Wednesday, June 26, 2019

Medicine Box

ဆေးဝါးအကူအညီ လိုအပ်နေသူတွေ အခမဲ့ရယူနိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး Medicine Box (ဆေးပုံး) တခုကို ပဲခူးမြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ စတင်ပြုလုပ်ထားရှိပါတယ်။ အခုတလော မန္တလေးနဲ့ ရန်ကုန်အပါအ၀င် မြို့တချို့မှာ Food Box တွေ ပြုလုပ်ပြီး အစားအသောက်တွေ လိုအပ်နေသူတွေအတွက် လှူဒါန်းနေကြသလို ပဲခူးမြို့မှာတော့ Medicine Box တခုကို ပဲခူး ပြည်သူ့ ဆေးရုံကြီးမှာ ဇွန်လ ၂၄ ရက်က စတင် ပြုလုပ်လိုက်တာပါ။
ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က “ဒီ Medicine Box ကို ၂၄ ရက်နေ့ကမှ စပြီး လုပ်တာပါ။ အခုဆိုရင် လှူဒါန်းလိုသူတွေ များလာသလို ပြည်သူတွေကိုလည်း အများကြီး အထောက်အကူပြုနိုင်မှာဖြစ်လို့ ဒီအစီအစဉ်ကို ရေရှည်လုပ်ကိုင်သွားဖို့ ရှိတယ်”လို့  ပြောပါတယ်။
အခုလာဆေးဝါးတွေလာလှူတဲ့အထဲမှာ တချို့အိမ်တွေက သက်တမ်းမကုန်သေးတဲ့ မသုံးတော့တဲ့ ဆေးတွေကို လာလှူတာတွေ ရှိသလို တချို့ကလည်း တကယ်လို အပ်နေတဲ့ ဆေးတွေကို ဝယ်ပြီးလာလှူတာရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment