Wednesday, June 26, 2019

မြစ်ဆုံစီမံကိန်း စိုးရိမ်စရာ မရှိကြောင်း တရုတ်ကုမ္ပဏီမှ ပညာရှင်များ ပြည်နယ်လွှတ်တော်တွင် လာရောက်ပြောဆို

မြစ်ဆုံစီမံကိန်း ရပ်တန့်နိုင်ရန် ကြိုးပမ်းနေချိန်တွင် ကချင်ပြည်နယ် လွှတ်တော်ထဲအထိ တရုတ်ကုမ္ပဏီမှ ပညာရှင်လေးဦးမှ မြစ်ဆုံစီမံ ကိန်းသည် ငလျင်ဒဏ် စိုးရိမ်စရာမရှိကြောင်း လာရောက် ပြောဆို ခွင့်ရခဲ့ခြင်းကြောင့် စီမံကိန်း ပြန်စရန် စိုးရိမ်မှုများဖြစ်ပေါ်နေ ကြောင်း ၊ မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်၏ ထုတ်ပြန်ချက်အရသိရသည်။ ဇွန် ၇ရက်က ကချင်ပြည်နယ် လွှတ်တော် သို့ တရုတ်ကုမ္ပဏီမှပညာရှင်လေးဦးမှ Dam & Safety ခေါင်း စဉ်ဖြင့် ငလျင်ဒဏ်စိုးရိမ်စရာမရှိ ကြောင်း ဟောပြောခွင့်ရခဲ့သည့်အ ပေါ် ယင်းကဲ့သို့ စိုးရိမ်နေကြခြင်း ဖြစ်ကြောင်းသိရသည်။



''ကျွန်တော်တို့ကွန်ရက်က မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်း ပေးဖို့လုပ်ဆောင်နေတာ။ ဒီလိုကြိုး စားနေတဲ့အချိန်မှာဗျာ။ ကျွန်တော် တို့နိုင်ငံရဲ့လွှတ်တော်မှာ သွားပြီး တော့ မြစ်ဆုံစီမံကိန်းက ဘာမှမဖြစ်ပါဘူးပြောတယ်ဆိုတာက မဟုတ် တော့ဘူးဗျ။ ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ပညာရှင်တွေအကုန်လုံးက မြစ်ဆုံစီမံကိန်းကို မလုပ်သင့်ဘူးလို့ပြောတယ်။ ငလျင်ဒဏ်တွေရှိမယ်။ သဘာဝပတ်ဝန်းကျင်တွေ ပျက်မယ်။ လူမှုဝန်းကျင်တွေ ပျက်မယ်ဆိုတာ တွေကိုဆန့်ကျင်ပြီးတော့ ဘာမှမဖြစ်ဘူးဆိုတာကြီးက ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်တယ်လို့ ကျွန်တော်တို့ခံယူတယ်ဗျ။ ဒါ မျိုးကမလုပ်အပ်ဘူး။ ဒါမျိုးလုပ်တာကလည်း ကျွန်တော်တို့တိုင်းသူပြည် သားတွေရဲ့ဆန္ဒတွေကို မျက်ကွယ် ပြုတယ်လို့ခံစားရတယ်။ ဒါကြောင့်လည်း ထုတ်ပြန်ကြေညာချက်ထုတ် ရတာပါ''ဟု မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန် ရက်မှ ဦးဇော်ရမ်းက ဒီမိုကရေစီတူ ဒေးသို့ ဇွန်၂၄ရက်က ပြောသည်။

ယင်းကဲ့သို့ ကချင်ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးခဲ့ခြင်းရှိ သော်လည်း လွှတ်တော်ထဲတွင်လာ ပြောသွားခြင်းသဘောသာရှိပြီး လွှတ် တော်မှ မှတ်တမ်းတင်သည့်အဆင့်တွင်ပင်မရှိကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မြစ်ကြီးနားခရိုင်မှ အတွင်းရေးမှူးထံမှ သိရသည်။ ''ဟုတ်ပါတယ် လာဆွေးနွေးသွားတာတော့ဟုတ်ပါတယ်။ NLD အစိုးရရဲ့လုပ်တဲ့လုပ်ရပ်ကို ကြည့် တဲ့ပုံစံမျိုးနဲ့ လွှတ်တော်ထဲအထိ သူတို့ ထိုးဖောက်လာတဲ့ သဘောမျိုးခံစား ရပါတယ်။ ပြည်သူလူထုကတော့စိုး ရိမ်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကောင်း ကျိုးထက်ဆိုးကျိုး များနိုင်ခြေရှိတဲ့ အတွက် လူထုကတော့စိုးရိမ်မှာပဲ။ လွှတ်တော်ကို သူတို့လာပြောသွား တဲ့သဘောပဲရှိပါတယ်။ လွှတ်တော် က ဆုံးဖြတ်ချက်ချတာတွေ ဘာတွေ လည်းမရှိဘူး။ မှတ်တမ်းတောင် မတင်သေးပါဘူးလို့ သိရပါတယ်'' ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြစ်ကြီးနားခရိုင်မှ အတွင်းရေးမှူး ဦးခေါဘာမ့်က ပြောသည်။

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရသည်မှာ ရှစ်နှစ်တာရှိ ပြီဖြစ်ကြောင်းနှင့် စီမံကိန်းနှင့်ပတ်သက်၍ ပြေလည်အောင်ဆောင်ရွက် နိုင်ရန် မြန်မာအစိုးရနှင့်ညှိနှိုင်းဆွေး နွေးဆောင်ရွက်နေကြောင်း၊ ယင်းကိစ္စကိုဖြေရှင်းနိုင်ရန် ဧရာဝတီနှင့် အထက်ပိုင်းဒေသများ ရေအားလျှပ် စစ်စီမံကိန်းနှင့် မြစ်ဆုံရေအားလျှပ် စစ်စီမံကိန်းနှင့်ပတ်သက်သော စူး စမ်းလေ့လာရေးအဖွဲ့ ကော်မတီမှ အစီရင်ခံစာကို စောင့်ဆိုင်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

No comments:

Post a Comment