသည့် သူတို့အ ကြောင်းကို ကျွန်မတို့နိုင်ငံတွင် ရေးဖွဲ့တင်ပြမှု သိပ်မတွေ့ရပါ။ ကြူမွှေး၏ ဟာသဝတ္ထုတစ်ပုဒ် တွင် အိမ်သာလုတက်ကြခြင်းကို ဖတ်ဖူးသည်။ နွမ်ဂျာသိုင်းဝတ္ထုများတွင် သူဌေးသမီးက ပွဲရုံပိုင်ရှင်၏ သားဖြစ်သူ သူမချစ်သူ အိမ်သို့လိုက်သွားရာ တွင်းအိမ်သာကြီး ကိုကြည့်၍ လန့်သွားပုံ၊ တက္က သိုလ်ကျောင်းက အိမ်သာခန်းထဲ တွင် မြားဖြင့် ရယ်စရာများ ညွှန် ပြထားပုံတို့ကို ဖတ်ဖူးပါသည်။

ရုပ်ရှင်ဇာတ်လမ်းများတွင် ဝမ်းနုတ်ဆေးစားမိ၍ အိမ်သာလု တက်ရသော အခန်းများကိုသာ ဟာသပြကွက်အဖြစ် ရိုက်ကူး ထားသည်ကို ကြည့်ဖူးပါသည်။ အနောက်တိုင်းရုပ်ရှင်များတွင် ဗိုလ်ထိုင်အိမ်သာ ကမုတ်ခွက်ထဲ သို့ ခေါင်းနှစ်၍ လူသတ်သောအ ခန်း၊ ကိုရီးယားရုပ်ရှင်များတွင် ကမုတ်ခွက်၌ ခေါင်းစိုက်၍ ပျို့ အန်သော အခန်းတို့ကိုကြည့်ရရာ သူတို့အိမ်သာများ၏ သန့်ရှင်းမှု ကို အံ့ဩမိပါ၏။

အိန္ဒိယနိုင်ငံမှ ဘောလိဝုဒ် ကား Toilet သည် ကမ္ဘာကျော် သည်အထိ ပေါက်သွားခဲ့သည်။ အာရာဒါးနား (ဘော်ဘီ) Slum-dog Millionaire ကဲ့သို့ နာမည် ကျော်ရုပ်ရှင်များကို ရိုက်ကူးနိုင်ခဲ့ သော အိန္ဒိယဒါရိုက်တာများသည် Toilet, Pad Man ကဲ့သို့ ရသနှင့် ပညာပေး ပေါင်းစပ်ရုပ်ရှင်များကို လည်း သတ္တိရှိရှိ ရိုက်ကူးခဲ့ကြသေး သည်။ ကမ္ဘာအနှံ့ ရောက်ရှိစေခဲ့ သည်။

‘ကိုယ်ကိုယ်တိုင် အရင် ပြောင်းလဲရမယ်’ဆိုသော မဟတ္တမဂန္ဒီ၏စကား၊ ‘အစိုးရက အိမ်သာ လုပ်ပေးရုံနဲ့ မရဘူး။ အပြင်မှာ မစင်မစွန့်ရဘူးဆိုတဲ့ ဥပဒေထုတ် ရမယ်’ဆိုသော စကားများကြောင့် နာမည်ကြီးသွားခဲ့သည့် ရုပ်ရှင်ပါ။ ထိုအထဲမှာ တောရွာကြီးများက အိမ်ရှင်မများ မနက် မိုးမလင်းမီ ရေခွက်ကိုယ်စီ၊ မီးအိမ်ကိုယ်စီ ဖြင့် တောထဲတွင် အခင်းကြီးသွား ကြပုံ၊ ထွန်စက်မီးထိုးလိုက်သော အခါ ဆဲကြပြီး ဆာရီလေးများနှင့် ခေါင်းကိုခြုံလိုက်ကြပုံများသည် ရယ်လည်းရယ်ရ၊ ငယ်ဘဝကို လည်း ပြန်လည်အောက်မေ့စေပါ သည်။

အက်ရှေးကူးမားနှင့် ဘူမီပန် ဒက်ကာတို့အိမ်တွင် အိမ်သာမရှိ ၍ အိမ်သာရှိသော ကြီးတော်အိမ် သို့ လူမမာမေးသွားရင်း ကိစ္စဝင် ရှင်းရပုံ၊ နောက်ဆုံး ရွာမှာ ခုနစ် မိနစ်သာရပ်သော ရထားပေါ်က အိမ်သာမှာ ဖြေရှင်းရပုံ၊ တစ်နေ့ ရထားပေါ်ပါသွားပြီး ပြဿနာဖြစ် ကြပုံများကို ရိုက်ပြထားသည်မှာ ရယ်စရာနောက်မှ မောစရာများ ကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်ပေသည်။

နောက်ဆုံး ထိုပြဿနာ သည် စာစောင်ထဲတွင်ပါ၊ သက် ဆိုင်ရာဌာနများထံရောက်၊ ချ ထားပေးသည့် ဘတ်ဂျက်များကို ပြန်စစ်၊ စီမံကိန်းများ ကျလာ သဖြင့် ဖြေရှင်းပြပုံတို့ကို ကျွန်မ တို့နိုင်ငံမှ အနုပညာသည်များ အတုယူရမည်ဖြစ်သည်။ မည်သူ မျှ မစဉ်းစားမိသော အမျိုးသမီး လစဉ်သုံး ပစ္စည်းကိစ္စကို ဇာတ် လမ်းဆင် ရိုက်ပြခဲ့ပုံမျိုးပင်။ အ သေးအဖွဲ့ကိစ္စဟု ထင်ရသော် လည်း တစ်နိုင်ငံအတွက် သတိ ပေးရိုက်ပြသည်မှာ ချီးမွမ်းဖွယ် ဖြစ်ပေသည်။

ကျွန်မတို့နိုင်ငံသည်လည်း ယခုနောက်ပိုင်း စားသောက်ဆိုင် များရှိ အိမ်သာများ သန့်ရှင်းရေး ဂရုပြုလာကြသည်ကို ဝမ်းမြောက် ဖွယ် တွေ့လာရသည်။ ခရီးသွား သူများအဖို့မူ သန့်စင်ခန်းသည် အခကြေးငွေပေးရသည်ဖြစ်စေ၊ အခမဲ့ဖြစ်စေ သန့်ရှင်းသန့်ရပ်နေ လျှင် ကျေနပ်အားရမိသည်သာ။ ထို့အပြင် အပြိုင်အဆိုင်ဖွင့်လာ ကြသော လောင်စာဆီဆိုင်ကြီး များသည် ကျယ်ဝန်းသန့်ရှင်းသော အိမ်သာခန်းများပါ တွဲလျက် ဆောက်လုပ်လာကြရာ ခရီးသွား တို့အတွက် စိတ်ချမ်းသာမှုများစွာ ဖြစ်စေပါသည်။

အိန္ဒိယဝန်ကြီးချုပ် နာရန် ဒရာမိုဒီသည် ဒုတိယအကြိမ် ဝန် ကြီးချုပ်သက်တမ်း တာဝန်ထမ်း ဆောင်ရန် ထပ်မံရွေးချယ်ခံရခြင်း မှာလည်း ပြည်သူများအတွက် အိမ်သာအလုံးရေ တစ်သန်း ဆောက်လုပ်ပေးခဲ့ခြင်းမှာ မှတ် သားဖွယ်ရာပါ။

၂၀၁၈ ခုနှစ်အထိ တစ်ကမ္ဘာ လုံးတွင် လူသန်းပေါင်း ၂,၄၀၀ မှာ စနစ်ကျနသော အိမ်သာများ အသုံးမပြုနိုင်သေးဟု သိရရာ ကျွန်မတို့နိုင်ငံတွင်ကော လုံသုံး လုံနှင့် ပြည့်စုံသည့် အိမ်သာများ အားလုံး သုံးနိုင်ပါမည်လား တွေး မိပါ၏။ အချို့နေရာများ မြွေရေခွံ အိတ်၊ ထရံစုတ် စသည်တို့ကာ ထားသော ယင်မလုံအိမ်သာများ ကို ယခုအထိ တွေ့မြင်နေရပါ သေးသည်။ စင်ကာပူနိုင်ငံမှ အိမ် သာများကဲ့သို့ ကိစ္စပြီး၍ လူက မတ်တတ်ရပ်လိုက်ရင် အလိုလို ရေဆွဲချသွားသောအဆင့်အထိ မရောက်လျှင်နေပါစေ၊ သန့်ရှင်း လုံခြုံစွာ သုံးစွဲနိုင်လျှင် တော်ပါ ပြီ။

တစ်ခါက ဆောင်းပါးတစ် ပုဒ်တွင် စစ်တက္ကသိုလ်သို့ လာ စစ်သော လူကြီးများသည် အိမ် သာခန်းများကို ဦးစွာဂရုပြုစစ် ဆေးသည်ဟု ဖတ်လိုက်ရာ ကျန် နေရာများတွင်လည်း ထိုကဲ့သို့ စစ်ဆေးသင့်သည်ဟု ထင်မိပါ သည်။ ပညာပေးကိစ္စများကို လည်း ယခုထက် ပိုမိုကျယ်ပြန့် စွာ လုပ်ဆောင်သင့်ပါသည်။

ဤမီးပွားသည် သေးငယ် သည် ထင်ရသော်လည်း ကျန်းမာ ရေးအတွက် ကြီးမားသည့် ပြဿ နာ မီးတောက်ကို ဖြစ်ပေါ်စေနိုင် သည်။ ထို့ကြောင့် Toilet ရုပ်ရှင် ကားကို ကွန်ဆာဗေးတစ်များ ကြည့်သင့်သည်ဟု ဆရာနေသစ် နီက ဆိုထားသော်လည်း ကျွန်မ အထင် အောက်ခြေလူတန်းစားမှ အုပ်ချုပ်သူ အရာရှိမင်းများအထိ အားလုံးကြည့်သင့်သည် ထင်ပါ သည်။

Pad Man ရုပ်ရှင်ထဲတွင် မင်းသား အက်ရှေးကူးမားကပင် သရုပ်ဆောင်ထားရင်း ‘မိန်းမ သန်စွမ်းမှ တိုင်းပြည်သန်စွမ်း မယ်’ဟု ပြောခဲ့သည်။ ကျွန်မက တော့ ‘လူသားအားလုံး သန့်ရှင်း သော အိမ်သာများကို သုံးစွဲနိုင်ပါ မှ တစ်ကမ္ဘာလုံး ကျန်းမာသန်စွမ်း မယ်’ဟုသာ ပြောလိုပါသည်။

No comments:

Post a Comment