Wednesday, June 26, 2019

ရေချိုးခန်းအတွင်းဝင်ရောက်ချိန်တွင် မီးစက်အား ဖွင့်၍ တံခါးပိတ်ထားရာမှ အောက်ဆီဂျင်ပြတ်လပ်၍ အမျိုးသမီးတစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးပြည်သူ့ဆေးရုံ၊ ပြင်ပလူနာဌာနသို့ ဇွန်လ ၂၄ ရက်နေ့ ည ၁၀ နာရီအချိန်တွင် အမျိုးသမီးအလောင်းတစ်လောင်းရောက်ရှိနေကြောင်း သတင်းအရ အမှတ် (၆) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်မျာက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မကွေးတိုင်းဒေသကြီး၊ အိုင်မကျဉ်းကျေးရွာနေ မဥမ္မာမိုး (၁၉) နှစ် ဖြစ်ကြောင်း သိရှိရသည်။



ဖြစ်စဉ်မှာ သေဆုံးသူ မဥမ္မာမိုးသည် ဇွန်လ ၂၄ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ် အချိန်တွင် ၈၄လမ်း၊ ၂၉×၃၀ လမ်းကြား၊ လူသုံးကုန်ဆိုင်အတွင်းရှိ ရေချိုးခန်းနှင့် အိမ်သာတွဲလျက် အခန်းအတွင်း ရေချိုးရန် ဝင်ရောက်သွားခဲ့ရာမှ ပြန်မထွက်လာသဖြင့် ဆိုင်တွင် ၎င်းနှင့်အတူလုပ်ကိုင်သူ မသီသီဝင်းမှ သွားရောက်ကြည့်ရှုရာ တံခါးမှာပိတ်နေပြီး အတွင်းမှပြန်လည်ဖြေသံမကြား ရသဖြင့် အနီးပတ်ဝန်းကျင်အား အကူညီတောင်းခံကာ တံခါးအား ဖျက်ဆီး၍ ဝင်ရောက် ကြည့်ရှုခဲ့ရာ မဥမ္မာမိုးသည် ရေချိုးခန်းအိမ်သာအတွင်းရှိ အုတ်ကန်ပေါ်တွင် ပြင်ပဒဏ်ရာ တစ်စုံ တစ်ရာမရှိဘဲ သတိလစ်လဲကျနေသည်ကို တွေ့ရှိရ၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ ကြောင်းနှင့် ၎င်းရေချိုးခန်းအတွင်း ဝင်ရောက်ချိန်တွင် မီးပျက်နေ၍ ရေချိုးခန်းအတွင်းရှိ မီးစက်အား မောင်းနှင်ထားပြီး တံခါးပိတ်ထားသဖြင့် အောက်ဆီဂျင်ပြတ်လပ်ကာ သေဆုံးခြင်း ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အမှတ်(၆)နယ်မြေရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၉) ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment