Wednesday, June 26, 2019

မွေးစားကလေးသူငယ်နိုင်ငံသားဖြစ်ခွင့် ၁၉၈၂ နိုင်ငံသားဥပဒေဖြင့်သာ သတ်မှတ်မည်ဖြစ်၍ စိုးရိမ်ရန်မလိုဟု ဝန်ကြီးပြော

ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည့် ကလေးသူငယ်အခွင့်အရေးဥပဒေ တွင် ကလေးမွေးစားခွင့်ဆိုင်ရာ ပြင်ဆင်ချက်အပေါ် စိုးရိမ်ပူပန် ခြင်းမပြုရန်နှင့် မွေးစားကလေး များ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့်သာ ဆောင်ရွက်ရမည်ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက မီဒီယာများအား ပြောကြားသည်။ ‘‘ဥပဒေနဲ့အညီဆိုရင်တော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်ရမှာ ဖြစ်တယ်။ နိုင်ငံသားဖြစ်မှု၊ မဖြစ် မှုဆိုရင် နိုင်ငံသားဥပဒေနဲ့ပဲ ချိန် ထိုးပြီးတော့မှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။



ဇွန်လ ၂၅ ရက်က နေပြည် တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ် သည့် ၂၀၁၉ ကြားဖြတ်သန်းခေါင် စာရင်းကောက်ယူရေးဆိုင်ရာ အ ခမ်းအနားအပြီးတွင် ယင်းနှင့် စပ် လျဉ်း၍ မီဒီယာများက မေးမြန်းစဉ် ပြည်ထောင်စုဝန်ကြီးက အထက် ပါအတိုင်း ဖြေကြားခြင်းဖြစ် သည်။

ဥပဒေသည် မိမိနိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အ ရေးအပြည့်အဝရရှိစေရန် ရည် ရွယ်၍ နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ ပြင်ဆင်ရေးဆွဲခဲ့ ခြင်းသာဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ထိုသို့ ဥပဒေပြင်ဆင်ချက် နှင့် ပတ်သက်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အချို့က ထုတ်ပြန်ချက်များ၊ ဆန္ဒ ပြမှုများ၊ ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်နေပြီး နိုင်ငံတော်အတွက် ဆိုးရွားသော အန္တရာယ်များ ကျ ရောက်လာတော့မည်ဟူ၍ ပါဝင် သည့် ယူဆချက်များကို ဝန်ကြီး ဦးသိန်းဆွေက ငြင်းဆိုသည်။

‘‘ဒါ ဥပဒေနဲ့အညီ ဆောင် ရွက်တယ်ဆိုရင်တော့ ဒါတိုင်း ပြည်အန္တရာယ်ရှိတယ်လို့ ပြောလို့ မရပါဘူး။ ဒါဟာ နိုင်ငံတကာမှာ လည်း ဆောင်ရွက်နေတယ်။ အခု လည်း ဆောင်ရွက်နေတယ်။ နောက် ကိစ္စတစ်ခုချင်းအလိုက် သက်ဆိုင်ရာ ဥပဒေများနဲ့အညီ စေ့စေ့စပ်စပ်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါ ဘူးလို့ ပြောချင်ပါတယ်’’ဟု ဝန် ကြီးက ပြောသည်။

ဇွန်လ ၇ ရက်တွင် ပြည် ထောင်စု လွှတ်တော်၌ အတည်ပြု ထားသည့် ကလေးသူငယ်အခွင့် အရေး ဥပဒေပါ အခန်း (၈)တွင် ကလေးသူငယ်ကို မွေးစားခြင်းဟု ခေါင်းစဉ်တပ်ထားပြီး ယင်းအ ပေါ် အမျိုး၊ ဘာသာ၊ သာသနာမှ သည် နိုင်ငံ့အချုပ်အခြာအာဏာ အထိ သက်ရောက်မှုရှိနိုင်ကြောင်း ယူဆသူများ၊ ယူဆ၍ မကျေမနပ် ဖြစ်နေသူများ၊ မကျေမနပ်ဖြစ် စေရန် လှုံ့ဆော်နေခြင်းဖြစ်သည်။ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတို့၏ မွေးစား ခံရသော နိုင်ငံခြားသားတစ်ဦး သည် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူအဖြစ်ကို မရရှိစေရဟု ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၇၃ တွင် ဖော်ပြထားသည်။

No comments:

Post a Comment